ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်များနှင့် တော်လှန်ရေးတပ်ဖွဲ့အတွက် ဆေးဝါး ပစ္စည်းလိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အပါအဝင် အနီးတဝိုက်ရှိ စစ်ရှောင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဆေးကုသပေးနေသည့် ကျန်းမာရေးအဖွဲ့သည် ဆေးဝါးဆိုင်ရာပစ္စည်းများလိုအပ်နေကြောင်း သတင်းသိရသည်။

စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသမှုများနှင့် စားနပ်ရိက္ခာထောက်ပံ့မှုများ ပြုလုပ်နေသော အဖွဲ့များ လက်ရှိတွင် အရေးပေါ်သုံး ဆေးဝါးများနှင့် ထောက်ပံ့မှုများ လိုအပ်နေကြောင်း အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့အဖွဲ့ဝင်တချို့က ကျန်းမာရေးဌာနက CDM လုပ်ထားတဲ့သူတွေပါ၊ တချို့ကလည်း ပြင်ပဌာနကဖြစ်တယ်၊ အခု ဖယ်ခုံမြို့နယ်အတွင်းက စစ်ရှောင်စခန်း တော်တော်များများမှာ ဖျားနေကြတယ်၊ ကလေးရော လူကြီးရော တစ်နေ့ကို ပျှမ်းမျှ ၇၅ ယောက်နှုန်းနဲ့ကုပေးနေရတယ်၊ ဆေးဝါးတွေက လုံလောက်မှု မရှိဘူး” ဟု ဆေးကုသပေးနေသည့် အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် လက်ရှိမြေပြင်အခြေအနေအရ ဖယ်ခုံမြို့နယ်အတွင်းမှ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ကလည်း ချမ်းအေးသည့်ဆောင်းရာသီတွင် အဝတ်အထည်လုံလောက်မှုမရှိခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းများ ရှိနေကြောင်း သိရသည်။

“လက်ရှိ ကျနော်တို့မှာ ချောင်းဆိုးပျောက်ဆေးနဲ့ အဖျားပျောက်ဆေး လက်ကျန် လုံးဝပြတ်သွားလို့ တချို့က အရဲစွန့်ပြီး မြို့ပေါ်တက်ပြီး အလှူခံထွက်ကြတယ်၊ အဓိက အခက်ခဲကတော့ ကျနော်တို့ အားလုံးက မြေပြင်မှာဆိုတော့ လိုင်းအမြဲမရဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် CDM ပြုလုပ်သည့် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကျောင်းသားများ၊ ပြင်ပဌာနမှ ကျန်းမာရေးဆိုင်ရာဝန်ထမ်း စုပေါင်းပြုလုပ်ထားသည့်အဖွဲ့ဖြစ်ပြီး လက်ရှိ အခြေအနေများအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ဘေးရှောင်များ၏ ကျန်းမာရေးစောင့်ရှောင်မှုများအတွက် ဆေးဝါးထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။

“ လက်ရှိမှာတော့ ချောင်းဆိုး ပျောက်ဆေး၊ ဖျားနှာပျောက်ဆေးတွေ အဓိကလိုနေတယ်၊ ပြည်သူများ ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု စစ်ရှောင်များကို ဆေးကုသနေသည့် အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖယ်ခုံမြို့နယ် တွင် စစ််ရှောင်စခန်း(၆)နေရာရှိပြီး စစ်ဘေးရှောင် (၃၀၀၀)ကျော်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...