Thursday, February 5, 2026

စစ်ကောင်စီ

နောင်ချိုမြို့နယ် စစ်ရှောင် အမျိုးသမီး နှင့် ကလေးငယ်များ ဆေးဝါးလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် စစ်ဘေးရှောင်များအတွက် ကျန်းမာရေးအတွက် ဆေးဝါး လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ မိုးရာသီဖြစ်သည့်အတွက်ကြောင့် မိခင်နှင့်အမျိုးသမီး၊ ကလေးသူငယ်များအတွက် ဆေးဝါး လိုအပ်နေကြောင်း သိရသည်။ “အခုက ဆေးဝါးတွေ ပိုလိုအပ်တယ်။ စားဝတ်နေရေးလည်း ခက်ခဲတာပေါ့။ အမျိုးသမီးတွေအတွက်ဆို လစဉ်သုံးတွေက လိုတယ်။ ကိုယ်ဝန်ဆောင် မိခင် နဲ့...

မိုင်းဆတ် မူးယစ်ဆေးဝါးသုံးစွဲသူများ သောင်းကျန်းနေ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ သောင်းကျန်းနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ မိုင်းဆတ်မြို့လယ်ခေါင်တွင် မူးယစ်ဆေးများကို ပေါ်တင်သုံးစွဲလာပြီး နေ့လည်ပိုင်းအချိန်၌ အုတ်တံတိုင်းကျော်ကာ ပစ္စည်းများ ပေါ်တင်ဝင်ရောက်ခိုးယူနေကြောင်း မိုင်းဆတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “မြို့လယ်ခေါင်မှာလည်း မူးယစ်ဆေးဝါးတွေ သုံးနေတာ။ မြို့ထဲမှာ ပေါ်တင်သုံးနေတာ။ ပြီးတော့ နေ့လည်အချိန်မှာတောင် အုတ်တံတိုင်း...

ပင်းတယမြို့နယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တွင် အမျိုးသားတစ်ဦးသည် ကြိုးဆွဲချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သတင်းသိရသည်။ သြဂုတ်လ ၂၇ ရက်တွင် ပင်းတယမြို့ ကသာကျေးရွာနေ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး သည် ရွာထိပ်နားရှိ ရေထွက်နားတွင် ပုဆိုးကွင်းဖြင့် ကြိုးလုပ်ကာ ကြိုးဆွဲချသေဆုံးကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက...

PDF ဟု အမည်ခံပြီး မိုင်းရယ်မြို့ နှင့် လဲချားမြို့ တို့တွင် ငွေကြေးတောင်းဆိုမှုရှိနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ် နှင့် သျှမ်းပြည်တောင်ပိုင်းမှ လဲချားမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ဟု အမည်ခံပြီး ငွေကြေးခြိမ်းခြောက်တောင်းဆိုမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ် ၃၀) ရက်တွင် မိုင်းရယ် PDF အမည်ခံအဖွဲ့သည် မိုင်းရယ်မြို့နယ် အတွင်းရှိ ရေသန့်စက်ရုံတခုကို...

စည်းလုံးမှုမရှိပါက ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မအောင်မြင်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် စည်းလုံးမှုမရှိပါက အောင်မြင်မည်မဟုတ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကာင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက်သည်။ အဆိုပါ ပြောကြားချက်သည် ယမန်နေ့ (သြဂုတ် ၃၀) ရက် RCSS/SSA နှင့် စစ်ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေး အဖွဲ့( NSPNC) တို့ နေပြည်တော်တွင် စစ်အာဏာသိမ်းပြီးနောက်...

ရွာငံမြို့နယ် PDF တပ်ဖွဲ့ဝင် နှင့် အမျိုးသမီး ၂ ဦး အပါအဝင် ရွာသားတချို့ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်နှင့် အမျိုးသမီး ၂ ဦးအပါအဝင် ရွာသားတချို့ ဖမ်းဆီးခံ လိုက်ရကြောင်း သတင်းသိရသည်။ သြဂုတ်လ ၂၈ ရက် ညပိုင်း ၈ နာရီဝန်းကျင်တွင် ခရီးမှ ပြန်ရောက်လာသည့် PDF တပ်ဖွဲ့ဝင် နှစ်ဦး နှင့် အမျိုးသမီး...

နမ့်ခမ်းမြို့ရှိ စက်သုံးဆီဆိုင်ကြီး (၇) ဆိုင်အနက် (၃) ဆိုင်သာ စျေးနှုန်းပုံမှန်ဖြင့် ရောင်းချ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စက်သုံးဆီဆိုင် ပန့်ဆိုင် (၇) ဆိုင်ရှိသည့်အနက် (၃) ဆိုင်သာ ဆီစျေးများ ပုံမှန်ရောင်းပေးနေသဖြင့် ပြည်သူများ သွားရောက် တန်းစီ ဝယ်နေကြောင်း စုံစမ်းသိရှိရသည်။ ကျန်ရှိသည့် ပန့်ဆီဆိုင် (၄) ဆိုင်သည် တစ်လီတာလျှင် (၄,၅၀၀) ကျပ် မှ (၅,၀၀၀)...

နောင်ချိုမြို့နယ် စစ်ကောင်စီ နှင့် PDF တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ထိခိုက်မှုများ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် နှင့် ပြင်ဦးလွင်မြို့နယ်ကြားရှိ ကုန်းတစ်မော့ ကျေးရွာတွင် စစ်ကောင်စီ နှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ တိုက်ပွဲသည် ယမန်နေ့ ဩဂုတ် ၂၉ ရက် ည ၅ နာရီတွင်တစ်ကြိမ်၊ ယနေ့ နေ့လည်...

မိုင်းဖြတ်မြို့ အ.ထ.က ကျောင်းအုပ်ရုံးခန်းမီးလောင်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့ ယနေ့ ( ဩဂုတ် ၃၀) ရက် မနက် ၂ နာရီခွဲဝန်းကျင်တွင် အ.ထ.က. ကျောင်းအုပ်ရုံးခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုအပြီး မီးသတ်နိုင်ချိန်တွင် စာရွက်စာတမ်းပေါ် ဒီဇယ်နံ့ကျန်ရှိထားကြောင်းသိရသည်။ “ဘာကြောင့် မီးလောင်လဲတော့ ကျနော်တို့လည်းမသိဘူး။ မီးလောင်တာတော့သေချာတယ်။ ရှို့မီးလား၊ သာမာန်မီးလောင်မှုလားတော့...

ပင်းတယမြို့နယ် တောင်သူများကို အတိုး ၅ ရာခိုင်နှုန်းဖြင့် ချေးပေးနေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်ရှိ တောင်သူလယ်သမားများအတွက် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ အတိုးငွေ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေချပေးနေကြောင်း စုံစမ်းသိရသည်။ ထိုချေးငွေများကို တောင်သူများ လယ်ယာစိုက်ပျိုးချိန်တွင် လာရောက်ချေးပေးခြင်းမရှိဘဲ သီးနှံပေါ်လာချိန်မှ လာရောက်ချေးပေးပြီး အတိုးနှုန်းကိုလည်း ယခင်ကထက်များလာကြောင်း ပင်းတယမှ တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီချေးငွေက...

Latest news