မိုင်းဆတ်မြို့ ကိုဗစ် – ၁၉ လူနာ တစ်ဦး သိန်း (၂၀)ကျပ် ပေးဆောင်ရ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ကိုဗစ် – ၁၉ ပိုးကူးစက်သူများ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ဆေးရုံတွင် ဆေးသွားကုသရာ တစ်ဦးကို သိန်း (၂၀)ကျပ် ပေးဆောင်ရကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မိုင်းဆတ်ပြည်သူ့ဆေးရုံတွင် သာမန် ကိုဗစ် – ၁၉ ကုသနည်းဖြင့်ကုသပေးရာတွင်လည်း တစ်ဦးကို သိန်း (၂၀) အထက် ပေးဆောင်ကြရကြောင်း မိုင်းဆက်ဒေသခံများထံမှ သိရသည်။

“သူတို့လည်း ဒီလိုဘဲ ဆေးကုပေးတာ။ ကိုဗစ် ဖြစ်တာ သွေးလည်းစစ်တယ်။ ဓာတ်မှန်လည်း ရိုက်တယ်။ သွေးစစ်ခတွေလည်း အရမ်းဈေးကြီးတယ်။ ဆေးရုံကနေဆင်းလာတော့ သိန်း (၂၀)ကျော်လောက် ကျနော်တို့ ဆေးဖိုးပေးလိုက်ရတယ်” ဟု မိုင်းဆတ်မြို့ ကိုဗစ် ၁၉ ဖြစ်ပြီး ဆေးရုံမှဆင်းလာသူတစ်ဦးက ပြောသည်။

အဆိုပါ လူနာများက ဆေးရုံဆင်းရသည့် အချိန်တွင် ငွေကြေးကို တခါထဲ ပေးဆောင်ရပြီး ဆေးဖိုး ငွေဖြတ်ပိုင်း လက်မှတ်တောင်းရာတွင်လည်း မရရှိကြောင်း သိရသည်။

ထို့အပြင် ဒေသခံတချို့က ကိုဗစ် – ၁၉ ကြောင့် သေဆုံးသွားပြီး ဆေးရုံ၌ ဆေးကုသစရိတ်အတွက် အကြွေးတင်ကျန်နေသူများလည်း ရှိကြောင်း သိရသည်။

“ဆေးရုံဆင်းပြီး ပြန်လာတဲ့သူတွေကို မေးကြည့်တော့ ဆေးရုံဆင်းရတဲ့နေ့မှာ ဆေးလာပေးပြီး ပိုက်ဆံ တခါထဲကောက်သွားတယ်တဲ့။ ငွေဖြတ်ပိုင်းလက်မှတ်လည်းမရဘူး။ ဆေးဖိုးယူပြီးသွားလိုက်တာ။ သူတို့က ကိုဗစ် ဆေးအကောင်းစား သုံးပြီး ကုပေးတာလို့ပြောတယ်။ တချို့ ကိုဗစ်ကြောင့်သေတဲ့သူဆို ဆေးရုံမှာ အကြွေးတင်နေကြသေးတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ငွေကြေး အဆမတန်တောင်းခံမှုကြောင့် ကိုဗစ် – ၁၉ ကူးစက်ခံရသည့် ဒေသခံ တချို့က ဆေးရုံတွင် ဆေးသွားမကုဘဲ နေအိမ်တွင် ကြိတ်ကုနေလျက်ရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့တွင် လက်ရှိ အချိန်ထိ ကိုဗစ် – ၁၉ ပိုးတွေ့လူနာ ကျဆင်းလာခြင်းမရှိသေးကြောင်း သိရသည်။

“မနေ့ကဘဲ စစ်တာ ၉ ယောက်လောက်တွေ့တယ်။ ကျနော်တို့မြို့မှာက ဆေးရုံသွားတက်ရင် ပိုက်ဆံအများကြီးပေးရ‌တော့ တချို့ ပြည်သူတွေက ကိုဗစ် ဖြစ်ရင် နေအိမ်မှာဘဲ ကြိတ်ကုလာတာမျိုးရှိတယ်။ ဆေးရုံမှာ မသွားကုကြတော့ဘူး။ အိမ်မှာ ဖြစ်သလိုကုကြတယ်” ဟု အထက်ပါဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကုသရာတွင် လက်ရှိ အာဏာသိမ်း အိမ်စောင့်အစိုးရမှ အခမဲ့ ထောက်ပံ့ ကုသပေးနေလျက်ရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့တွင် ဒီဇင်ဘာ ၁၅ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ (၁၆၀)ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...