လွိုင်ကော်မြို့ တစ်ပတ်အတွင်း ကုန်စည်များမရနိုင်ပါက ရိက္ခာ ပြတ်တောက်နိုင်ချေရှိ

ကရင်နီပြည် လွိုင်ကော်မြို့တွင် တစ်ပတ်အတွင်း ကုန်စည်များမရနိုင်ပါက ရိက္ခာများ ပြတ်တောက်နိုင်ချေရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။

လက်ရှိ လွိုင်ကော်မြို့အတွင်းတွင် ပြည်သူတစ်ထောင်ဝန်းကျင် ကျန်ရှိနေပြီး ကုန်စည်များလည်း ပြတ်တောက်နေ သည့်အတွက် မြို့တွင်း ကျန်ရှိနေသေးသည့် ကုန်စည်ရိက္ခာများကလည်း တစ်ပတ်အတွင်းလောက်သာ ဖူလုံမှု ရှိနိုင်ကြောင်း လွိုင်ကော်မြို့တွင်း ကျန်ရှိနေသည့် အသက် ၅၀ ခန့်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆီဆိုင်ဘက်ကနေရော၊ ပင်လောင်းဘက်ကနေရော အဝင်အထွက်လမ်းတွေ စစ်ကောင်စီက အကုန်ပိတ်ထားတယ်၊ အဲ့ကြောင့် ကုန်စည်တွေလည်း မရောက်လာနိုင်ဘူး၊ မြို့ထဲက လက်ကျန်ကုန်စည်တွေလည်း တစ်ပတ်လောက်သာ ခံနိုင်တော့မယ်လို့ ခန့်မှန်းထားတယ်” ဟု ၎င်းက ပြောသည်။

နေ့စဥ် စားသောက်မှုများအတွက် တောင်ပေါ်ဒေသမှ လာရောက်ရောင်းချပေးသော ကုန်စိမ်းများနှင့် မြို့တွင်း ကျန် ရှိနေသေးသည့် ကုန်စည်ရိက္ခာများကိုသာ ချွေတာပြီး ဝေမျှသုံးစွဲနေရကြောင်းလည်း လွိုင်ကော်မြို့မှ ပရဟိတ လုပ်ဆောင်နေသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့ထဲက ကုန်စည်တွေအနေနဲ့လည်း မနက်ပိုင်းတစ်ချိန်ပဲ ရောင်းပေးတယ်၊ တစ်ယောက်ကို ဘယ်လောက်ဖိုး ရနိုင်မလဲ ဆိုတာမျိုးနဲ့၊ ဝေမျှပြီး ဝယ်ယူနေရတဲ့ သဘောပေါ့၊ ဒီကုန်တွေ ကုန်သွားရင် ဘယ်လို ဆက်လုပ်ရ မလဲဆိုတာတော့ စီစဥ်ထားတာ မရှိသေးဘူး” ဟု အဆိုပါ အမျိုးသားတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတို့ အကြမ်းဖက် ထိုးစစ်ဆင်နေမှုနှင့် ကုန်စည်ပို့ဆောင် စီးဆင်းမှုကိုလည်း တားမြစ် ဖြတ်တောက်နေသည့်အတွက် လွိုင်ကော်မြို့အတွင်းတွင် ကုန်စည်စီးဆင်းမှုလည်း ပြတ်တောက်နေသည့်အပြင် ဆေးဝါးဆိုင်ရာ ကုသပေးမှုများလည်း မရှိကြောင်း သတင်းသိရသည်။

“ကျနော်တို့ လွိုင်ကော်ဆေးရုံကြီးက ဆရာ/ဆရာမတွေလည်း တောင်ကြီးဘက်ကို ပြောင်းသွားကြသလို တခြား ဆေးခန်းတွေလည်း မဖွင့်တော့ဘူး၊ လွိုင်ကော်မှာ တစ်ခုခုဖြစ်လာပြီဆိုရင်တောင် ဘယ်နားမှာမှ ကုဖို့ မရှိဘူး” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတို့သည် လမ်းမကြီးတစ်လျှောက်နှင့် ပြည်သူများကို ဒိုင်းကာလုပ်ပြီး ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့ကို အကြမ်းဖက် ထိုးစစ်ဆင်နေသည့်အတွက် လွိုင်ကော်ြမို့တွင်းမှ ကျန်ရှိနေသေးသည့် ပြည်သူများ ထွက်လာခြင်း မပြုနိုင်သလို ကုန်စည်များ တင်ပို့မှုအတွက်လည်း လမ်းပိတ်ထားခြင်းခံရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...