တောင်ကြီးမြို့အထွက် PNO နှင့် စစ်ကောင်စီ ပူးပေါင်း ဖုန်းထဲ VPN စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အထွက် (၄)မိုင်တွင် စစ်ကောင်စီ နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO )တို့ ပူးပေါင်းပြီး လမ်းသွားလမ်းလာ ပြည်သူများ၏ ဖုန်းထဲတွင် VPN သုံးစွဲမှု ရှိ၊ မရှိကို စစ်ဆေးလျက်ရှိကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။

ယနေ့ ဇန်နဝါရီ ၂၆ ရက် နေ့လည် (၂)နာရီခွဲဝန်းကျင်ကစပြီး ခရီးသွားလာသူများ၏ ဖုန်းကို စစ်ဆေးကာ VPN သုံးစွဲမှု တွေ့ရှိပါက ဖုန်းကို သိမ်းထားပြီး လူကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“၄ မိုင်အထွက်နားမှာ စစ်နေတာ။ စစ်တာတွေ့ရင်တော့ ဖုန်းကို သိမ်းထားလိုက်တာ။ လူကို ဖမ်းနေတာတော့ မကြားမိဘူး။ စစ်ကောင်စီ နဲ့ PNO တပ်ဖွဲ့တို့က ပူးပေါင်းပြီး စစ်ဆေးနေတာ။ ဖုန်းထဲမှာ VPN တွေ သုံးလား မသုံးလားကို စစ်ဆေးနေတာ” ဟု မျက်မြင်တွေ့သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် တောင်ကြီးမြို့တွင်း ယခုရက်ပိုင်းတွင် နေရာကွက်ကြား စစ်ဆေးမှုများလည်း ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

“ပုံမှန်အတိုင်း လိုက်စစ်ဆေးနေတာ။ တနေ့တုန်းက ရေအေးကွင်းဘက်မှာ စစ်ဆေးနေတာ။ သူတို့က ပျောက်ကြား လိုက်စစ်ဆေးနေတာထင်တယ်။ ဟိုနေ့တုန်းကလည်း ကျနော်စစ်ဆေးတာခံလိုက်ရတယ်။ တင်ထားတဲ့ ပိုစ့်တွေ အကုန်ပြန် ဖျက်လိုက်ရတယ်” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက နိုင်ငံတော် အာဏာ တစ်နှစ်နီးပါး သိမ်းပြီးနောက် (VPN) အသုံးပြုလျှင် ဖမ်းဆီးမှုများ ပြုလုပ်နိုင်ရန် စစ်ကောင်စီဘက်က စတင်ပြင်ဆင်လာသည့်အတွက် ပြည်သူများက စိုးရိမ်မှုများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ ဆက်သွယ်ရေးဝန်ကြီး ဦးစိုးသိန်းက VPN အင်တာနက် အသုံးပြုသူများကို ထောင်ဒဏ်နှင့် ငွေဒဏ် ကျပ်သိန်း (၅၀)အထိ ချမှတ်နိုင်ရေးအတွက် ဥပဒေမူကြမ်းကို ထုတ်ပြန်ခဲ့သည်။

ဖေ့ဘုတ်(Facebook) အသုံးပြုလျှင် (VPN) ခံပြီး အသုံးပြုနေရသဖြင့် ထို အက်ပလီကေးရှင်းကို အသုံးမပြုရလျှင် တခြား social media သို့ ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်း ပြည်သူတချို့က ပြောဆိုကြသည်။

“ကျနော်တို့ အချက်လက်တွေ သူတို့ဆီရောက်သွားမှာကို စိုးရိမ်မှုတော့ ရှိတယ်။ mytel သုံးမယ့်အစား ကျနော်တို့တော့ တခြား ဝီချက်တို့ email တို့ အသုံးပြုသွားမယ်လို့ စီစဉ်ထားတယ်” လို့ လားရှိုး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီက နိုင်ငံတော် အာဏာသိမ်းပြီးနောက် ဖေ့ဘုတ်ကို (VPN) ခံပြီး သုံးနေရသဖြင့် ၎င်းကို အသုံးပြုလျှင် ထောင်ဒဏ် (၃)နှစ်ခန့် ချမှတ်နိုင်ကြောင်း စစ်ကောင်စီဘက်က ဥပဒေ ပြဋ္ဌာန်းရန် ပြင်ဆင်နေသည်ဟု စုံစမ်းသိရှိရသည်။

VPN (Virtual Private Network)ကို အသုံးပြုလျှင် ထောင်ဒဏ် (၃)နှစ် ငွေဒဏ် ကျပ်သိန်း (၅၀)အထိ ချမှတ်နိုင်သည့် မူကြမ်းဥပဒေ ထုတ်ရန် စစ်ကောင်စီဘက်က စတင်ပြင်ဆင်လာကြောင်း သိရှိရသည်။

စစ်ကောင်စီ အာဏာသိမ်းသည့် တနှစ်နီးပါးကာလအတွင်း စစ်ကောင်စီဘက်မှ အင်တာနက်ဖြတ်တောက်ထားသည့် ဒေသများလည်း ရှိနေပြီး နည်းပညာနှင့် ပတ်သက်ပြီး ဥပဒေ ပြဋ္ဌာန်း ကန့်သတ်မှုများ လုပ်ဆောင်ထားသည့်အပြင် မိုဘိုင်းလ်ဒေတာစျေးနှုန်းများ ဆင်းကဒ်အခွန်များပါ တိုးကောက်လာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...