NCA ထိုးပြီးနောက် နယ်ခြားစောင့်တပ် ဖွဲ့ပါက စစ်ရေးပဋိပက္ခကြီးထွားလာနိုင်

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ NCA လက်မှတ်ထိုးပြီးနောက် လက်နက် ဆက်ကိုင်ချင်ပါက မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) ဝင်ခွင့်ပြုမည်ဆိုသည့် ကိစ္စသည် စစ်ရေးပဋိပက္ခကြီးထွားလာနိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောဆိုလိုက်သည်။

ယမန်နေ့ (သြဂုတ် ၂၂) ရက် စစ်ကောင်စီအစိုးရအဖွဲ့ အစည်းအဝေး၌ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီးနောက် လက်နက် ဆက်ကိုင်ချင်ပါက မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) ထဲ ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။

ယင်းကဲ့သို့ ထုတ်ပြန်ပြောဆိုလာသည့် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်၏ EAOs ကို BGF နှင့်တပ်မတော် တပ်ဖွဲ့ ဝင်ရန်ပြောဆိုခြင်းကိစ္စသည် မဖြစ်နိုင်ကြောင်းနှင့် စစ်တပ်မှ ဖွင့်ပေးသည့် ငြိမ်းချမ်းရေး လမ်းကြောင်းသည် စစ်ရေး ပဋိပက္ခများ ကြီးထွားလာ စေရန်သာဖြစ်ကြောင်းမြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောဆိုထားသည်။

စကစ ခေါင်းဆောင်

“ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တပ်မတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ ပြည်သူ့စစ်အဖြစ် သို့မဟုတ် နယ်ခြားစောင့်တပ် အဖြစ် နေဖို့ဆိုတဲ့ သဘောထားမရှိပါဘူး။ ဒါပေမယ့် လက်နက်မချချင်တဲ့ အခါကျတော့ စစ်ရေး ပဋိပက္ခပြန်ဖြစ်လာမှာ။ စစ်တပ်က ဖွင့်ပေးထားတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်း ဆိုတာပိုမိုပြီးတော့ စစ်ရေး ပဋိပက္ခတွေ ကြီးထွားလာစရာပဲရှိတယ်၊ ပြန်တိုက်ဖို့ အခုလုပ်နေတဲ့ဟာတွေက ငြိမ်းချမ်းရေး ဆိုတာတွေ က အရင်တုန်းကလည်း လုပ်ခဲ့ဖူးတယ်။ အရင်တုန်းကလည်း လုပ်ပြီး ပြန်ပျက်သွားတာပဲ။ ပြီးတော့ ပြန်တိုက်ကြ တာပဲ။ အခုလည်း ဒီလိုနည်းပဲ ပြန်ဖြစ်အုံးမယ်လို့ ကျနော် ယူဆပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောဆိုသုံးသပ် သည်။

ယင်းကဲ့သို့ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး သမ္မတကြီး ဦးသိန်းစိန်လက်ထက်ကတည်းက ပြည်ထောင်စု တပ်မတော်ဖြစ်ပေါ်လာရေးအတွက် NCA လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည့်အတွက် အချင်းချင်း ကြား ပြန်လည်ညှိနှိုင်း ပြောဆိုမှု ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်မှာ အစဥ်တစိုက် ပါဝင်လာသည့် ပြည်ထောင်စု အင်စတီကျု့ ဒါရိုက်တာ ဦးခွန်စိုင်းက ပြောသည်။

“ဒီတပ်ချုပ်ကြီး မင်းအောင်လှိုင် ဒီလိုပြောလာတာဟာ၊ တပ်မတော်ဘက်ကနေ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို ပြောလာတာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ သမ္မတကြီး ဦးသိန်းစိန်လက်ထက် တုန်းကလည်း အဲ့လိုပြောပါတယ်၊ အခုလို တပ်ချုပ်ကြီးက ယခင်က သမ္မတကြီး ဦးသိန်းစိန်ပြောခဲ့တဲ့ စကားဟောင်းကို ပြန်ပြောတယ် ဆိုတဲ့အခါကျတော့ အများအားဖြင့် အံ့အားသင့် ကုန်ကြတယ်။ တချို့ကလည်း ဒါဆိုလို့ရှိရင် ဆက်လက်ဆွေးနွေးနေတာဟာ အဓိပ္ပါယ်ရှိပါ့မလား ဆိုတဲ့ မေးခွန်းလည်း ထွက်လာပါတယ်၊ နောက်ပြီးတော့ ဘယ်နည်းနဲ့ မဆိုကျနော်တို့ ဆက်ဆွေးနွေးသွားမယ်ဆို ကောင်းမယ်၊ ကျနော်တို့ အားလုံးဝိုင်းပြီး ညှိနှိုင်းကြမယ်ဆိုလည်းကြားရတယ်” ဟု ဦးခွန်စိုင်းက ပြောသည်။
ယင်းကဲ့သို့ ထုတ်ပြန်ပြောဆိုလာခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေးပြဿနာများ ပိုမိုရှုပ်ထွေးလာနိုင်သည့်အတွက် သတိချပ်သင့်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် ကပြောသည်။

“လက်ရှိဖြစ်နေတဲ့ ပြဿနာက နိုင်ငံရေးပြဿနာဖြစ်တယ်။ လက်နက်ကိုင်လမ်းစဥ်က နိုင်ငံရေးနောက်ဆက်တွဲ ဖြစ်တယ်၊ နိုင်ငံရေးဆွေးနွေးမှု ပြေလည်မှု ကာကွယ်ရေးကိစ္စပါရမှာ၊ အခုက ကာကွယ်ရေးကိစ္စ DDR -SSR ကိစ္စ ကို ရှေ့တန်းတင် ကိစ္စကို ရှေ့တန်းတင် ဆွေးနွေးဖို့က သင့်တင့်လျှောက်ပတ်တဲ့ ချည်းကပ်မှုမဟုတ်ဘူး၊ နိုင်ငံရေး ကို ပြေလည်အောင် ဆွေးနွေးမယ်၊ ပြီးမှ ကာကွယ်ရေးကိုဆက်သွားမယ်ဆိုတဲ့ procedure အတိုင်းမဟုတ်ပဲ စည်းကျော် လုပ်နေတယ်။ ပြီးတော့ ပြဿနာအရှုပ်အရှင်းတွေ ရှိလာနိုင်တယ်။သတိချပ်ဖို့လိုပါတယ်” ဟု SSPP/SSA ပြောရေးဆိုခွင့် ဗိုလ်မှူးစိုင်းဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ထုတ်ပြန်ပြောဆိုလာမှုသည် တပ်မတော်ဘက်မှ သဘောထားသာဖြစ်သည့်အတွက် NCA လက်မှတ်ရေး ထိုး သည့် တပ်ဖွဲ့များ၏ သဘောထားများအပေါ် မူတည်ကြောင်းလည်း ဗိုလ်မှူးဖုန်းဟန်က ဆက်ပြောသည်။

မြန်မာတနိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန် NCA စာချုပ်အတိုင်း အလေးထား လုပ်ဆောင်နိုင်ရေး အတွက် EAOs များအား ဖိတ်ခေါ်ဆောင်ရွက်နေပြီး EAOs များနှင့် သဘောတူညီချက်ရယူနိုင်ရေး ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံ၌ လွှတ်တော်ပေါ်ပေါက်လာပါက လွှတ်တော်တွင်း ဆွေးနွေးသဘောတူထားသည့် EAOs များနှင့် ထာဝရ ငြိမ်းချမ်းရေးရရန် ရည်ရွယ်နေကြောင်းလည်း အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆို ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...