ပင်းတယမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးအသုံးစရိတ်ကို အလွှဲသုံးစားလုပ်နေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်သည် ရုံးအသုံးစရိတ် များကို အလွှဲသုံးစား အသုံးပြုနေသည့်အပြင် ဝန်ထမ်းများကိုလည်း ဖိနှိပ်ချုပ်ခြယ်ခြင်းများ ပြုလုပ်နေကြောင်း သတင်းသိရသည်။

ဦးကျော်မိုးလွင်သည် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှ ပင်းတယမြို့သို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ၎င်းရောက် ကတည်းက CDM ဝန်ထမ်းများ အတိုးမဲ့ချေးယူထားသည့်ငွေများကို ခြိမ်းခြောက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသည့် ပင်းတယထွေအုပ်ရုံးမှ ဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“CDM ဝန်ထမ်းတွေဆီက အတိုးမဲ့ချေးပေးထားတဲ့ငွေတွေကို လိုက်တောင်းခိုင်းပြီး ရလာတဲ့ ငွေတွေကို ရုံးအတွက် အသုံးစရိတ်ဆိုပြီးတော့ သိမ်းထားတယ်၊ အစိုးရဘတ်ဂျက်နဲ့ ချပေးသမျှ ကိုဗစ်ထောက်ပံ့ကြေးအားလုံး သူ့အတွက်ယူထားတာ၊ ဝန်ထမ်းတွေအတွက် Mask တို့ Hand Gel တို့တောင် ဝယ်မပေးဘူး” ဟု ပင်းတယ ထွေအုပ်ရုံးမှ ဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ပင်းတယ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများသည် ရုံးပိုင်းဆိုင်ရာလုပ်ငန်းများအပြင် ကျေးရွာများသို့ ကွင်းဆင်းပြီး ပြည်သူများ ကိုဗစ် – ၁၉ ကာကွယ်ဆေးထိုးနှံရန်အတွက် လိုက်လံဟောပြော စည်းရုံးရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

“ရွာဆင်းပြီးတော့ ကျေးရွာလူကြီးနဲ့အတူ ရွာသူ/သားတွေ ကိုဗစ်ဆေး ထိုးဖို့ လိုက်စည်းရုံးရတယ်၊ ပြီးတော့ တစ်နေ့မှာ ဆေးထိုးသူ ဘယ်လောက်ရှိလဲ ဆိုတာ ပြန်ပြီး အကြောင်းကြားရတယ်၊ မလိုအပ်တဲ့ အစည်းအဝေးတွေ ခနခနခေါ်တယ်” ဟု၎င်းက ပြောသည်။

မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်၏ အစည်းအဝေးခေါ်ဆိုမှုကြောင့် မြို့ပေါ်သို့ အစည်းအဝေး တက်ရောက်ရန်လာသည့် ကျုံးကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးသည် ဆိုင်ကယ်မှောက်ပြီး သေဆုံးသွားရကြောင်း သတင်းသိရသည်။

“ဒီဇင်ဘာလ ၁၄ ရက်မှာ ထွေအုပ်ရုံးက အစည်းအဝေးခေါ်လို့ လာရတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးက လမ်းမှာ ဆိုင်ကယ်မှောက်ပြီး သေဆုံးသွားရတယ်၊ အစည်းအဝေးခေါ်တဲ့ အကြောင်းရင်းက ရွာမှာ ကိုဗစ်ကာကွယ်ဆေး ထိုးတဲ့သူ နည်းတာ ဘာကြောင့်လဲဆိုတာ တင်ပြဖို့တဲ့” ဟု ပင်းတယဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို့ကြောင့် ဦးကျော်မိုးလွင်ကို သက်ဆိုင်ရာမှ ဖြေရှင်းပေးရန် ဒေသခံများက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် စံသီးကုန်း‌ကျေးရွာတွင် အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် (၁၃)ရက် ညတွင် စံသီးကုန်းကျေးရွာနေ အသက် (၄၀)ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဇော ဆိုသူကို အမည်မသိ အဖွဲ့တဖွဲ့က လာရောက်သတ်ဖြတ်သွာခဲ့ကြောင်း ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့် ကို...

ရပ်စောက်တွင် အုပ်ချုပ်ရေးမှူး လုပ်မည့်သူမရှိ မဲနှိုက်ရွေးချယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများ မရှိသောကြောင့် မဲနှိုက်ပြီး ရွေးချယ်နေရကြောင်း သတင်းရရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရပ်စောက်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုဘက်မှ စစ်တပ်သတင်းပေး ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခြင်း၊ စစ်တပ်ဘက်မှလည်း တော်လှန်ရေးအင်အားစုနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ကြသည်။ ထိုသို့ အပြန်အလှန် လူသတ်မှုများကြားမှ ကျေးရွာအုပ်ချုပ်ရေးမှူးများသည်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...