Thursday, February 5, 2026

စစ်ကောင်စီ

NCA ထိုးပြီးနောက် နယ်ခြားစောင့်တပ် ဖွဲ့ပါက စစ်ရေးပဋိပက္ခကြီးထွားလာနိုင်

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ NCA လက်မှတ်ထိုးပြီးနောက် လက်နက် ဆက်ကိုင်ချင်ပါက မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) ဝင်ခွင့်ပြုမည်ဆိုသည့် ကိစ္စသည် စစ်ရေးပဋိပက္ခကြီးထွားလာနိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောဆိုလိုက်သည်။ ယမန်နေ့ (သြဂုတ် ၂၂) ရက် စစ်ကောင်စီအစိုးရအဖွဲ့ အစည်းအဝေး၌ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး...

နမ့်စန်မြို့ လောင်းကစားရုံ (၄) လကြာထိ ဖွင့်လှစ်ထားနေဆဲ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် မဟာဂျာဦးဆောင်သည့် ပြည်သူ့စစ် တပ်ဖွဲ့ ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းသည် (၄) လကြာ ဖွင့်လှစ်နေဆဲ ဟု နမ့်စန်ဒေသခံများက သတင်းပေးလာသည်။ ပြီးခဲ့သည့် မေလပိုင်းစတွင် လောင်းကစားဝိုင်းများကို နမ့်စန်မြို့ပြင်ဘက် မိုးနဲမြို့သို့ သွားသည့်လမ်းတွင် ပြောင်းရွှေ့ ဖွင့်လှစ်ထားရာ ယခုကာလတွင် (၄) လကြာ ဖွင့်လှစ်လာကြောင်း၊...

စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးက တော်လှန်ရေးတပ်တွေ နယ်ခြားစောင့်တပ်လုပ်စေဖို့ပဲလား

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ လက်နက်ဆက်လက် ကိုင်ချင်ပါက တပ်မတော်နဲ့ နယ်ခြားစောင့်တပ် (BGF) ထဲ ဝင်ရောက် တာဝန်ထမ်းဆောင်ခြင်း ဆောင်ရွက်ပေးမယ်လို့ သြဂုတ် (၂၂) ရက်နေ့မှာ စစ်ကောင်စီ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး...

ဆီဆိုင်မြို့နယ် အတွင်း ပြောင်းအိတ် မကြာခဏ အခိုးခံရ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုတွင် ယခုရာသီ ပြောင်းထွက်ချိန်မှာ မကြာခဏ ပြောင်းများ ခိုးခံနေရကြောင်း စုံစမ်းသိရှိရသည်။ ဘန်းယဉ်ကျေးရွာအုပ်စု နောင်ခွန်ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ပြောင်းအိတ် (၄)အိတ် ကျပ်ငွေတန်ဖိုး (၇၀,၀၀၀)ကျော် ခိုးခံရပြီး၊ လွန်ခဲ့သည့် လပိုင်းတွင်လည်း ဟိုတင့်ကျေးရွာရှိ ပြောင်းအိတ်များလည်း အခိုးခံရကြောင်း ဘန်းယဉ် ပြောင်း စိုက်ပျိုးသူ...

ဖမ်းဆီးခံရသည့် သျှမ်းနီလူငယ်သေဆုံး ပြီးနောက် သျှမ်းနီ ဦးဇင်းတစ်ပါး ဖမ်းဆီးခံရ

ဖမ်းဆီးခံထားရသည့် သျှမ်းနီလူငယ် သေဆုံးသွားကြောင်း သတင်းထွက်လာပြီးသည့်နောက် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှ သျှမ်းနီဦးဇင်း တစ်ပါး ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက် ည ၇ နာရီ ဝန်းကျင်အချိန် ဇနီးဖြစ်သူ နှင့် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှ နမ့်ပါဟုတ်ကျေးရွာ...

ပုံပါကျင်မြို့အတွင်း ရေကြီးမှုကြောင့် ပြည်သူများ ခက်ခဲနေ၊ အစိုးရ အကူအညီမပေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့ မဲကင်ကျေးရွာအုပ်စုထဲတွင် မိုးရေကြီးမှုကြောင့်ပြည်သူများ နေအိမ်ပျက်စီးသွားပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။ ထိုသို့ ခက်ခဲမှုကြောင့် သက်ဆိုင်ရာ အစိုးရဘက်မှ လာရောက်ကူညီပေးခြင်းမရှိဘဲ မိုင်းတုံမြို့နယ် ပြည်သူများက ဝိုင်းဝန်း သွားရောက်ကူညီပေးနေကြောင်း သိရသည်။ “အခုချိန်ထိတော့ ကျနော်တို့ ဘက်က ဘယ်အစိုးရမှ လာကူညီပေးတာမရှိဘူး။ ဟိုတလောက...

တိုင်းရင်းသားအဖွဲ့အစည်းတချို့ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ဒုတိယအကြိမ်တွေ့ဆုံ

ဒုတိယအကြိမ် ငြိမ်းချမ်းရေး ကိစ္စရပ် တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားအဖွဲ့အစည်းတချို့နှင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (သြဂုတ် ၂၂) ရက်တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံသည့်အဖွဲ့များမှာ ကျာဆော်လမွန် ဦးဆောင်သော လားဟူဒီမိုကရက်တစ်ပါတီ (LDU)၊ ဥက္ကဌခွန်သူရိန် ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)...

တောင်ကြီးမြို့ တပ်နယ်မြေဧရိယာပေါ်ရှိ ဆိုင်ခန်းများကို စစ်ကောင်စီဖယ်ရှားခိုင်း

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်ဧရိယာဟု သတ်မှတ်ထားသော နယ်မြေများတွင် ရောင်းချနေသည့် ဆိုင်ခန်းများကို စစ်ကောင်စီ အုပ်စုမှ ဖယ်ရှားခိုင်းကြောင်း စုံစမ်းသိရသည်။ တောင်ကြီး စစ်တပ်နယ်မြေဟု သတ်မှတ်ထားသော အနောက်မြို့ပတ်လမ်းရှိ မောချယ်ရီကားဂိတ်များ အနက်သစ်တောဂိတ် ဧရိယာ၊ (212) ဈေး တဝိုက်ရှိသော ဆိုင်ခန်းများ၊ မြို့၏...

တောင်ကြီးမြို့တွင်း ယာဉ်ထိန်းရဲ နှင့် ရဲများ စစ်ဆေးရေးတင်းကြပ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကမ္ဘာဇဘဏ် (၁) နှင့် မြို့ဝင်၊ ထွက်နေရာများတွင် စစ်ကောင်စီ လက်အောက်ခံ ရဲ နှင့် ယာဉ်ထိန်းရဲများ စစ်ဆေးမှု တင်းကြပ်နေကြောင်း သတင်းရရှိသည်။ ယနေ့ ဩဂုတ် ၂၂ ရက်တွင် ဗိုလ်ချုပ်လမ်းပေါ် နှင့် မြို့ဝင်၊ ထွက်၊ အရှေ့မြို့ပတ်လမ်းတွင် ယာဉ်ထိန်းရဲများက...

ပင်းတယမြို့ ပြည်သူ့နေအိမ် ၈ လုံးဖောက်ထွင်းခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်း သူခိုးများသောင်းကျန်းနေပြီး ပြည်သူ့နေအိမ် ၈ လုံး ဖောက်ထွင်း ခံနေရသော်လည်း စစ်ကောင်စီတို့မှ အရေးယူ ဖြေရှင်းခြင်း မရှိကြောင်း သတင်းသိရသည်။ ယခု သြဂုတ် ၁၉ ရက် တစ်ရက်တည်းပင် ပင်းတယမြို့မှ ဖောက်ထွင်းခံရသည့် ပြည်သူ့ နေအိမ် ၈ လုံးအနက် သစ်အယ်ပင်ကျေးရွာမှ...

Latest news