ဆီဆိုင်မြို့နယ် ပြည်သူပိုင်နယ်မြေများကို ပြည်သူ့စစ်တပ်ဖွဲ့ သိမ်းဆည်း

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု နောင်ပရင်ကျေးရွာတွင် ပြည်သူပိုင်နယ်မြေများကို ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က အဓမ္မသိမ်းယူနေကြောင်း စုံစမ်းသိရသည်။

နောင်ပရင်ကျေးရွာရှိ ပြည်သူပိုင်နယ်မြေ လယ်ယာဧကပေါင်း (၁၃) ဧကကို ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်တွင် ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက အဓမ္မသိမ်းယူခဲ့ပြီး စိုက်ပျိုးထားသော စပါးခင်းများ၊ ပြောင်းဖူးခင်းများကိုလည်း ယမန့်နေ (သြဂုတ် ၂၄ ) ရက်တွင် ဖျက်ဆီးခဲ့ကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

PNO မှ ပြည်သူ့ပိုင် လယ်ယာများကို သွားရောက် သိမ်းဆည်းပုံ

“ကျမ လယ်ယာဧကကို အကုန်သိမ်းသွားတယ်။ သူတို့က ဇူလိုင်လပိုင်းကစပြီး မြေတွေကို အဓမ္မ လာသိမ်းသွားတာ။ အခုမြေသိမ်းခံရတဲ့သူတွေ အများကြီးရှိ သေးတယ်။ ဘာကြောင့်လာသိမ်းရတာလည်း မေးတော့လည်း မဖြေဘူး။ ရွာသားကိုပြန်ဆဲဆိုသေးတယ်။ အခုစိုက်ထားတဲ့ စပါးပင်တွေကိုလည်း ဖျက်ဆီးနေသေးတယ် “ ဟု ၎င်း အမျိုးသမီး ကပြောသည်။

အဆိုပါ ပြည်သူများ၏ နယ်မြေ၊ လယ်ယာဧကများသည် စာရင်းမြေဂရမ်ဖြင့် တရားဝင်ပြုလုပ်ခဲ့ရသော်လည်း ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက နယ်မြေများကို အဓမ္မသိမ်းယူခဲ့သဖြင့် သက်ဆိုင်ရာဌာနကို တိုင်ကြားခဲ့သော်လည်း လာရောက် ဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။

ထို့အပြင် ပြည်သူစိုက်ပျိုးထားသော စပါးခင်းများကို ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက ဖျက်ဆီးလိုက်သောကြောင့် ပြည်သူများ၏ စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အိမ်မှာလည်း မိသားစုတွေရှိတယ်။ သား၊သမီးတွေတော့ မရှိတော့ဘူး။ ကိုယ်ကလည်း အသက်ကြီးနေပြီ ဆိုတော့ နေ့စားသွားလုပ်ရတာလဲ မနိုင်တော့ဘူး။ အခုစိုက်ထားတဲ့ စပါးတွေဖျက်ဆီးနေတယ်။ ယမန်နေ့ကတည်း ထွန်ယက်ကားနဲ့ လာဖျက်တာ “ ဟု အထက်ပုဂ္ဂိုလ်တစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မေလနှောင်းပိုင်းက အစိုးရတပ် နှင့် ဆီဆိုင်မြို့နယ် ကျေးရွာ ၅ ရွာ မှ တောင်သူများ မြေယာ အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် အစိုးရတပ်မှ ဒေသခံ တောင်သူ ၇၀ ကို တရားစွဲခဲ့ကြပြီး ၄င်းတို့၏ လယ်ထွန်စက် ၂၉ စီး ပါသိမ်းဆည်းခြင်းခံရကြောင်း ဆီဆိုင်မြို့နယ် ဒေသခံများ ပြောပြချက် အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...