တောင်းခမ်းဒေသ (၃၅၄) အမြောက်တပ်ထဲ လက်နက်ကြီး ကျကွဲ စစ်ကောင်စီလက်နက်တိုက် မီးလောင်

သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ (၃၅၄) အမြောက်တပ်ရင်းထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကောင်စီ လက်နက်တိုက် မီးလောင်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) နံနက်ပိုင်းမှ စတင်ပြီး နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ စစ်ကောင်စီ အမြောက်တပ်ရင်းဌာနချုပ်ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ယနေ့ နေ့လယ်ပိုင်းတွင် (၃၅၄) အမြောက်တပ်ရင်းထဲသို့ TNLA မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် မီးခိုးလိပ်များ ထောင်တက်ကာ စစ်ကောင်စီ လက်နက်တိုက် မီးလောင်ပေါက်ကွဲခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

“မနက်အစောကြီး လက်နက်သံ စထွက်နေပြီ၊ တနေကုန် တိုက်ပွဲပြင်းတယ်။ နေ့လယ်ပိုင်းကျတော့ တောင်ရှည်ဘက်က (၃၅၄) တပ်ထဲ လက်နက်ကြီးကျလို့ မီးခိုးတွေ မှိုင်းလုံးကြီးလိုမျိုး အလိပ်လိုက် တက်လာတာ၊ လက်နက်တိုက်ပေါ် ကျလို့ အကြီးအကျယ် မီးလောင်တာဖြစ်မှာ။ တောင်းခမ်း ကျသွားရင်တော့ ကျောက်မဲ၊ သီပေါဘက် စစ်လေယာဉ် ပိုသတိထားရမယ်”ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ယမန်နေ့ (ဖေဖော်ဝါရီ ၂၄ ရက်) တွင် စစ်ကောင်စီတပ်မှ နောင်ချိုနှင့် ပြင်ဦးလွင်အကြား အုမ္မသီးလမ်းခွဲကျေးရွာကို လက်နက်ကြီး ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနေအိမ် ထပ်မံပျက်စီးခဲ့သည်။

ထို့အပြင် နောင်ချိုမြို့နယ် ဘန့်ဘွေးရွာ အခြေစိုက် စစ်ကောင်စီတပ်မှ နေ့ညမရွေး ဒရုန်းပျံသန်းကာ TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ လှုပ်ရှားမှုကို စုံစမ်းထောက်လှမ်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အခုတိုက်ပွဲက စစ်ကောင်စီဘက် ဒရုန်းတွေ တော်တော်လေး သုံးလာတယ်။ ဒီဘက်ကို လွှတ်တဲ့ ဒရုန်းတွေက ဘန့်ဘွေးက တက်လာတာလား ဒါမှမဟုတ် ပြင်ဦးလွင်ကလား သေချာမသိသေးဘူး။ ရှေ့ရက်က တောင်ရှည်မှာ အဆိပ်ငွေ့ လွှတ်ခံရတာ တော်လှန်ရေးဘက်က ၈ ယောက် ကျတယ်လို့ ကြားတယ်၊ ကျန်တာ မူးလို့ လမ်းမလျှောက်နိုင်ဖြစ်လို့ ဆေးရုံခေါ်သွားတယ်”ဟု နောင်ချိုမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖေဖော်ဝါရီ (၂၃) ရက် နေ့လယ်ပိုင်းတွင်လည်း နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ တောင်ရှည်ရွာနှင့် မန်မော်ရွာကြား စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်ခဲ့ခြင်းကြောင့် TNLA တပ်သား (၁၀) ဦး ထိခိုက်ဒဏ်ရာရပြီး (၄) ဦး ဒဏ်ရာပြင်းထန်ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ်အတွင်း TNLA နှင့် စစ်ကောင်စီတို့ ခြောက်လကျော်ကြာ တိုက်ပွဲပြင်းထန်နေသည့် တောင်းခမ်းဒေသတွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၂) တည်ရှိပြီး အမြောက်တပ် – ၂၀၆၊ ၃၅၄၊ ၄၀၆ တပ်ရင်းများ ဝန်းရံထားသည်။

ဖေဖော်ဝါရီ (၁၆) ရက်မှ (၁၇) ရက်အထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီနှင့် TNLA နှစ်ဘက်တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့ဘဲ စစ်ကောင်စီဘက်မှ TNLA ထိန်းချုပ်နယ်မြေ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ထဲ လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက်ပြင်းထန်လျက် ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...