Wednesday, January 28, 2026

ဆီဆိုင်မြို့နယ် ပြည်သူပိုင်နယ်မြေများကို ပြည်သူ့စစ်တပ်ဖွဲ့ သိမ်းဆည်း

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု နောင်ပရင်ကျေးရွာတွင် ပြည်သူပိုင်နယ်မြေများကို ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က အဓမ္မသိမ်းယူနေကြောင်း စုံစမ်းသိရသည်။

နောင်ပရင်ကျေးရွာရှိ ပြည်သူပိုင်နယ်မြေ လယ်ယာဧကပေါင်း (၁၃) ဧကကို ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်တွင် ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက အဓမ္မသိမ်းယူခဲ့ပြီး စိုက်ပျိုးထားသော စပါးခင်းများ၊ ပြောင်းဖူးခင်းများကိုလည်း ယမန့်နေ (သြဂုတ် ၂၄ ) ရက်တွင် ဖျက်ဆီးခဲ့ကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

PNO မှ ပြည်သူ့ပိုင် လယ်ယာများကို သွားရောက် သိမ်းဆည်းပုံ

“ကျမ လယ်ယာဧကကို အကုန်သိမ်းသွားတယ်။ သူတို့က ဇူလိုင်လပိုင်းကစပြီး မြေတွေကို အဓမ္မ လာသိမ်းသွားတာ။ အခုမြေသိမ်းခံရတဲ့သူတွေ အများကြီးရှိ သေးတယ်။ ဘာကြောင့်လာသိမ်းရတာလည်း မေးတော့လည်း မဖြေဘူး။ ရွာသားကိုပြန်ဆဲဆိုသေးတယ်။ အခုစိုက်ထားတဲ့ စပါးပင်တွေကိုလည်း ဖျက်ဆီးနေသေးတယ် “ ဟု ၎င်း အမျိုးသမီး ကပြောသည်။

အဆိုပါ ပြည်သူများ၏ နယ်မြေ၊ လယ်ယာဧကများသည် စာရင်းမြေဂရမ်ဖြင့် တရားဝင်ပြုလုပ်ခဲ့ရသော်လည်း ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက နယ်မြေများကို အဓမ္မသိမ်းယူခဲ့သဖြင့် သက်ဆိုင်ရာဌာနကို တိုင်ကြားခဲ့သော်လည်း လာရောက် ဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။

ထို့အပြင် ပြည်သူစိုက်ပျိုးထားသော စပါးခင်းများကို ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက ဖျက်ဆီးလိုက်သောကြောင့် ပြည်သူများ၏ စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အိမ်မှာလည်း မိသားစုတွေရှိတယ်။ သား၊သမီးတွေတော့ မရှိတော့ဘူး။ ကိုယ်ကလည်း အသက်ကြီးနေပြီ ဆိုတော့ နေ့စားသွားလုပ်ရတာလဲ မနိုင်တော့ဘူး။ အခုစိုက်ထားတဲ့ စပါးတွေဖျက်ဆီးနေတယ်။ ယမန်နေ့ကတည်း ထွန်ယက်ကားနဲ့ လာဖျက်တာ “ ဟု အထက်ပုဂ္ဂိုလ်တစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလနှောင်းပိုင်းက အစိုးရတပ် နှင့် ဆီဆိုင်မြို့နယ် ကျေးရွာ ၅ ရွာ မှ တောင်သူများ မြေယာ အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် အစိုးရတပ်မှ ဒေသခံ တောင်သူ ၇၀ ကို တရားစွဲခဲ့ကြပြီး ၄င်းတို့၏ လယ်ထွန်စက် ၂၉ စီး ပါသိမ်းဆည်းခြင်းခံရကြောင်း ဆီဆိုင်မြို့နယ် ဒေသခံများ ပြောပြချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...