Friday, January 30, 2026

စစ်ကောင်စီ

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ လစာ မရရှိကြသေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ အစိုးရဝန်ထမ်းများ လစာမရရှိသေးကြောင်း စုံစမ်းသိရှိရသည်။ အစိုးရဝန်းထမ်းဖြစ်သည် ပညာရေးဝန်ထမ်းများသည် နိုဝင်ဘာလအတွက် လုပ်အားခ လစာ မရရှိသေးကြောင်း သိရသည်။ “ပညာရေးဝန်ထမ်းကတော့ သေချာတယ်။ သူတို့တွေ လစာမရကြသေးဘူး။ နိုဝင်ဘာလက လုပ်အားခ လစာ မရကြသေးတာတဲ့။ အဲလိုပြောကြတယ်။ တခြားဝန်ထမ်းတွေလည်း မရလောက်သေးဘူး။” ဟု ဖယ်ခုံမြို့...

နမ့်စန်အခြေစိုက်လေတပ် ရဟတ်ယာဉ် အသုံးပြုပြီး ထောက်ပို့လုပ်ဆောင်နေ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ ရဟတ်ယာဉ် အသုံးပြုပြီး ထောက်ပို့လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းသိရသည်။ “ဒီနေ့မှာ ပုဇဉ်း (ရဟတ်ယာဥ်)တွေက ပုံမှန်ထက် တက်လိုက်ဆင်းလိုက် လုပ်နေတော့ လူလာချသလား၊ လူသယ် သွားသလား တစ်ခုခုပဲ၊ ရိက္ခာပို့တာလည်း ဖြစ်နိုင်တယ်လေ၊ ထောက်ပို့လုပ်ငန်းတွေ လုပ်နေတယ်လို့ မြင်တယ်”...

ကွတ်ခိုင်မြို့နယ် အတွင်း တစ်နာရီနီးပါးကြာတဲ့ တိုက်ပွဲဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းတွင် ယနေ့ (ဒီဇင်ဘာ ၈)ရက် မနက် ၂ နာရီ ဝန်းကျင်တွင် တစ်နာရီ နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ “ဒီနေ့ပေါ့ မိုးမလင်းသေးတဲ့အချိန် ကျနော်တို့ရွာ ( နမ့်ပါချီးကျေးရွာ)နား ပစ်ခတ်သံတွေကြားရတယ်၊ စစကြားတုန်းက သေနတ်သံတွေပဲ၊ နောက်တော့ လက်နက်ကြီး...

မိုဘိုင်းဒေတာ စျေးနှုန်း ၂ ဆ တိုးမြှင့်ကောက်

မြန်မာနိုင်ငံတွင် မိုဘိုင်းဒေတာ အင်တာနက်ဈေးနှုန်း ယခင်ထက် ၂ ဆ ဈေးကြီးခြင်းသည် စစ်ကောင်စီမှ အင်တာနက်လိုင်းပေါ် သတင်းရှာဖတ်ရာတွင် ခက်ခဲအောင် ပြုလုပ်နေသည်ဟု သျှမ်းပြည်လူထုများက ပြောဆိုလိုက်သည်။ ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှ စပြီး အင်တာနက် မိုဘိုင်းဒေတာများသည် ယခင်ထက် ဈေးပိုကြီးလာပြီး ပြည်သူများတချို့ အင်တာနက်ပေါ်တွင်...

စွန့်ပစ်ခံနေရတဲ့ သူရဲကောင်းများ

“ ဒီလို အမွေပြတ်စွန်လွှတ် လိုက်ရတာတော့ စိတ်မကောင်းပါဘူး။ ကျမလုံခြုံရေး အတွက်လည်းရှိသေးတယ်။ သူကို ဒီအလုပ်မလုပ်ဖို့ ပြောလည်းမရဘူးလေ။ ဒါ့ကြောင့် စွန့်လွှတ်လိုက်တာပါ” လို့ အသက် (၆၀) ကျော်ရှိ မိခင်တစ်ဦး ဖြစ်သူက ရင်ဖွင့်ပြောဆိုလာပါတယ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း သမီးရဲ့ နိုင်ငံရေးလုပ်ရှုားမှု...

အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် သမ္မတ ဦးဝင်းမြင့် ထောင်ဒဏ် ၄ နှစ်စီချ

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တို့ကို စစ်ကောင်စီက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ထောင်ဒဏ် ၄ နှစ် အမိန့်ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီမှ စွဲဆိုထားသည့် အမှုများအနက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေ...

ပင်လုံမြို့ မီတာခမဆောင်သည့် နေအိမ် မီးဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် မီတာခ မဆောင်သော အိမ်များကို စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက နေအိမ်ထိ မီးလာဖြတ်ကြောင်း စုံစမ်းသိရှိရသည်။ နေအိမ်အထိ လျှပ်စစ်မီးဖြတ်တောက်လိုက်သည့်အပြင် ကျန်ရှိနေသည့် မီတာခ အားလုံးကို တချိန်တည်း လာပေးသွင်းခိုင်းကြောင်း ပင်လုံမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “မနေ့က နေ့လည် မီးပျက်တော့ သတိမထားမိဘူး။...

ညောင်ရွှေ ဟဲယာရွာမ မီတာခ မဆောင်လို့ မီးဖြတ်ခံရ၊ သူခိုးများသောင်းကျန်း

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင် မီးဖြတ်ခံရပြီးနောက် ကျေးရွာအတွင်း သူခိုးများ သောင်းကျန်းနေကြောင်း ဒေသခံများက ပြောသည်။ “မီတာခ မဆောင်လို့ မီးဖြတ်တာပေါ့ဗျာ၊ မီးဖြတ်လိုက်တော့ တစ်ရွာလုံးက မှောင်မှောင်မဲမဲတွေ ဖြစ်ကုန်တာပေါ့၊ ဒါကို အခွင့်ကောင်းယူပြီး သူခိုးတွေက သောင်းကျန်းနေတာဗျာ၊ အခုနောက်ပိုင်း ရွာမှာ ပစ္စည်းပျောက်တာတွေက ညတိုင်း...

ဟိုပုံးမြို့ CDM ကျောင်းပညာရေးဝန်ထမ်းနေရာ နယ်ဝေးမှ လာရောက်အစားထိုး

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ တွင် CDM လုပ်ဆောင်ထားသည့် ကျောင်းပညာရေးဝန်ထမ်း နေရာများကို နယ်ဝေးမှ အစားထိုး ဝင်ရောက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိမှာ ဟိုပုံးမြို့ရှိ အ.မ.က (၆)နှင့် မူလွန်ကျောင်းမှ CDM ကျောင်းပညာရေးဝန်ထမ်းနေရာကို အစားထိုးဝင်လာလျက်ရှိကြောင်း ဟိုပုံးမြို့ CDM ဆရာမတစ်ဦးက သျှမ်းသံတော်ဆင့်ကို‌ ပြောသည်။ “သူတို့ အဝေးကနေလာကြတာဖြစ်တယ်။...

သိန္နီ PDF များ ဖမ်းဆီးခံရဟုဆို

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် သန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( သိန္နီ PDF ) အဖွဲ့သားတချို့တို့သည် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီး မည်သည့်နေရာသို့ ခေါ်ဆောင်ထားခြင်းကို မသိရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လက်ရှိမှာ ကျနော်တို့ ရဲဘော် ၂ ဦးက ဖမ်းဆီးခေါ်ဆောင်ထားခြင်းခံနေရပါတယ်၊ ဘယ်နေရာကို ဖမ်းခေါ်ထားလဲ...

Latest news