Wednesday, January 28, 2026

သျှမ်းပြည်ရဲ့ အသံတိတ်သပိတ် အခြေအနေ ဘယ်လိုရှိလဲ။

မြန်မာပြည်တဝှမ်း စစ်အာဏာရှင် ကို ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ် (Silence Strike) ကို ယနေ့ (မတ် ၂၄)ရက်မှာ သျှမ်းပြည်ရှိ မြို့တိုင်းနီးပါးပြုလုပ်ကြပါတယ်။

သျှမ်းပြည်ရဲ့ နယ်စပ်ဒေသတွေမှာ Silence Strike သပိတ်ပြုလုပ်ကြပေမယ့် အောင်မြင်မှု အပြည့်အဝမရ ကြကြောင့် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့၊ လင်းခေးမြို့၊ ပင်လုံမြို့၊ လွိုင်လင်မြို့၊ စသည့်မြို့ငယ်များတွင် အသံတိတ်သပိတ်များ မပြုလုပ်ကြကြောင်း သိရပါတယ်။

အသံတိတ် (Silence Strike) အနေနဲ့ ဈေးဆိုင်တွေ၊ စူပါးမာကတ်တွေ၊ စားသောက်ဆိုင်တွေ ပိတ်ထားပြီး ပြည်သူတွေအနေနဲ့ လမ်းပေါ်မထွက်ဘဲ တမြို့လုံးတိတ်ဆိတ်စွာနေခြင်းဖြင့် ဆန္ဒပြကြပါတယ်။

ထိုအသံတိတ်သပိတ်ပြုလုပ်ရခြင်းသည် အာဏာရှင်ကို ဆန်ကျင်ရာတွင် ကျရှုံးသွားတဲ့ သူရဲကောင်းတွေအတွက် အသံတိတ် ဆန္ဒပြခြင်းဖြစ်ပါတယ်။

မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့ နဲ့ မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့မှာ အသံတိတ် သပိတ်ကို ပြုလုပ်ကြရန် တိုက်တွန်းပြောခဲ့ပေမယ့် ရာခိုင်နှုန်းအောင်မြင်မှု မရှိခဲ့ကြပေ။

“ ကျနော်တို့ မူဆယ်မှာက Silence Strike ရာနှုန်းပြည်မအောင်မြင်ဘူး။ လမ်းပေါ်သွားလာနေကြသေးတယ်။ ခပ်များများကတော့ တရုတ်လူမျိုးတွေဖြစ်တယ်” လို့ မူဆယ်မြို့ ဒေသခံ စိုင်းလှ က ပြောပါတယ်။

အလားတူ ထိုင်း- မြန်မာနယ်စပ် တာချီလိတ်မြို့တွင်လည်း အသံတိတ်သပိတ်တွေ မပြုလုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။

“ တာချီလိတ်မှာတော့ အေးဆေးပဲ။ အပြင်ထွက်နေကြတယ်။ ဘာမှ မဖြစ်သလိုဘဲ။ တစ်ခြားမြို့တွေနဲကွာတာပေါ့” လို့ တာချီလိတ်တွင် အလုပ်သွားလုပ်သူတစ်ဦးကပြောပါတယ်။

သျှမ်းပြည်အတွင်းရှိ တချို့ မြို့ငယ်တွေမှာလည်း အသံတိတ်သပိတ်ကို မသိရှိကြောင်းနဲ့ မပြုလုပ်ကြောင်းတွေ့ရပါတယ်။

“ လင်းခေးမှာတော့မလုပ်ဘူး။ သူတို့ ဒီအသံတိတ်သပိတ်ကို မသိကြဘူးထင်တယ်။ အေးဆေးပဲ အပြင်ထွက်သွားလာနေကြတာပဲ” လို့ လင်းခေးမြို့ ဒေသခံတစ်ဦး အမျိုးသမီးကပြောပြပါတယ်။

အသံတိတ် သပိတ်ကို မပြုလုပ်ရတဲ့ အကြောင်းရင်းကို လဲချားဒေသခံ စိုင်းကွမ်း က “ ကျနော်တို့မြို့ကသေးတယ်လေ။ တခုခုဆိုသူတို့သောင်းကြမ်းနိုင်တယ်။ ကျနော်တို့အတွက် လုံခြုံရေးကသိပ်မရှိဘူး။ နေ့ကအကောင်း ညဆိုလာဖမ်းမှာ ကြောက်နေရတယ်” လို့ သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။

သျှမ်းပြည် မြို့တော်ဟုတင်စားကြတဲ့ တောင်ကြီးမြို့ မှာတော့ အသံတိတ်သပိတ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း လည်း ဒေသခံများက ဆိုကြပါတယ်။

“ ဒီနေ့ကတော့ အသံတိတ်သပိတ်ကို တနိုင်ငံလုံးလုပ်ကြတယ်။ တောင်ကြီးမှာလည်းလုပ်တယ်။ ဈေးပိတ်ထားတယ်။ ကျနော်တို့လည်း ဆိုင်ပိတ်ထားတာပေါ့ အိမ်မထွက်ဘူး။ တချို့ကမသိလို့ ဆိုင်ဖွင့်တာရှိတယ်။ သူတို့ပြန်ပိတ်သွားတယ်” ဟု တောင်ကြီးမြို့ဒေသခံတစ်ဦးကပြောသည်။

သီပေါမြို့တွင်လည်း စစ်အာဏာရှင်ဆန်ကျင်သည့်လူထုသပိတ် လမ်းပေါ်မထွက်တော့ဘဲ နေအိမ်ထဲတွင် နေကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

“ ဒီနေ့တော့ကျမတို့ဆန္ဒမထွက်ပြကြဘူး။ အသံတိတ်သပိတ်အနေနဲ့ ကျမတို့က အိမ်မှာပဲနေတယ်။ အပြင်မထွက်ဘူး။ ဆိုင်ခန်းတွေလဲပိတ်ထားကြတယ်” ဟု သီပေါမြို့ဒေသခံတစ်ဦးကပြောသည်။

ဖေဖော်ဝါရီ (၁)ရက်မှ စတင်ကာ နိုင်ငံတော်ရဲ့ အာဏာကို စစ်တပ်မှ သိမ်းယူခဲ့ပြီးနောက် မြန်မာပြည်တဝှမ်း အကြမ်းဖက် စစ်အာဏာရှင်ကို နေ့စဉ်နဲ့ အမျှ ဆန့်ကျင် ဆန္ဒပြကြပါတယ်။

မြန်မာတဝှမ်း တွင် စစ်အာဏာကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် အကြမ်းဖက် စစ်ကောင်စီ ၏ ရိုက်နှက်ဖမ်းဆီး သေနတ်ပစ်သတ်မှုကြောင့် ကျဆုံးသွားသည့် ပြည်သူ ( ၂၇၅)ဦးရှိသွားပြီဖြစ်ပြီး၊ ဖမ်းဆီးးခံရသူ (၂၈၁၂)ဦးရှိကြောင်း သိရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး အသံတိတ်သပိတ် ပြုလုပ်၊ တမြို့လုံးတိတ်ဆိတ်နေ

0
စစ်တပ်အာဏာသိမ်းခြင်း ၂ နှစ်ပြည့် ယနေ့ (ဖေဖော်ဝါရီ ၁) ရက်နေ့တွင် တောင်ကြီးမြို့ ဒေသခံပြည်သူများ အသံတိတ်သပိတ် ပါဝင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ လူစည်းကားသည့် တောင်ကြီးမြို့၏ အရှေ့မြို့ပတ်လမ်း၊ မိန်းလမ်း၊ စူဠာမုနိဘုရားနှင့် ပန်းခြံများထဲတွင် လူသွားလူမရှိသည့်အပြင် ဒေသခံပြည်သူများလည်း နေအိမ်အပြင်သို့ မထွက်ရာမှ တမြို့လုံးငြိမ်သက်နေ ကြောင်း တောင်ကြီးဒေသခံ...

တောင်ကြီးမြို့ ဆိုင်တချို့ ကြိုတင်ပိတ်ထားကြ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ဖေဖော်ဝါရီ (၁)ရက် မတိုင်ခင်ကတည်းက စျေးသည်များမှအပ သွားလာသည့် ပြည်သူများ အနည်းအကျဉ်းသာ ရှိတော့ကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ (၁)ရက်နေ့သည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းခြင်း (၁)နှစ်ပြည့်ပြီး တစ်နိုင်ငံလုံး အသံတိတ်သပိတ် ပြုလုပ်မည်ကို စစ်ကောင်စီက နည်းမျိုးစုံဖြင့် ခြိမ်းခြောက်နေ‌ကြောင်း စုံစမ်းသိရှိရသည်။ “တောင်ကြီးမြို့တွင်း အခြေနေက...

အသံတိတ်သပိတ် ဈေးမပိတ်ရန် စစ်ကောင်စီ အရှိန်အဟုန် လုပ်ဆောင်နေ

0
သျှမ်းပြည်နယ်အတွင်းရှိ မြို့များတချို့တွင် လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဈေးမပိတ်ရန်အတွက် စစ်ကောင်စီများက အရှိန်အဟုန်ဖြင့် အတင်းအကြပ်လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ ၁ ရက်သည် စစ်အာဏာသိမ်း တနှစ်ပြည့်ဖြစ်သည့်အတွက် “အသံတိတ် သပိတ်” လုပ်ဆောင်ရန် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် စစ်အာဏာကို လွန်ဆန်သည့် လုပ်ရက်ဖြစ်သည့်အတွက်...

မူဆယ် Silent Strike လုပ်သည့် စျေးဆိုင် ဆိုင်တစ်လ ပိတ်ခံရမည်ဟု စည်ပင်ခြိမ်းခြောက်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ယနေ့ ဒီဇင်ဘာ (၁၀)ရက်တွင် ဈေးဆိုင်မဖွင့်သည့် ဈေးသည်များကို ဆိုင်တစ်လ အပိတ်ခံရမည်ဟု မြို့နယ်စည်ပင်က လိုက်လံခြိမ်းခြောက်နေကြောင်း စုံစမ်းသိရှိရသည်။ မူဆယ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဈေးသည်များ ဈေးရောင်းချခြင်းမရှိပါက ဈေးဥပဒေအရ တစ်လ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း လိုက်လံ ဆော်သြ ခြိမ်းခြောက်နေကြောင်း မူဆယ်ဒေသခံက ပြောသည်။ “အကြောင်းတစ်စုံတစ်ရာ...