Tuesday, October 8, 2024

ကွတ်ခိုင်မြို့ လက်နက်ကြီးသံများကြားနေရ

Must read

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့အနီး ယနေ့ (ဇန်နဝါရီ ၂၈)ရက် နေ့လည်(၂)နာရီ တွင် လက်နက်ကြီး လက်နက်သံများ ကြားနေရကြောင်း စုံစမ်းသိရှိရသည်။

ကွတ်ခိုင်

ယနေ့ ဇန်နဝါရီ (၂၈) ရက် နေ့လည် (၂) နာရီကျော်ခန့်က ကွက်ခိုင်မြို့အနီး စစ်ကောင်စီတပ်၏ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများထံ မှ သိရှိရသည်။

“ခုချိန်ထိ လက်နက်ကြီး လက်နက်ငယ် အသံကြားနေရတယ်။ စစ်ကောင်စီ တပ်ရဲ့ အနောက်ဘက်မှာ ထင်တယ်။ ဘယ်အဖွဲ့တွေနဲ့လည်းတော့ မသိရဘူး” ကွက်ခိုင်ဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။

လက်ရှိ သတင်းရေးသားနေချိန်ထိ လက်နက်သံများကြားနေရပြီး ကွက်ခိုင်မြို့သည် စစ်ကောင်စီတပ်၊ ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကချင်တပ်မတော် (KIA) တို့ လှုပ်ရှားရာ နယ်မြေဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၂၀) ရက်တွင်လည်း စစ်ကောင်စီ နှင့် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article