စစ်ကောင်စီ၏ ထုတ်ပြန်ချက် သိမ်းထားသည့် သျှမ်းလူငယ်တစ်ဦးကို စစ်ကောင်စီက ခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ ထုံးဖိုစစ်ဆေးရေးဂိတ်တွင် သျှမ်းလူငယ်တစ်ဦး၏ ဖုန်းထဲ၌ သိမ်းထားသည့် စစ်ကောင်စီ၏ ထုတ်ပြန်ချက် စာတစ်စောင်ကို စစ်ဆေးတွေ့ရှိပြီးနောက် စစ်ကြောရေး ပို့မည်ဟု စစ်သားများက ခြိမ်းခြောက်ပြောဆိုကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၅ ရက်) နေ့လည် ၁ နာရီကျော်အချိန်တွင် ဟဲဟိုးလေဆိပ်မှ တောင်ကြီးသို့ တက်လာသည့် သျှမ်းလူငယ်တစ်ယောက်သည် ထုံးဖိုစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားတို့၏ တားမြစ်စစ်ဆေးခြင်း ခံရပြီး လက်ကိုင်ဖုန်းထဲ သိမ်းထားသည့် ပြည်ထဲရေးထုတ်ပြန်ချက်တစ်စောင်ကြောင့် ၃ နာရီ ကျော်ကြာအောင် စစ်ဆေးခံရပြီး စစ်ကြောရေးပို့မည်ဟု ခြိမ်းခြောက် ပြောဆိုခံရကြောင်း သိရသည်။

“ဟဲဟိုးလေဆိပ်မှာလည်း စစ်ဆေးတာခံပြီးနောက် Taxi ငှားပြီး တောင်ကြီးကိုတက်လာတော့ ထုံးဖိုစစ်ဆေးရေး ဂိတ်မှာ ဖုန်းထဲသိမ်းထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်စာကိုတွေ့သွားတော့ ၃ နာရီ ကြာအောင်အစစ်ခံ ရတယ်၊ ဖုန်းထဲက applications တစ်ခုချင်းဆီဝင်ကြည့်တယ်၊ အိတ်ကိုလည်း အထဲအပြင် သွန်ချပြီး စစ်တယ်၊ နောက်ပြီး မေးတာအေးဆေးမဖြေရင် စစ်ကြောရေးပို့မှာလို့ ခြိမ်းခြောက်တယ်” ဟု အနီးရှိ ဖြစ်စဥ်များကို မြင်တွေ့ သည့် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သျှမ်းလူငယ်နှင့်အတူ ပါလာသည့် မြန်မာလူမျိုး နှစ်ယောက်ကိုလည်း စစ်ကြည့်ရာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပုံများ တွေ့ရှိသွားသော်လည်း ထူးထူးခြားခြား စစ်ဆေးခြင်းမရှိပဲ အပေါ်ယံသာကြည့်ပြီး ဖုန်း ပြန်ပေးကြောင်း ၎င်းက ပြောသည်။

“သူပါလာတဲ့ မြန်မာကောင်လေးနှစ်ယောက်ကို မင်းတို့ သဘောမကျလည်း ဒါမျိုးပုံတွေ ဖုန်းထဲမထားနဲ့ ပြောပြီး ဖျက်ခိုင်းတာလောက်ပဲလုပ်တာ၊ သူ့ကိုကျ မင်းတို့က ဒီနိုင်ငံသားလို့ ကိုယ့်ကိုကိုယ်ခံယူရဲလား ဆိုပြီး လူမျိုးရေး ဆန်တဲ့ မေးခွန်းတွေမေးတယ်၊ အဆိုးဆုံးကတော့ စစ်ကြောရေးပို့မယ် ပြောတာပဲ” ဟု အထက်ပါ လူငယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့သည် ၎င်း၏ မှတ်ပုံတင်ကို စစ်ဆေးပြီး သျှမ်းလူမျိုးဆိုရင် ပိုစစ်ရမည်ဟု ပြောဆိုပြီး ၎င်းတစ်ယောက်တည်းကို တူညီသော မေးခွန်းများနှင့် ရဲနှင့် စစ်သားတို့က အလှည့်ကျ မေးမြန်းစစ်ဆေးကြောင်း ၎င်းက ဆက်ပြောသည်။

“ဖုန်းရော မှတ်ပုံတင်ရော သိမ်းထားတာ၊ ဘာလူမျိုးလဲမေးပြီး သျှမ်းလို့ ဖြေတော့ သျှမ်းဆိုရင် ပိုပြီး စစ်ရမှာပေါ့ လို့ စစ်သားတစ်ယောက်က ပြောတယ်၊ သူ့ကို မေးခွန်း ၁ ခုအတွက် လူပြောင်းပြီး ထပ်ခါထပ်ခါ မေးတယ်၊ လိမ်နေလား မလိမ်ဘူးလားလည်း ပြော” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သားတို့၏ စစ်ဆေးမေးမြန်းခြင်းကို ခံနေရစဥ်တွင် ကျန်ရှိနေသည့် စစ်ကောင်စီတပ်သားတို့သည် လမ်းသွားလမ်းလာများနှင့် ကားသမားများကို ပိုက်ဆံတောင်းခြင်းများ၊ ရိုင်းစိုင်းစွာ ပြောဆိုခြင်းများလည်း ရှိနေ ကြောင်း သိရသည်။

လက်ရှိတွင် လူငယ်များအနေဖြင့် ခရီးသွားလာခြင်းအတွက် လုံခြုံမှုကင်းမဲ့သလို တိုင်းရင်းသားလူငယ်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှ ခွဲခြားဆက်ဆံမှုများရှိနေသည့်အတွက် တာဝန်ရှိသည့် သျှမ်းခေါင်းဆောင်များ တစ်ခုခုလုပ်ဆောင်သင့်ကြောင်းလည်း ၎င်းက ပြောဆိုထားသည်။

“သျှမ်းပြည်ထဲမှာ နေတဲ့ သျှမ်းလူငယ်က တခြားလူမျိုးထက် ပိုပြီး ခွဲခြားဆက်ဆံခံရတာ အသည်းနာဖို့ ကောင်း တယ်လေ၊ သျှမ်းကို ဂရုမစိုက်/အလေးမထားတာ ပေါ်လွင်တာပေါ့၊ ဒါကို သျှမ်းခေါင်းဆောင်များ သိသင့်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် လူငယ်လူရွယ်များ မတရားစွပ်စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခံရခြင်းများရှိနေသလို တိုင်းရင်းသားဒေသမှ လူငယ်များကိုလည်း အာဏာသိမ်း စစ်ကောင်စီ တပ်သားတို့မှ ခွဲခြားဆက်ဆံခြင်း ရိုင်းပြစွာပြုမူလုပ်ဆောင်ခြင်းများ တစ်နေ့ထက်တစ်နေ့ ဆိုးလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...