ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း ယနေ့ (ဇန်နဝါရီ ၆)ရက် မနက် ၆နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီ က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့တို့ တပ်စွဲနေရာချထားသည့် ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာ အနီး ကင်းပုန်းစခန်းနှင့် တပ်စခန်းတို့ကို ကရင်နီမှ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်မှု အပြီး စစ်ကောင်စီဘက်မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း PKPF မှ အဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ကျနော်တို့ ဒဏ်ရာရရဲဘော်တွေအတွက် အချိန်ပေးနေစဥ်မှာ စကစဘက်က လေယာဥ်စစ်ကူနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့ပါတယ်၊ ဒီကနေ့ တိုက်ပွဲမှာ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့အနေနဲ့ စကစ ၁၀ ကျော် ခြေမှုန်းနိုင်ခဲ့တယ်၊ ကျနော်တို့ ရဲဘော် ၄ ယောက် ဒဏ်ရာရခဲ့တယ်၊ ၂ယောက်တော့ စိုးရိမ်ရတယ်”ဟု ၎င်းက ပြောသည်။

ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်သား (၁၀)ဦးကျော်သေဆုံးခဲ့ပြီး၊ PKPFဘက်မှ (၄)ဦးဒဏ်ရာရရှိကာ ၂ဦးစိုးရိမ်ရကြောင်းသိရသည်။

ယနေ့ စစ်ကောင်စီတို့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဖယ်ခုံမြို့နယ်အတွင်း ကျန်ရှိနေသေး သည့် တချို့ကျေးရွာနေပြည်သူများက ပင်လောင်းဘက်သို့ ထွက်ပြေးတိမ်းရှောင် ရကြောင်း သိရသည်။

“ပြည်သူ (၁၀၀) နီးပါး ပင်လောင်းကိုထပ်တိုးလာပါတယ်၊ ကျနော်တို့လည်း ရောက်လာမဲ့ စစ်ရှောင် တွေ အသင့်လာနေထိုင်လို့ရနိုင်အောင် စီစဥ်ထားပြီးသားပါ၊ ဒါပေမဲ့ ဆောင်းတွင်းဖြစ်နေတာက တစ်မျိုးနဲ့ စားရေးသောက်ရေးတွေအတွက်တော့ ခက်ခဲမှုက ရှိပါတယ်” ဟု ပင်လောင်းမြို့မှ စစ်ဘေးရှောင် များကို ကူညီပေးနေသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းမှာလည်း ဖယ်ခုံမြို့နယ်အတွင်းတွင် ဒေသခံပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲ လေးရက်ကြာသည်အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် ရွာပေါင်း (၈)ရွာ က ဒေသခံ ၅၀၀၀ နီးပါး ရွာလုံးကျွတ် ထွက်ပြေးတိမ်းနေရဆဲ ဖြစ်သည်။

လက်ရှိတွင် ကရင်နီပြည်နယ်အတွင်းနှင့် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အတွင်းမှာ စစ်ကောင်စီတို့က လျှပ်စစ်မီးဖြတ်တောက်ခြင်း၊ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ခြင်းနှင့် တချို့သော နေရာများတွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်းကို လုပ်ဆောင်နေကြောင်း ဒေသခံများထံမှသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...