မိုင်းရယ်မြို့ မီတာခ ကျသင့်ငွေထက် ပိုပေးဆောင်ရ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် မီတာခ ကျသင့်ငွေထက် ပိုပြီး ပေးဆောင်နေရသည့်အတွက် ပြည်သူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရသည်။

“အာဏာသိမ်းပြီးတဲ့နောက် ကျမတို့ မီတာခ သွားပြီးမဆောင်ဘူး၊ သူတို့လည်း မီတာ လာမဖတ်လို့လေ၊ အခု ဒီလ (ဒီဇင်ဘာလ)မှာကျတော့ မီတာလည်း မဖတ်ဘဲနဲ့ မီတာခ သွားဆောင်ဖို့ စာရွက်လာပေးတယ်၊ ဒဏ်ကြေးလည်း ပါတယ်၊ အားလုံးပေါင်းက သုံးသိန်းနီးနီးရှိတယ်” ဟု မိုင်းရယ်မြို့ အမှတ် ၃ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မိုင်းရယ်မြို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် မီတာခများကို ပုံမှန်ဖတ်ယူခြင်း မရှိသည့်အပြင် မီတာခတောင်းခံသည့် စာရွက် လာရောက်ပေးသည့် အခါလည်း ပုံမှန်ကျသင့်ငွေထက် များစွာပေးဆောင်ခိုင်းသည့်အတွက် ပြည်သူများ ဒုက္ခရောက်နေကြောင်း သိရသည်။

“ပုံမှန်ဆို ကျမတို့အိမ်က တစ်လကို မီတာခ ၅၀၀၀ ကျပ် ဝန်းကျင်ပဲပေးရတာ၊ သူတို့ဘက်ကရှိတဲ့တာဝန်အတိုင်း မီတာလာမဖတ်တာကို အခု မီတာစာရွက်လာပေးတော့ ဒဏ်ကြေးတစ်လ ၃၀၀၀ လည်း ဆောင်ခိုင်းတယ်၊ ပြီးတော့ မီတာခက ၂ သိန်း ၈ သောင်းကျော် ကျတယ်တဲ့၊ ဒါမဖြစ်နိုင်ဘူးလေ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ယင်းကဲ့သို့ တာဝန်ယူမှုအပိုင်း လစ်ဟင်းမှုရှိနေသည့် မိုင်းရယ်မြို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် မီတာခဆောင်ပြီးဖြစ်သည့် တချို့အိမ်များကိုလည်း မဆောင်ရသေးဟု ပြောကာ မီတာခ ထပ်မံတောင်းဆိုမှုများ ပြုလုပ်ကြောင်းလည်း သိရသည်။

“ကျနော်တို့အိမ်မှာ သူတို့ မီတာစာရွက်လာပေးတိုင်း ဆောင်တယ်၊ အဲ့တာကို ကျနော်တို့အိမ်က မီတာခမဆောင်ရ သေးဘူးဆိုပြီး မီတာစာရွက်ပြန်လာပေးတယ်၊ ကျနော်တို့ဆောင်ပြီးတဲ့ စာရွက်နဲ့ သူတို့ကိုပြပြီးပြောတာတောင် သူတို့ဝန်မခံဘူး၊ သူတို့ပြန်လာတောင်းတဲ့ တစ်လစာအတွက် ဒဏ်ကြေးနဲ့ဆို တစ်သိန်းနီးနီးရှိတယ်၊ ဒါက အိမ်သုံး ပဲနော်” ဟု မိုင်းရယ်မြို့မှ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဒေသခံ ပြည်သူများအနေဖြင့် နိုင်ငံရေးမငြိမ်မသက်မှုဒဏ်များအပြင် ကိုဗစ် – ၁၉ ရောဂါဒဏ်များကြောင့် ဝင်ငွေ ကျပ်တည်းနေချိန်တွင် မီတာခ များပြားစွာ ပေးဆောင်ရသည့်အတွက် ပိုမိုခက်ခဲကြောင်း သိရသည်။

“ရောဂါကပ်ဘေးတွေ ရင်ဆိုင်နေရတဲ့ပြည်သူတွေကို ကိုယ်ချင်းစာတရားလေးထားသင့်တာပေါ့၊ ကိုယ့်ရဲ့ အားနည်းချက်ဖြစ်ပြီး တာဝန်မကျေပွန်ဘဲနဲ့ ပြည်သူကို ဒဏ်ကြေးဆောင်ခိုင်းတာ မတရားဘူးလို့ ထင်မြင် သုံးသပ်ပါတယ်” ဟုလည်း မိုင်းရယ်မြို့မှ လျှပ်စစ်ဌာနဆိုင်ရာတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အငြိမ်းစား အမျိုးသားတစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ပြည်သူများသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်အနေဖြင့် အခွန် မဆောင်ခြင်းဖြင့် သပိတ်မှောက်ခဲ့ကြသော်လည်း စစ်ကောင်စီမှ မီတာပေါက်များကို ဖျက်စီးခြင်း၊ မီး ဖျက်ခြင်းကြောင့် ပြည်သူများ မီတာခ ပြန်လည်ဆောင်လာသူများလည်း ရှိခဲ့သည်။

စစ်တပ်မှ နိုင်ငံတော်အာဏာမသိမ်းယူခင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ကိုဗစ် ၁၉ ကာလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ပြည်သူများ စားဝတ်နေရေးအခက်အခဲကြောင့် မီတာခအပြင် အခြားသော အခွန်များကိုပါ ဖြေလျှော့ခွင့် ပေးထားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...