Friday, January 30, 2026

စစ်ကောင်စီ

TNLA နှင့် စစ်ကောင်စီတို့ ဆွေးနွေးမှုတွင် အချက်(၃)ချက် ဆွေးနွေးခဲ့

တအာင်း(ပလောင်)ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် စစ်ကောင်စီတို့ကြား ဆွေးနွေးပွဲတွင် နှစ်ဖက်အပြန်အလှန်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးညှိနိူင်းရန်ခက်ခဲသောကြောင့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့ညနေပိုင်းတွင် တွေ့ဆုံပွဲ ရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။ ။ ဆွေးနွေးမှု မပြီးဆုံးမီ TNLAဘက်မှ ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေကို တအာင်းပြည်နယ်အဖြစ် အသိအမှတ်ပြုပေးရန်တောင်းဆိုခဲ့ပြီး အဆိုပါ တောင်းဆိုချက်ကို...

လုံခြုံရေးကုမ္ပဏီထောင်ပြီး လက်နက်ကိုင်ဆောင်ခွင့်ရမည့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

လူပုဂ္ဂိုလ်နှင့် ပစ္စည်းလုံခြုံရေးအတွက် တစ်ဦးချင်း လုံခြုံရေးကုမ္ပဏီ တည်ထောင်ပြီး လက်နက်ကိုင်ဆောင်ခွင့်ရမည့် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေကို စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) တွင် ပြဋ္ဌာန်းလိုက်သည်။ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုကို စစ်ကောင်စီ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အထောက်အကူပြုရန်၊ စစ်ကောင်စီ၏ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့်...

ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသည့် AAC ရုံးပိတ်သိမ်းရန် ထိုင်းအာဏာပိုင်များအမိန့်ပေး

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခက်ခဲများကို ကူညီဆောက်ရွက်ပေးနေသည့် AAC မဟာမိတ်အဖွဲ့၏ရုံးကို ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) မနက်ပိုင်းတွင် ထိုင်းအာဏာပိုင်းများက လာရောက်စစ်ဆေးပြီး ရုံးပိတ်သိမ်းရန် ပြောဆိုသွားကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ “လက်တွဲကူညီ AAC မဟာမိတ်” အဖွဲ့သည် ထိုင်းအစိုးရထံမှ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသဖြင့်...

တောင်ကြီး စစ်ကောင်စီက စစ်ရှောင်အတွက် ထောက်ပံ့သည့် ငွေကြေးကို အစိုးရဝန်ထမ်းဟောင်းများသာရ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီမှ စစ်ဘေးရှောင်များကို ထောက်ပံ့သည့် ငွေကို အစိုးရဝန်ထမ်းဟောင်းများသာ ရရှိကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် တောင်ကြီးမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စစ်ရှောင်များ၏ စာရင်းကို ကောက်ယူပြီး စစ်ဘက်ဆိုင်ရာ သက်ဆိုင်ရာ အကြီးအကဲများထံသို့ ပို့ပေးခဲ့ရသည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး...

ညောင်ရွှေမြို့နယ်ဒေသခံ (၅)ဉီးကို PNO မှ ရိုက်နှက်ဖမ်းဆီးပြီး ပြန်လွှတ်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့မှ ဒေသခံ(၅)ဉီးကို ရိုက်နှက်ဖမ်းဆီး စစ်ဆေးပြီး ပြန်လွှတ်ပေးလာကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် အင်းလေးဒေသအရှေ့ဘက်ခြမ်းရှိ ဘုရားတောင်ကျေးရွာတွင် ဒေသခံ(၅)ဉီးကို PNO တပ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီး စစ်ဆေးမေးမြန်းပြီး ပြန်လွတ်လာပေးကြောင်း ဖမ်းဆီးခံရသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲရွာဘက်မှာက စစ်ရေးတွေ...

တန့်ယန်း-မိုင်းရယ်လမ်းခွဲရှိ စစ်ကောင်စီ ခလရ-၆၇ တပ်က ကုန်စည်သယ်ယူခွင့်ပိတ်၊ ဒေသခံအခက်ကြုံ

သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း တန့်ယန်း-မိုင်းရယ်လမ်းခွဲရှိ စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင် ( ခလရ- ၆၇) မှ ကုန်စည်သယ်ယူခွင့် ပိတ်ပင်ထားခြင်းကြောင့် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တန့်ယန်း-မိုင်းရယ်လမ်းခွဲရှိ ဟိုယကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်အောက်ခံ ခလရ-(၆၇) မှ ကုန်စည်သယ်ယူခွင့်ကို (၈) လနီးပါးကြာ ပိတ်ပင်ထားခြင်းကြောင့် စားသောက်ကုန်များ...

ညောင်ရွှေ စစ်ကောင်စီဂိတ်တွင် စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်မပြု

သျှမ်းပြည် ညောင်ရွှေမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများကို လကြာမြင့်စွာ သယ်ဆောင်ခွင့် မပေးဘဲ ပိတ်ထားကြောင်း စုံစမ်းသိရှိရသည်။ ညောင်ရွှေမြို့နယ် မှော်ဘီကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလမှ စ၍ ယခု ဖေဖော်ဝါရီ လလယ်အထိ (၅) လကျော်ကြာ ဆန်၊...

စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စစ်ကောင်စီထံ TNLA ဘာတောင်းဆိုမှာလဲ။

လေယာဉ်ပျံသံ စကြားကြားချင်း စိတ်ထဲမှာ “ဘာမှမဖြစ်ပါစေနဲ့” လို့ ကြိတ်ဆုတောင်းနေပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဆုတောင်းမှု မပြီးခင်မှာပဲ “အုန်း”ဆိုတဲ့ အသံကျယ်ကြီးနဲ့အတူ ဖုန်အလိပ်လိုက် တက်လာပြီး လွတ်ရာတော့ ဝပ်လိုက်ပါတယ်။ သူကတော့ နောင်ချိုမြို့ပေါ်ရှိ ပါရမီ-(၂) လက်ဖက်ရည်ဆိုင်ရဲ့ မိသားစုဝင်တစ်ဉီး ဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ်ရှိ ကိုဂျာနူးပဲ ဖြစ်ပါတယ်။ “ကျနော်က...

စစ်ကောင်စီနှင့် TNLAဆွေးနွေးမှုမအောင်မြင်လျှင် လေကြောင်းတိုက်ခိုက်မှု ပိုဆိုးလာနိုင်

စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီ တို့ တရုတ်နိုင်ငံ ကူးမင်းမြို့တွင် နယ်မြေသတ်မှတ်မှုကို ထည့်သွင်းဆွေးနွေးသဖြင့် အဆိုပါ ဆွေးနွေးမှုများမအောင်မြင်လျှင် လေကြောင်းတိုက်ခိုက်မှု ပိုဆိုးလာမည်ကို ပြည်သူများကစိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်နေ့) ည (၈)နာရီ ဝန်းကျင်တွင်...

ကျားဖြန့်လုပ်ငန်းထဲ ရောက်ရှိနေသည့် စစ်ရှောင်လူငယ်များ မိဘနှင့် အဆက်အသွယ်ပြတ်

သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းထဲတွင် သွားရောက်လုပ်ကိုင်ကြပြီး၊ လက်ရှိတွင် ၎င်းလူငယ်များနှင့် အဆက်အသွယ် ပြတ်နေသဖြင့် မိဘများ စိုးရိမ်လာနေကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း တကြောရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္နီ စသည့် မြို့နယ်အများစုသည်...

Latest news