တစ်နိုင်ငံလုံး မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် သေဆုံးသူထဲ သျှမ်းပြည်မှ အများဆုံးဖြစ်

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းကြောင့် ထိခိုက်သေဆုံးသူများတွင် သျှမ်းပြည်မှ လေးပုံတစ်ပုံဖြင့် အများဆုံးဖြစ်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂၆ ရက်) တွင် မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှု အဆိုးရွားဆုံး ရင်ဆိုင်နေရပြီး ၂၀၂၃ တစ်နှစ်တည်းတွင် သေဆုံးသူနှင့် ဒဏ်ရာရသူပေါင်း (၁၀၀၃) ဦး ရှိခဲ့ခြင်းကြောင့် ဆီးရီးယား၊ အာဖဂန်နစ္စတန်နှင့် ယူကရိန်းနိုင်ငံတို့ကို ကျော်တက်ကာ ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်လာကြောင်း သိရသည်။

“အစီရင်ခံစာမှာ ဖော်ပြထားသလိုမျိုးပဲ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများစုဟာ အရပ်သားတွေ ဖြစ်ပါတယ်။ ဒုက္ခသည် အများစုဟာ တိုက်ပွဲရပ်သွားတာနဲ့ ကိုယ့်နေရပ်ကို အမြန်ဆုံးပြန်ချင်တာပါပဲ။ အဲ့လို ပြန်ကြတဲ့အခါမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် အန္တရာယ် မဖြစ်အောင်၊ ဖြစ်လာရင်လည်း ကောင်းကောင်းမွန်မွန် ဆေးကုသမှု ပေးတဲ့ အခြေအနေ မရှိသေးတာ တွေ့ရပါတယ်”ဟု မြေမြှုပ်မိုင်း အသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့ သုတေသီ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ် က ပြောသည်။

ယမန်နှစ် ၂၀၂၄ ဇန်နဝါရီမှ စက်တင်ဘာလအထိ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများမှ ဖြစ်ရပ်စုစုပေါင်း (၅၃၇) ကြိမ် ရှိခဲ့ပြီး သေဆုံးသူ (၁၃၀) ဦး၊ ဒဏ်ရာရ (၇၅၉) ဦးဖြင့် စုစုပေါင်း (၈၈၉) ထိခိုက်ခံစားခဲ့ရသည်။

၎င်းတို့အထဲတွင် ၂၅ ရာခိုင်နှုန်းမှာ သျှမ်းပြည်မှ ဖြစ်ပြီး ဖြစ်ရပ်စုစုပေါင်း (၁၄၀) ကြိမ် ရှိခဲ့ကာ အမျိုးသမီးနှင့် ကလေး အပါအဝင် သေဆုံးသူ (၂၂) ဦး၊ ဒဏ်ရာရသူ (၁၉၉) ဦး၊ ထိခိုက်ခံစားရသူ စုစုပေါင်း (၂၂၁) ဦးရှိကြောင်း UNICEF ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မိုင်းအသစ် အသုံးပြုမှုများ သိသိသာသာ တိုးများလာခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ကပစ ခေါ် နိုင်ငံပိုင် ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံများမှ လူသတ်မြေမြှုပ်မိုင်းများကို ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လူသတ်မိုင်းများကို ဖုန်းတာဝါတိုင်များ၊ သယံဇာတ ထုတ်ယူသည့်လုပ်ငန်းများနှင့် ဓာတ်ငွေ့ပိုက်လိုင်းများကဲ့သို့ အခြေခံ အဆောက်အအုံများအနီး မိုင်းအသုံးပြုမှု သိသိသာသာ တိုးလာကြောင်း ဆိုသည်။

ပုံစာ – ညီနောင်မဟာမိတ်တပ်များမှ စစ်ကောင်စီထံ သိမ်းဆည်းရမိသည့် စစ်လက်နက်ပစ္စည်းထဲ မြေမြှုပ်မိုင်းများကို တွေ့ရစဉ်

အလားတူ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များမှ စစ်ကောင်စီတပ်များထံ သိမ်းဆည်းရမိသည့် လူသတ်မိုင်းများသည် တစ်နိုင်ငံလုံးနီးပါး ဖြစ်နေပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြောင်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။

မြန်မာနိုင်ငံသည် စစ်ကောင်စီနှင့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဖြစ်ပွားသော စစ်ရေးပဋိပက္ခများကြောင့် မိုင်းအမြောက်အများ ပျံ့နှံ့တည်ရှိနေသော နိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာတွင် “မြေမြှုပ်မိုင်းများဖြင့် ပွစိတက်‌ ပြည့်နှက်နေသော” တိုင်းပြည်ဟု ခေါ်ဝေါ်ထားသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားပြီးနောက် မြေမြှုပ်မိုင်း ရှင်းလင်းမှုကို ညီနောင်မဟာမိတ်တပ်များမှ တာဝန်ယူဖြေရှင်းမှု အားနည်းသေးကြောင်း ပြည်သူများက ပြောဆိုနေကြသည်။

ထို့အပြင် အလုပ်အကိုင် ရှားပါးမှုကြောင့် စစ်ကောင်စီတပ်စခန်းဟောင်းအနီး မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ပစ္စည်းများကို ပြန်လည်ရောင်းချရန်အတွက် သွားရောက်ရှာဖွေရာမှ ပေါက်ကွဲခြင်း၊ ကလေးငယ်များမှ မြေမြှုပ်မိုင်းများကို မသိဘဲ ထိမိကိုင်မိရာမှ ပေါက်ကွဲခြင်းတို့ကြောင့် ထိခိုက်သေဆုံးမှုများ မကြာခဏ ဆိုးရွားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...