မိုင်းယော်တိုက်နယ်အတွင်း စစ်ကောင်စီ တိုက်လေယာဥ်ဖြင့် ထိုးစစ်ဆင်

သျှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်အတွင်း ဖြစ်ပွားသည့် ကိုးကန့်တပ်မတော် (MNDAA) နှင့် တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီတပ်သည် မိုင်းယော်တိုက်နယ်ရှိ မဟာမိတ်တပ်ဖွဲ့ကို တိုက်လေယာဥ်ဖြင့် အကြမ်းဖက် ထိုးစစ်ဆင်နေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့ မိုင်းယော်တိုက်နယ်နှင့် မိုင်းဟက်ကြား လုံမွန်းကျေးရွာအုပ်စုအတွင်း သွားလာလှုပ်ရှားနေသည့် မဟာမိတ်တပ်ဖွဲ့တို့၏ စခန်းနေရာများကို စစ်ကောင်စီဘက်မှ တိုက်လေယာဥ်ဖြင့် ထိုးစစ်ဆင်နေကြောင်း မိုင်းယော်တိုက်နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မုံးကိုးဘက်က အထိနာပြီး ဆုတ်လာတဲ့ စစ်ကောင်စီတွေက လုံမွန်းကျေးရွာအနီးမှာ မဟာမိတ်တွေ ဝိုင်းထားခံရ တယ်၊ နောက်တော့ စစ်ကောင်စီက တိုက်လေယာဥ်နဲ့ လာတိုက်ကူပြီး သူတို့လူကို ခေါ်ထုတ်သွားတယ်” ဟု ၎င်းက ပြောသည်။

လုံမွန်းကျေးရွာအုပ်စုသည် မြောက်ပိုင်းမဟာမိတ်တို့၏ သွားလာလှုပ်ရှားရာနေရာဖြစ်ပြီး မုံးကိုးဘက်မှ ဆုတ်ခွာ လာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကို ဝိုင်းထားစဥ် တိုက်လေယာဥ်ဖြင့် တိုက်ခိုက်ခြင်းခံရပြီး နှစ်ဦးနှစ်ဖက် ထိခိုက်သေဆုံးမှုများလည်း ရှိကြောင်း သတင်းသိရသည်။

“ကျဆုံးမှု အရေအတွက်တော့ တိတိကျကျမသိရသေးဘူး၊ ဒါပေမဲ့ မြေပြင်မှာ ဝိုင်းထားခံရတဲ့ စစ်ကောင်စီ တပ်သားနဲ့ မဟာမိတ်တပ်သားတွေလည်း ထိခိုက်ကျဆုံးမှုရှိတယ်လို့ ကြားရတယ်၊ စစ်ကောင်စီတွေ တိုက်လေယာဥ်အားကိုးနဲ့ မဟာမိတ်နေရာတော်တော်များများကို လက်နက်ကြီးနဲ့ လေယာဥ်ဗုံးကြဲကြဲခဲ့တယ်” ဟု မိုင်းယော်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းယော်တိုက်နယ်အတွင်း ပျောက်ဆုံးနေသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူအရာရှိ ၁ ဦး၊ ဗိုလ် ၁ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦးတို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့မှ ယနေ့ထိ သတင်းအစအန မကြားရသေးကြောင်း သတင်းသိရသည်။

ယင်းအရာရှိ ၃ ဦး ပျောက်ဆုံးနေမှုကြောင့် လုံမွန်းကျေးရွာအုပ်စု အပြင် မိုင်းယော်တိုက်နယ်မှ တခြား သောနေရာများတွင် သွားလာလှုပ်ရှားနေသည့် မဟာမိတ်တပ်ဖွဲ့များလည်း တိုက်လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခံနေရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့(စကစ)အရာရှိတွေ ဒီနယ်ထဲမှာ ပျောက်နေတယ်ဆိုတဲ့ အငြိုး၊ မုံးကိုးဘက်က စစ်ရှုံးတဲ့ အငြိုးနဲ့ ဇန်နဝါရီလ ၂၈ ရက်ကတည်းက ဒီမိုင်းယော်ထဲကို ထိုးစစ်ဆင်နေတာ၊ ကိုးကန့်တပ်ဖွဲ့ သင်တန်းပေးတဲ့နေရာကို တိုက်လေယာဥ်နဲ့ ဗုံးကြဲလို့ သင်တန်းစခန်းက လူတွေ တော်တော်များများ ကျဆုံးရတယ်လို့လည်း ကြားရတယ်” ဟု မိုင်းယော်မြို့ မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ မိုင်းယော်တိုက်နယ်အတွင်းတွင် သွားလာလှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ကချင်တပ်မတော် (KIA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ တအာန်းအမျိုးသားတပ်မတော် (TNLA)၊ သျှမ်းတပ်မတော် (SSPP/SSA) နှင့် ရခိုင်တပ်မတော် AA တို့အပြင် စစ်ကောင်စီတပ်ဖွဲ့လည်း သွားလာလှုပ်ရှားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...