လယ်ယာမြေသိမ်းဆည်း
ဆီဆိုင်မြို့နယ် ပြည်သူပိုင်နယ်မြေများကို ပြည်သူ့စစ်တပ်ဖွဲ့ သိမ်းဆည်း
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု နောင်ပရင်ကျေးရွာတွင် ပြည်သူပိုင်နယ်မြေများကို ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က အဓမ္မသိမ်းယူနေကြောင်း စုံစမ်းသိရသည်။ နောင်ပရင်ကျေးရွာရှိ ပြည်သူပိုင်နယ်မြေ လယ်ယာဧကပေါင်း (၁၃) ဧကကို ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်တွင် ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက အဓမ္မသိမ်းယူခဲ့ပြီး စိုက်ပျိုးထားသော...





