စစ်ကောင်စီ
နမ့်ခမ်းမြို့ထဲ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ညအချိန်တွင် စစ်ကောင်စီများက လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်မှု များ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁၉)ရက် ည (၈)နာရီဝန်းကျင်တွင် စစ်ကောင်စီများက နမ့်ခမ်းမြို့တွင်း၌ လက်နက်ငယ်ဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။ “မနေ့ညတော့ ကြားလိုက်တယ်။ ၁၀ ချက်လောက်တော့ ရှိမယ်ထင်တယ်။ နောက်မှ...
ပင်းတယမြို့နယ် CDM ရဲနှင့် ဖခင်အပါအဝင် ပြည်သူ (၁၂)ဦး ဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ပန်စစ်ကျေးရွာတွင် CDM ရဲနှင့် ဖခင်အပါအဝင် သတင်းပေးနောက်ကျသူ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ပြည်သူ စုစုပေါင်း (၁၂)ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ “ရဲတပ်သားတစ်ယောက်က CDM လုပ်ပြီး ရွာထဲက သူ့အဖေဆီ လာရှောင်တိမ်းနေတာ ကြာနေပါပြီ၊ ဒါပေမဲ့ ရွာလူကြီးက သိတာနောက်ကျတော့ ရွာထဲမှာ...
ကွတ်ခိုင် လွိုင်ဆမ်ဆစ် တောင်ခြေအနီး ပစ်ခတ်မှုသံကြားရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် လွယ်ဆမ်ဆစ် တောင်ခြေအနီး ယနေ့ မနက် (၂)နာရီဝန်းကျင်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၂၀)ရက် မနက် (၂)နာရီဝန်းကျင်က လက်နက်ကြီး လက်နက်ငယ်ဖြင့် အချိန်အနည်းငယ်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း လွယ်ဆမ်စစ်အနီး နေထိုင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “၂ ဘက်...
တရုတ်နိုင်ငံတွင်းသို့ ပို့ဆောင်မည့် ကွမ်းလုံ ပဲသီးများ ယခုနှစ် အရှုံးပေါ်
SHAN -
ကိုဗစ်ဒဏ်၊ စစ်အာဏာသိမ်းမှုဒဏ်နှင့် တရုတ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားမှုကြောင့် သျှမ်းမြောက် ကွမ်းလုံမြို့မှ ပဲသီးသည်များ အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းမြောက် ကွမ်းလုံမြို့သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး ထိုဒေသမှ ပဲသီးစိုက်ပျိုးသူများသည် တရုတ်ပြည် စျေးကွက်တစ်ခုတည်းကိုသာ အားကိုးရသဖြင့် ယခုနှစ်မှာ နယ်စပ်ဂိတ်များ ပိတ်ထားမှုကြောင့် ပဲသီးစိုက်ပျိုးသူများ အရှုံးပေါ်သည့်အဆင့်ထိ ဖြစ်ပွားခဲ့ရကြောင်း သတင်းရရှိသည်။ “အကုန်ရှုံးတယ်။...
တာချီလိတ်မြို့ စစ်ကောင်စီမှ NLD ပါတီဝင်များကို ဗုံးပေါက်ကွဲမှုဖြင့် စွပ်စွဲ ဖမ်းဆီးနေ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတို့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဝင်များနှင့် အပြစ်မဲ့ပြည်သူများကို ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်ပြီး စွပ်စွဲ ဖမ်းဆီးနေကြောင်း သိရသည်။ တာချီလိတ်မြို့မှ မြို့မရဲစခန်းဝန်းအတွင်း ရဲလိုင်းခန်းအပါအဝင် ရက်သတ္တပတ်အတွင်း (၄)ကြိမ်မြောက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စကို NLD ပါတီဝင်များနှင့် လူငယ်များက ပြုလုပ်ခဲ့သည်ဟု...
စစ်ကောင်စီတပ်သားများ တောင်ကြီးရောက် စစ်ရှောင်များထံ PDF သတင်း လိုက်လံမေးမြန်းနေ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်း ရောက်ရှိလာသော ကရင်နီစစ်ဘေးရှောင်များထံ စစ်ကောင်စီတပ်သားများက PDF သတင်းများ လိုက်လံမေးမြန်းမှုရှိနေကြောင်း သတင်းသိရသည်။ တောင်ကြီးမြို့ရှိ မိုးကုတ်ဝိပဿနာကျောင်းနှင့် တခြားသော ဘာသာရေးကျောင်းများတွင် ခိုလှုံနေထိုင်နေသည့် ကရင်နီစစ်ရှောင်များထံသို့ အရပ်ဝတ်နှင့် စစ်ကောင်စီတပ်သားများရောက်လာပြီး PDF သတင်းများ စုံစမ်းမေးမြန်းမှုများ ရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်ရှောင်တွေရှိနေတဲ့ ဘုန်းကြီးကျောင်းတွေ၊...
တောင်ကြီးမြို့လယ် စစ်အာဏာရှင် “အလိုမရှိ” သီချင်းကြောင့် စစ်ကောင်စီများ လိုက်လံစစ်ဆေးနေ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီး မြို့လယ်ခေါင်တွင် ချိတ်ဆွဲထားသည့် လော်စပီကာ တစ်လုံးမှ စစ်အာဏာရှင် “အလိုမရှိ” သီချင်းသံကြောင့် စစ်ကောင်စီများက လာရောက်ဖွင့်သည့်သူကို လိုက်လံစစ်ဆေးနေကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီ ၁၉)ရက် နေ့လယ်ပိုင်း ၁ နာရီခွဲဝန်းကျင်တွင် တောင်ကြီး မြို့လယ်ခေါင် မြို့မစျေးနှင့် Asia Light သို့...
သီပေါမြို့နယ်ရှိ တရုတ်ရေနံနှင့် ဂတ်စ်ပိုက်လိုင်း စက်ရုံအနီး မိုင်းထောင်ထား
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ တရုတ်ရေနံနှင့် ဂတ်စ်ပိုက်လိုင်း ထိန်းချုပ်သည့်စက်ရုံအနီး မြေမြုပ်မိုင်းထောင်ထားကြောင်း စုံစမ်းသိရှိရသည်။ ထိုမြေမြုပ်မိုင်းကို ပြီးခဲ့သည့် (၂၀၂၁)ခုနှစ် ဒီဇင်ဘာလက စစ်ကောင်စီမှ လာရောက်ထောင်ထားပြီး စက်ရုံအနီး တွင်လည်း စစ်အင်အား (၂၀)ခန့် လုံခြုံရေး လာယူထားကြောင်း သိရသည်။ “မြေမြုပ်မိုင်းကို ပြန်လည်ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့တယ်။ သူတို့(စစ်ကောင်စီ) ဒီလို လာထောင်ထားတာ...
ပင်လောင်း နောင်တရားရောက် စစ်ရှောင်ကလေးငယ်များကို အခြေခံပညာသင်ပေး
သျှမ်းတောင် ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် ရောက်ရှိခိုလှုံနေသော ကရင်နီပြည်မှ စစ်ရှောင်လာသည့် ကလေးငယ်များအား အခြေခံပညာများကို သင်ကြားပေးနေကြောင်း သိရသည်။ နောင်တရားမြို့ စစ်ရှောင်စခန်း (၃)နေရာမှ အသက် (၁၅)နှစ်အောက် စစ်ဘေးရှောင်ကလေးငယ် ၃၀၀ ဝန်းကျင်အား အခြေခံပညာ သင်ကြားပေးတာဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အဓိကတော့ သူတို့လေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ အချိန်ကို...
မုံးကိုးမြို့ပေါ် စစ်ရှောင်(၁၀၀၀)ကျော် စားနပ်ရိက္ခာနှင့် အနွေးထည်များ အရေးပေါ်လိုအပ်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသည့် အာဏာသိမ်းစစ်ကောင်စီနှင့် ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲကြောင့် မုံးကိုးမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်ရောက်ရှိလာသော စစ်ရှောင်ဦးရေ ၁၀၀၀ ဝန်းကျင်သည် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း သတင်းသိရသည်။ “မုံးကိုးမြို့ပေါ်က စစ်ဘေးဒုက္ခသည် ဦးရေ ၁၀၀၀ ကျော်တို့က စားနပ်ရိက္ခာ အရေးတကြီး လိုအပ်နေပါတယ်၊ ဆောင်းတွင်းဆိုတော့ စောင်နဲ့...





