အသံတိတ်သပိတ် ဈေးမပိတ်ရန် စစ်ကောင်စီ အရှိန်အဟုန် လုပ်ဆောင်နေ

သျှမ်းပြည်နယ်အတွင်းရှိ မြို့များတချို့တွင် လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဈေးမပိတ်ရန်အတွက် စစ်ကောင်စီများက အရှိန်အဟုန်ဖြင့် အတင်းအကြပ်လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

ဖေဖော်ဝါရီ ၁ ရက်သည် စစ်အာဏာသိမ်း တနှစ်ပြည့်ဖြစ်သည့်အတွက် “အသံတိတ် သပိတ်” လုပ်ဆောင်ရန် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် စစ်အာဏာကို လွန်ဆန်သည့် လုပ်ရက်ဖြစ်သည့်အတွက် ဖေဖော်ဝါရီ ၁ ရက်တွင် ဈေးဆိုင်များကို လာမဖွင့်ဘဲ ပိတ်ထားပါက ဆိုင်ခန်းများကို ချိတ်ပိတ်မည်ဖြစ်ပြီး ဆိုင်ခန်းအတွင်းရှိ ပစ္စည်းများနှင့် ဆိုင်ခန်းများကိုပါ သိမ်းယူသွားမည် ဖြစ်ကြောင်း စစ်ကောင်စီ အုပ်စုက လိုက်လံနှိုးဆော်နေသည်။

“လာမဖွင့်လို့မရဘူးတဲ့။ မဖွင့်ရင် ဆိုင်ခန်းကို ချိတ်ပိတ် ပိတ်ပစ်မယ်တဲ့။ အထဲမှာရှိတဲ့ ပစ္စည်းတွေကိုလည်း သိမ်းမယ်တဲ့။ နေ့တဝက်ပဲ ဖွင့်ရင်ကော ရလားလို့ မေးတာလဲ မရဘူးတဲ့။ တနေကုန်ဖွင့်ထားရမယ်တဲ့။ အခု လက်မှတ်လာထိုးခိုင်းနေတာ” ဟု ပင်လုံမြို့ ဒေသခံ ဈေးဆိုင်ခန်းပိုင်ရှင် အမျိုးသမီး တစ်ဦးက ပြောသည်။

သျှမ်းပြည်အတွင်းရှိ စျေးဆိုင်ခန်းများကို မပိတ်ရန်အတွက် စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာရေးနှင့် ရဲများက လက်မှတ်လာရောက်ထိုးခိုင်းကြောင်း သိရသည်။

ထို့ပြင် တချို့ ဒေသများတွင်လည်း ယမန်နေ့ (ဇန်နဝါရီ ၂၆) ညနေပိုင်း၌ ဈေးဆိုင်ခန်းများ မပိတ်ရန်အတွက် လော်ဖြင့် လိုက်လံ နှိုးဆော်နေကြောင်း သိရသည်။


“ဟုတ်တယ်။ သူတို့ လော်နဲ့လိုက်အော်နေတာ။ ၁ ရက်နေ့ကျရင် ဆိုင်မပိတ်ရဘူးလို့ လိုက်အော်တာ။ တရုတ်နှစ်သစ်ကူးနဲ့ တိုက်ဆိုင်လို့ပိတ်မယ်လို့ပြောလည်း ပိတ်လို့ မရဘူးလို့ပြောတယ်” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဆက်လက်ပြီး မိုင်းဆတ်မြို့ ဒေသခံ လူငယ်တစ်ဦးကလည်း “စည်ပင်တွေနဲ့ ရဲတွေ လက်မှတ်လိုက်ထိုးခိုင်းနေတာတော့ တွေ့တယ်။ ၁ ရက်နေ့ကျရင် ဈေးမပိတ်ဖို့ ဆိုင်ခန်းတွေ မပိတ်ဖို့ လက်မှတ်ထိုးခိုင်းနေတာ။ ဆိုင်ပိတ်ရင် ဖမ်းမယ်လို့တော့ ကြားတယ်” ဟု ပြောသည်။

လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် Silence Strike ကို မအောင်မြင်နိုင်ရန်အတွက် စစ်ကောင်စီ က နည်းမျိုးစုံဖြင့် လိုက်လံ ကန့်ကွက်နေလျက်ရှိကြောင်း သိရသည်။

ထိုသို့ Silence Strike ပြုလုပ်ပြီး စစ်ကောင်စီကို ဆန်ကျင်ဆန္ဒပြခြင်းသည် အထိရောက်ဆုံးသော ဆန့်ကျင်မှုဖြစ်ကြောင်း၊ Silence Strike ကို ပြုလုပ်သင့်ကြောင်း သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မှ အသက် ၃၅ နှစ်အရွယ် စိုင်းလှ က ပြောသည်။

“ဒီ Silence Strike ဆန့်ကျင်မှုက ပြီးခဲ့တုန်းကကြည့်ရင် ထိရောက်မှုရှိတယ်။ ဒါကြောင့် သူတို့ အခု အဲလိုမဖြစ်အောင် လိုက်ကန့်ကွက်နေတာ။ ကျနော်တို့မြို့မှာတော့ ဆိုင်ပိတ်ရမယ်လို့တော့ လိုက်အော်ပြောတာမရှိသေးဘူး။ လိုက်အော်ပြောလည်း ကျနော်တို့ ဆိုင်ပိတ်ထားမှာဘဲ” ဟု စိုင်းလှက ဆိုသည်။

စစ်အာဏာရှင် အစိုးရကို မလိုအပ်၊ မလိုချင်သည့်အတွက် Silence Strike အသံတိတ်သပိတ် ပြုလုပ် ဆန့်ကျင်ဆန္ဒပြသင့်ကြောင်း ပြည်သူများက ပြောသည်။

အသံတိတ် သပိတ်ပြုလုပ်မည်ဖြစ်သဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင် ဆိုင်ပိတ်မည်ဟု လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးတင်သည့် ဆိုင်ရှင်များကို စစ်ကောင်စီ အုပ်စုမှ စတင်ဖမ်းဆီးမှုပြုလုပ်နေသည့်အပြင် ဆိုင်များကိုလည်း သိမ်းဆည်းနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...