Saturday, April 27, 2024

အသံတိတ်သပိတ်

တောင်ကြီး အသံတိတ်သပိတ် ပြုလုပ်၊ တမြို့လုံးတိတ်ဆိတ်နေ

စစ်တပ်အာဏာသိမ်းခြင်း ၂ နှစ်ပြည့် ယနေ့ (ဖေဖော်ဝါရီ ၁) ရက်နေ့တွင် တောင်ကြီးမြို့ ဒေသခံပြည်သူများ အသံတိတ်သပိတ် ပါဝင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ လူစည်းကားသည့် တောင်ကြီးမြို့၏ အရှေ့မြို့ပတ်လမ်း၊ မိန်းလမ်း၊ စူဠာမုနိဘုရားနှင့် ပန်းခြံများထဲတွင် လူသွားလူမရှိသည့်အပြင် ဒေသခံပြည်သူများလည်း နေအိမ်အပြင်သို့ မထွက်ရာမှ တမြို့လုံးငြိမ်သက်နေ ကြောင်း တောင်ကြီးဒေသခံ...

တောင်ကြီးမြို့ ဆိုင်တချို့ ကြိုတင်ပိတ်ထားကြ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ (၁)ရက် မတိုင်ခင်ကတည်းက စျေးသည်များမှအပ သွားလာသည့် ပြည်သူများ အနည်းအကျဉ်းသာ ရှိတော့ကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ (၁)ရက်နေ့သည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းခြင်း (၁)နှစ်ပြည့်ပြီး တစ်နိုင်ငံလုံး အသံတိတ်သပိတ် ပြုလုပ်မည်ကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေ‌ကြောင်း စုံစမ်းသိရှိရသည်။ “တောင်ကြီးမြို့တွင်း အခြေနေက...

အသံတိတ်သပိတ် ဈေးမပိတ်ရန် စစ်ကောင်စီ အရှိန်အဟုန် လုပ်ဆောင်နေ

သျှမ်းပြည်နယ်အတွင်းရှိ မြို့များတချို့တွင် လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဈေးမပိတ်ရန်အတွက် စစ်ကောင်စီများက အရှိန်အဟုန်ဖြင့် အတင်းအကြပ်လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ ၁ ရက်သည် စစ်အာဏာသိမ်း တနှစ်ပြည့်ဖြစ်သည့်အတွက် “အသံတိတ် သပိတ်” လုပ်ဆောင်ရန် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် စစ်အာဏာကို လွန်ဆန်သည့် လုပ်ရက်ဖြစ်သည့်အတွက်...

မူဆယ် Silent Strike လုပ်သည့် စျေးဆိုင် ဆိုင်တစ်လ ပိတ်ခံရမည်ဟု စည်ပင်ခြိမ်းခြောက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ယနေ့ ဒီဇင်ဘာ (၁၀)ရက်တွင် ဈေးဆိုင်မဖွင့်သည့် ဈေးသည်များကို ဆိုင်တစ်လ အပိတ်ခံရမည်ဟု မြို့နယ်စည်ပင်က လိုက်လံခြိမ်းခြောက်နေကြောင်း စုံစမ်းသိရှိရသည်။ မူဆယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဈေးသည်များ ဈေးရောင်းချခြင်းမရှိပါက ဈေးဥပဒေအရ တစ်လ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း လိုက်လံ ဆော်သြ ခြိမ်းခြောက်နေကြောင်း မူဆယ်ဒေသခံက ပြောသည်။ “အကြောင်းတစ်စုံတစ်ရာ...

သျှမ်းပြည်ရဲ့ အသံတိတ်သပိတ် အခြေအနေ ဘယ်လိုရှိလဲ။

မြန်မာပြည်တဝှမ်း စစ်အာဏာရှင် ကို ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ် (Silence Strike) ကို ယနေ့ (မတ် ၂၄)ရက်မှာ သျှမ်းပြည်ရှိ မြို့တိုင်းနီးပါးပြုလုပ်ကြပါတယ်။ သျှမ်းပြည်ရဲ့ နယ်စပ်ဒေသတွေမှာ Silence Strike သပိတ်ပြုလုပ်ကြပေမယ့် အောင်မြင်မှု အပြည့်အဝမရ ကြကြောင့် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့၊ လင်းခေးမြို့၊ ပင်လုံမြို့၊...

Latest news