ဟိုပုံးမြို့ စစ်ကောင်စီ နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ ခရီးသည်များထံ လမ်းခွန်ပိုကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့စစ်များ ပူးပေါင်းကြပြီး မြို့ထဲသို့ ဝင်လာသည့် ခရီးသည်များအားလုံးကို လမ်းခွန်အဖြစ် ပိုက်ဆံကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

ဟိုပုံးမြို့ – ဆီဆိုင်မြို့သို့ သွားလမ်း ဟိုပုံးမြို့ အလင်းပွင့် စက်သုံးဆီဆိုင်အနီးတွင် စစ်ကောင်စီ နှင့် ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက (၂၄) နာရီအတွင်း ညအိပ်စောင့်ဆိုင်းနေပြီး မြို့ထဲသို့ ဝင်လာသော ခရီးသည်များထံ ပိုက်ဆံကောက်ခံ နေကြောင်း မြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

“စစ်အာဏာသိမ်းပြီး သိပ်မကြာဘူး။ သူတို့အဲ့ချိန်ကတည်းက ကောက်လာတာ။ ပြီးတော့ နောက်ပိုင်းမှာ ညအိပ်စောင့်ဂိတ်တွေ ဆောက်ပြီး (၂၄) နာရီလုံး စောင့်ပြီး အခုချိန်ထိ ပိုက်ဆံကောက်နေတုန်းပါပဲ။ သူတို့ နဲ့ ရင်းနှီးတဲ့ သူတွေ၊ မြို့ထဲက သူတွေဆိုရင် ကားတစ်စီးကို (၄၀၀) ကျပ် လောက်ပဲ ကောက်တယ်။ မတွေ့ဖူးတဲ့ လူဆိုရင်တော့ သူတို့က (၁) သောင်း အထက်ပိုကောက်တယ် “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

ဟိုပုံးမြို့

စစ်အာဏာသိမ်းပြီး လပိုင်းအကြာတွင် စစ်ကောင်စီတပ်သားများက ထိုနေရာကို လမ်းအခွန်အဖြစ် ပိုက်ဆံ ကောက်ယူခဲ့ပြီး ပြည်သူ့စစ် (PNO) တပ်သားများကိုလည်း ခေါ်ယူကာ (၂၄) နာရီအတွင်း ပိုက်ဆံကောက်ခံ နေကြောင်းသိရသည်။

ထို့အပြင် မြို့နယ်ဒေသခံများသည် ဟိုပုံးမြို့ထဲသို့ ဝင်ရန်အတွက် စစ်ကောင်စီ နှင့် ပြည်သူ့စစ် တပ်ဖွဲ့များက (၂၄) နာရီအတွင်း ညအိပ်စောင့်ဆိုင်းနေသောကြောင့် တချို့ဒေသခံများသည် ကြောက်ရွံ့ပြီး မြို့ထဲသို့ မဝင်မရဲဖြစ်နေကြောင်း ဟိုပုံးမြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့က ပိုက်ဆံပဲကောက်တယ်။ တောင်ပေါ်ဒေသက ပြည်သူတွေ သူတို့လာရင် ကြောက်ကြတယ်။ မြို့ထဲကို မဝင့်ရဲကြဘူး။ စစ်သားကို တွေ့ရင်သူတို့ကမဝင်ရဲဘဲ ပြန်သွားကြတာ။ အခုကပိုဆိုးတာ သူတို့ညအိပ်ပါ စောင့်ပြီး ပိုက်ဆံကောက်နေတော့ မြို့နယ်ဒေသခံတချို့တွေက မလာကြတော့ဘူး “ ဟု ၎င်းက ဆိုသည်။

လက်ရှိကာလသည် မြန်မာတဝှမ်းလုံး ကုန်စျေးနှုန်းမြင့်တက်မှု၊ ဆီစျေးနှုန်းမြင့်တက်မှုကြောင့် စီးပွားရေး ကျဆင်းနေချိန် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့များက ပြည်သူ့ထံတွင် ပိုက်ဆံကောက်ခံနေသောကြောင့် ပြည်သူများ၏ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...