“နှစ်ထပ်ကွမ်းအပူသောကနဲ့ ရှင်သန်နေရတဲ့ သျှမ်းတောင်လူငယ်”

“အမေက ရှောင်ပြေးခိုင်းလို့ ကျနော်တို့လည်း ရှောင်ပြေးကြရတာ။ အမေက အသက် (၆၀) ဝန်းကျင်ရှိပြီ။ ကျနော်တို့ ထွက်ပြေးသွားတော့ သူတို့က အမေကိုဖမ်းခေါ်သွားတာ ” လို့ အသက် ၂၁ နှစ်အရွယ်ရှိ သားဖြစ်သူ စိုင်းစိုင်း (အမည်လွှဲ) က စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

Photo by Tai Youth Network /Facebook

သြဂုတ် ၆ ရက် မနက်ပိုင်းမှာ သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) က ရောက်ရှိလာတဲ့အတွက် အသက် (၆၀) ဝန်းကျင်ရှိတဲ့မိခင် ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

အဲ့ဒီ လက်နက်ကိုင် တပ်ဖွဲ့တွေ ကျိုင်းတောင်းမြို့နယ်ထဲ မရောက်လာခင်မှာ အသက် (၆၀) ဝန်းကျင်ရှိ မိခင်က အသက် (၂၀) ကျော် အရွယ် သား ၂ ဦးကို ကျေးရွာကနေ ရှောင်နေခိုင်းထားပါတယ်။

အသက် (၂၀) ကျော် လူငယ် ၂ ဦးကို မတွေ့ရှိတဲ့နောက်မှာ မိခင်ဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပါတယ်။

လက်ရှိ တပ်သားကောက်ယူနေတာက အရင်နှစ်တွေထက် ပိုဆိုးရွားလာပြီး၊ သားဖြစ်သူကို မရပါက ဖခင် (ဒါမှမဟုတ် ) မိခင်ဖြစ်သူကို ဓားစားခံအဖြစ် ဖမ်းဆီးနေသလို အရင်နှစ်တွေဆိုရင် မြို့ပေါ်မှာ တပ်သားသစ်ကောက်ယူမှု မရှိခဲ့ဖူးကြောင်း စိုင်းစိုင်းက ပြောပြပါတယ်။

“စစ်သားကောက်တာ အရင်နှစ်တွေကထပ် ပိုဆိုးလာတယ်။ သားတွေကို မတွေ့ရင် အမေ၊ အဖေ တွေကို ခေါ်သွားသလို အိမ်ပေါ်တက်ပြီး ဖမ်းတာမျိုးတွေလည်း ရှိတယ်” လို့ စိုင်းစိုင်းက လက်ရှိ ကျိုင်းတောင်းအခြေအနေ ကို ပြောလာပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဩဂုတ် (၆) ရက်က ကျိုင်းတောင်းမြို့ ပေါ်မှာ RCSS တပ်ဖွဲ့က ရောက်လာပြီး လူငယ် (၅) ဦး ကိုလည်းဖမ်းဆီးခေါ်သွားတယ်လို့ ကျိုင်းတောင်းဒေသခံတွေက သတင်းပေးလာပါတယ်။

“သူတို့က အရပ်ဝတ်တွေနဲ့လာတာ။ ဓားတွေ၊ သေနတ်တွေလည်းပါတယ်။ သူတို့စာရင်းထဲပါတဲ့ သူကိုလာခေါ်တာလို့ ပြောတယ်။ တစ်ချို့လည်း စာရင်းထဲမပါပဲ သွားရတာမျိုးလည်းရှိတယ်” လို့ စိုင်းစိုင်းက လက်ရှိ အခြေအနေကို ပြောပါ တယ်။

ဖမ်းဆီးခံရတဲ့ မိခင်နဲ့ အဆက်သွယ်ရဖို့ ကြိုးစားနေပေမယ့် လက်ရှိ အချိန်ထိ ဘာသတင်းအစအန မှ မရသေးဘူးလို့ သားဖြစ်သူက ဝမ်းနည်းစွာ ပြောပါတယ်။

Photo by TYN

“ကျနော်လည်း ကျနော်တို့အမေနဲ့ အဆက်အသွယ်ပြန်ရချင်တယ်။ သူနေကောင်းလား ဘယ်လိုနေလဲတော့ သတင်းကြားချင်တယ်။ အခုက ဘာသတင်းမှ မကြားရဘူး။ သူတို့ဘက်ကလည်း အဆက်သွယ်မပေးလုပ်ဘူး” လို့ သားဖြစ်သူက ပြောပါတယ်။

ဖမ်းဆီးထားတဲ့ အမေကို ပြန်လွှတ်စေချင်ပါက သားဖြစ်သူက စစ်မှုသွားထမ်းရမှာ ဖြစ်ကြောင်း ကျိုင်းတောင်း RCSS တပ်သားက ပြောဆိုပါတယ်။

“သူတို့အမေကို ပြန်လွှတ်လာစေချင်ရင်တော့ သားက ပြန်သွားရမှာပေါ့။ အဒေါ်က အသက်ကြီးပြီးလေ။ သူတို့ခေါ်သွားလည်း ဘာမှလုပ်ခိုင်းလို့မှမရတာ” ဟု ကျိုင်းတောင်းမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

ကျိုင်းတောင်းနည်းတူ သျှမ်းတောင် မိုင်းကိုင်မြို့နယ်၊ လွိုင်လင်မြို့နယ်၊ လဲချားမြို့နယ်တွေမှာလည်း ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) လည်း တပ်သားသစ်တွေကို အပြင်းအထန် စုဆောင်းနေကြပါတယ်။ အခုလ ဩဂုတ် (၁) ရက်မှာ ပင်လုံမြို့ ဝမ်ကုန်းကျေးရွာ ဒေသခံ ၂၈ ဦးကို SSPP/SSA က ဖမ်းဆီးသွားပြီး ၁၅ ဦးကို ပြန်လွှတ်ပေး ခဲ့သော်လည်း ၁၃ ဦး ကိုတော့ ဖမ်းဆီးထားဆဲဖြစ်ပါ။

“အခုက ဝမ်ကုန်းကျေးရွာထဲမှာ လူနေထိုင်မှုလည်းနည်းလာတယ်။ ပြည်သူတွေ မနေရဲတော့ဘူး။ ထွက်ပြေးလာကြတယ်။ သူတို့က ပြည်သူတွေကို စစ်ချင်တဲ့ချိန် ထစစ်ပြီး၊ ဖမ်းချင်တဲ့ချိန်ထ ဖမ်းနေတယ်လေ။ အခုတောင် ရွာကလူတွေ မြို့ကိုထွက်ပြေးလာနေကြပြီး” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Photo by TYN

သျှမ်းတောင် အတွင်း အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက် အားလုံးကို သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ခေါင်းဆောင်တွေ ကွင်းဆင်း စစ်ဆေးဖို့ လိုအပ်တယ်လို့ သျှမ်းတောင်လူငယ်တွေ ကပြောပါတယ်။

“အောက်ခြေ တပ်သားတွေက ဖြစ်ပျက်နေတဲ့ ကိစ္စတွေ အထက်က လူကြီးတွေ ကွင်းဆင်းပြီး စစ်ဆေးပေးစေချင်တယ်။ ခု ဖြစ်ပျက်နေတဲ့ အရာတွေအားလုံးကို ကျနော်တို့ ဘယ်အဖွဲ့အစည်းကို သွားပြီး အားကိုးရမလဲ ဆိုတာ ကျနော်တို့လည်း မသိတော့ဘူး” လို့ လဲချား လူငယ် တစ်ဦး ကပြောပါတယ်။

အဲ့လိုဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် ဝမ်ကုန်းကျေးရွာ ဒေသခံတွေက လွိုင်လင်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ထံ အကူညီတောင်းခံခဲ့ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပင်လုံမြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး စိုင်းစုက “ဒေသခံတွေက ကျနော်တို့ နားအကူအညီတောင်းလာတယ်။ ကျနော်တို့ဘက်ကနေလည်း တောင်ကြီးမြို့အထိတော့ တင်ထားပေးတယ်။ အခုချိန်ထိတော့ ၁၃ ယောက်ကို ဖမ်းဆီးထားဆဲဖြစ်တယ်။ ပြန်မလွှတ်လာပေးသေးဘူး” လို့ ပြောပါတယ်။

အဲ့အပြင် ကျေးရွာအနီးဝန်းကျင်မှာလည်း ဗုံးပေါက်ကွဲသံ၊ ပစ်ဖောက်သံတွေ မရှိရဘူးလို့ ခြိမ်းခြောက်ထားပါသေးတယ်။

အကယ်၍ ပေါက်ကွဲမှု ၊ ဖောက်ခွဲမှုများရှိလာပါက ဒေသခံများကို ဖမ်းခေါ်စစ်ဆေးတာမျိုးပြုလုပ်သွားမယ်လို့ လွိုင်လင်ခရိုင်အတွင်း လှုပ်ရှားနေတဲ့ SSPP/SSA တပ်ဖွဲ့က ပြည်သူများကို ခြိမ်းခြောက်ထားကြောင်းသိရပါတယ်။

တပ်သားသစ် ကောက်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်ကောင်စီ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တဲ့ အဖွဲ့အစည်းတွေ ဖြစ်နေပြီး၊ တိုင်းရင်းသား အချင်းချင်းကြား တိုက်နေကြတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး အသက် ၂၃ နှစ် အရွယ် လဲချားဒေသခံ လူငယ် တစ်ဦး က “ကျနော်တို့မြို့မှာလည်း သူတို့တလောတုန်းက တပ်သားလုပ်ဖို့ ဝင်လာဖမ်းသေးတယ်။ ကျနော်တို့တော့ မလုပ်ချင်ဘူး။ ဘယ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ထဲမဝင်ချင်ဘူး။ သူတို့က ကျနော်တို့ကို တပ်ထဲခေါ်ဝင်ပြီး အချင်းချင်းပြန်တိုက်ခိုင်းတာလေ။ အခုဆိုလည်း ကျနော်တို့ သျှမ်းတပ်ဖွဲ့ (၂) ခုက တိုက်နေကြရတယ်လေ။ သူတို့ကောက်နေတာလည်း ကျနော်တို့ အချင်းချင်းပြန်တိုက်ခိုင်းဖို့ဆိုရင် တပ်ထဲဝင်ဖို့ စိတ်ကူးမရှိဘူးလို့” လို့ ၎င်းက ပြောပါတယ်။

သျှမ်းပြည်မှာ တပ်သားကောက်ယူနေတဲ့ လက်နက်ကိုင်တွေမှာဟာ RCSS/SSA ၊ SSPP/SSA ၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပြည်သူ့စစ် (PNO)၊ ကချင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့က မိမိသွားလာလှုပ်ရှားနေတဲ့ နယ်မြေတွေမှာ တပ်သားသစ်တွေကောက်ယူနေကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်လှုပ်ရှားတဲ့ နေရာဒေသ မြို့နယ်အတွင်းတွေမှာ စစ်ရေးအချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်သောကစိတ်တွေနဲ့ နေထိုင်နေရပါတယ်လို့ လွိုင်လင်ခရိုင်အတွင်းနေထိုင်တဲ့ အမျိုးသမီးက ညီးညူပြီးပြောဆိုပါတယ်။

“ စိုးရိမ်မှုတွေက အများကြီးပါပဲ။ ဘယ်ချိန်စစ်အင်အားတွေဖြည့်တင်းမလဲ။ ဘယ်ချိန်စစ်ထဖြစ်မလဲ။ ဘယ်ချိန် လာဖမ်းသွားမလဲ။ အမြဲစိုးရိမ်နေရပါတယ်။ အဓိကတော့ အမျိုးသမီးတွေအတွက် ပိုပြီးစိတ်ပူရတယ်လေ” လို့ ၎င်း အမျိုးသမီးက ပြောပါတယ်။

ပအိုဝ်း ပြည်သူ့စစ် (PNO) တွေလည်း တောင်ကြီးခရိုင်တွေမှာ တပ်သားသစ်ကောက်နေတဲ့အတွက် လူငယ်တွေဟာ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

“ကျနော်တို့ရွာမှာက တပ်သားကောက်တာလေ။ PNO ကလာကောက်တာပါ။ အဓိကတော့ လူငယ်တွေကိုခေါ်တာပေါ့။ သူတို့ စစ်သင်တန်းသွားတက်ခိုင်းတာ။ ကျနော်တို့က မတက်ချင်ဘူး။ ကိုယ့်အိမ်မက်ရှိတယ်လေ။ ဒါကြောင့်ရွာကနေ ထွက်ပြေးလာခဲ့တာလို့” တောင်ကြီးမြို့ပေါ်သို့ ထွက်ပြေးလာခဲ့တဲ့ အသက် (၂၀) အရွယ်ရှိ ဆီဆိုင်မြို့နယ်ဒေသခံ အမျိုးသား ကပြောပါတယ်။

သျှမ်းပြည်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေဟာ တပ်သားသစ်များ အပြိုင်အဆိုင် စုဆောင်းနေတဲ့အပေါ် မှာ စုဆောင်းခံရတဲ့ လူငယ်၊ ပြည်သူလူထုတွေရဲ့ ဆန္ဒကို မေးမြန်းသင့်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ် ပြောပါတယ်။
“အခုနောက်ပိုင်း လူငယ်တွေကလည်း တရုတ်၊ ထိုင်းကိုပြေးနေကြတယ်။ လူငယ်တွေ ပျောက်ဆုံးသွားရင် တိုင်းပြည်အနာဂတ်လည်း ပျောက်ဆုံးသွားနိုင်တယ်။ အဲ့လိုအနေထားရောက်သွားပြီးဆိုလို့ရှိရင် သျှမ်းပြည်သူ/သား အကုန်လုံးမျော်မှန်းနေတဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ပြည်နယ်ကြီး တစ်ခုပေါ်ပေါက်ဖို့ဆိုတာ ဘယ်လိုမှ မျော်လင့်စရာမရှိတော့ဘူး ” လို့ စိုင်းလိတ်က ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမှာ နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးတွေ ကျဆင်းနေတဲ့ချိန်မှာ ပြည်သူလူထုတွေကို တပ်သားသစ်စုဆောင်းတာတွေ အချိန်တစ်ခု ရပ်တန့်ထားပြီး၊ တပ်သားသစ်စုဆောင်းတဲ့ ပေါ်လစီကို ကောင်းကောင်းပြန်သတ်မှတ်သင့်တယ်လို့လည်း စိုင်းလိတ်က ထပ်လောင်းပြောပါတယ်။

တပ်သားသစ်တွေ စုဆောင်းမှုကြောင့် လူငယ်တွေအများစုက ထွက်ပြေးတိမ်းရှောင်နေရလို့ နောင်လာမဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ လူငယ်အရင်းမြစ်တွေကလည်း ပျောက်ဆုံးသွားနိုင်ကြောင်း သျှမ်းပြည် ဒေသတွင်း အမျိုးသမီးအရေး ဆောင်ရွက်တဲ့သူလည်းဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးရေး အရေးမှာ လှုပ်ရှားဆောင်ရွက်နေသူ အမျိုးသမီး တစ်ဦးက ထောက်ပြပြောဆိုပါတယ်။

တပ်သားသစ် အပြိုင်ဆိုင်ကောက်ယူနေပြီး အချင်းချင်းပြန်တိုက်ခိုက်ခိုင်းစေတာဟာလည်း ကိုယ့်မြို့ ကိုယ်ဒေသကို ဖွံ့ဖြိုးတိုးတက်စေတာမဟုတ်ပဲ နဂိုထက် ကျဆင်းသွားနိုင်တယ်လို့ဆိုပါတယ်။

“ဒီနေ့ လူငယ်တွေဆိုတာ နောင်အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့အလျောက် ဒေသတစ်ခု၊ နိုင်ငံတစ်ခုရဲ့ လူငယ်အရင်းအမြစ်တွေဖြစ်တယ်။ တစ်ချိန်လုံးပြေးနေရ ရှောင်တိမ်းနေရတယ်ဆိုရင် အဲ့ဒီဒေသအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်မဲ့ လူငယ်အရင်းအမြစ်တွေ ဆုံးရှုံးသွားကုန်ပါမယ်။ အဲ့သလိုဆိုရင် အဲ့ဒေသကတော့ နဂိုအတိုင်း ဒုံရင်းဒုံရင်းနဲ့ ဆက်သွားနေမှာပဲ” လို့ တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ထောက်ပြပြောဆိုလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများက လုံခြုံရေးမရှိတဲ့ အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေ လှုပ်ရှားနေတဲ့ဒေသတွေမှာ နေထိုင်တဲ့ ပြည်သူတွေအတွက် ပိုပြီး စိုးရိမ်စိတ်နဲ့ နေထိုင်ကြရပါတယ်။

“ ကျနော်အတွက်ကလည်း ဘာလုံခြုံမှုမှမရှိဘူး။ ကိုယ့်မွေးရပ်၊ ကိုယ့်ဒေသမှာတောင် အေးဆေး နေထိုင်လို့လည်း မရတော့ဘူး။ အခုလည်းရှောင်ပြေးနေရပြီး။ ကိုယ်ဒေသမှာနေတော့လည်း အမြဲစိုးရိမ်စိတ်ပူနေရတယ်” လို့ စိုင်းစိုင်းက ဝမ်းနည်းစွာနဲ့ ပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...