မိုင်းလားတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ (FPNCC) တွေ့ဆုံ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းလားမြို့မှာ ယနေ့ ဒီဇင်ဘာ (၁၅)ရက်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ (FPNCC)နှင့် စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုတွေ့ဆုံဆွေးနွေးမှုသည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ (၇)ဖွဲ့ထဲက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ တက်ရောက်မှုမရှိကြောင်း စုံစမ်းသိရှိရသည်။

“အစည်းဝေးရှိတယ်ဆိုတာကတော့ ကြားပါတယ်။ ဒါပေမယ့် ကျနော်တို့ KIO ကိုယ်စားလှယ်တော့ မတက်ပါဘူးခင်ဗျာ။ ဗဟိုကော်မတီက ဆုံးဖြတ်ချက်နဲ့ မတက်တာလား၊ မဖိတ်ကြားလို့လား မတက်သင့်လို့ မတက်တာလား အဲ့ဒါကတော့ ကျနော်လည်း ဖြေကြားလို့မရပါဘူး” ဟု KIA/KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ဆွေးနွေးပွဲသည် မည်သည့် အကြောင်းနှင့် ပတ်သက်ပြီး ဆွေးနွေးသည်ကို မသိရှိရကြောင်း (SSPP) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ဆက်ဆံရေးရုံးတာဝန်ခံသွားတယ်။ ဘာတွေ ဆွေးနွေးလဲတော့ အစည်းအဝေး အသေးစိတ်ကို မသိရဘူး။ ကျနော်တို့ဘက်ကတော့ ဘာမှ ထုတ်ပြန်စရာမရှိဘူး။ ဒီနေ့ ဆွေးနွေးမယ်လို့ပဲကြားရတယ်” ဟု ဗိုလ်မှူး စိုင်းဖုန်းဟန် က ပြောသည်။

TNLA တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ သတင်းနှင့်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော် ကလည်း အစည်းအဝေးနှင့် ပတ်သက်ပြီး မသိရှိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အစည်းဝေးရှိတယ် မရှိဘူးဆိုတာ မသိရသေးဘူး။ အထက်လူကြီးက ဘာမှ ပြောကြားလာတာမရှိသေးဘူး၊ မသိရသေးပါဘူး” ဟု မိုင်းအိုက်ကျော် က ပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ (FPNCC) သည် NCA လက်မှတ်မရေးထိုးသည့် အဖွဲ့ဖြစ်များဖြစ်ကြသော “ဝ” ပြည် သွေးစည်းညီညွတ်ရေး တိုးတက်ရေးပါတီ (UWSA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရခိုင်တပ်မတော် (AA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)နှင့် မိုင်းလားတပ်ဖွဲ့ (NDAA)တို့ ဖြစ်ကြကြောင်း သိရှိရသည်။

ယနေ့ ဒီဇင်ဘာ (၁၅)ရက်မှာ စစ်ကောင်စီသည် တစ်ဖက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (FPNCC)နှင့် တွေ့ဆုံဆွေးနွေးကြသော်လည်း KNU ထိန်းချုပ်ရာနယ်မြေ မြဝတီမြို့၏ တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...