တာချီလိတ်တွင် ပိုင်ရှင်မဲ့ ကျပ်ငွေ ၂၀ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးစက်ရုံ စစ်ကော်မရှင် စီးနင်း

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့အနီးတွင် ခန့်မှန်းတန်ဖိုး မြန်မာကျပ်ငွေ ၂၀ ဒသမ ၂ ဘီလီယံ ခန့်ရှိသော မူးယစ်ဆေးဝါးများနှင့် အကြီးစား ထုတ်လုပ်ရေးစခန်းတစ်ခုကို သိမ်းဆည်းရမိကြောင်း စစ်ကော်မရှင် လက်အောက်ခံ မူးယစ်နှင့် ရဲတပ်ဖွဲ့က ယနေ့ (မတ်လ ၂၅ ရက်) တွင် သတင်းထုတ်ပြန်သည်။

တာချီလိတ်မြို့ မြောက်ဘက် ၂၈ ကီလိုမီတာခန့်အကွာရှိ မိုင်းဟဲကျေးရွာအုပ်စုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ (မတ်လ ၂၄ ရက်) ညနေ ၃ နာရီက ဝင်ရောက်စီးနင်းခဲ့ရာမှ သိမ်းဆည်းရမိခြင်း ဖြစ်သည်။

အဆိုပါစီးနင်းမှုတွင် မူးယစ်ဆေးဝါးချက်လုပ်သည့် စခန်းအတွင်းမှ SpaceX ကုမ္ပဏီထုတ် Starlink (Gen 3) ဂြိုဟ်တုအင်တာနက်စက်တစ်လုံးကို သိမ်းဆည်းရမိခြင်းကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် စခန်းအတွင်း၌ ပေ ၁၀၀ အရှည်ရှိသော ထုတ်လုပ်ရေးတဲကြီး ၂ လုံး အပါအဝင် ချက်လုပ်မှုနှင့် လူနေထိုင်မှုအတွက် အသုံးပြုသော တဲပေါင်း ၁၀ လုံးကျော်ကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းသည် ရိုးရိုးလက်လုပ်စခန်း မဟုတ်ဘဲ စက်မှုလက်မှုအဆင့် ထုတ်လုပ်နိုင်သည့် စက်ရုံစုတစ်ခုဖြစ်ကြောင်း မူးယစ်နှင့် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

စီးနင်းမှုအတွင်း WY စိတ်ကြွဆေးပြား ၆၉ သိန်းကျော်၊ အိုက်စ် ၄၉ ကီလိုဂရမ်နှင့် ကဖင်းဓာတ်ပစ္စည်း ၂ တန်ကျော် (၂၀၉၀ ကီလို) အပါအဝင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုကုန်ကြမ်းများနှင့် စက်ကိရိယာအစုံအလင်ကို ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် ဆေးပြားရိုက်မှို ၄၀၇ ချောင်း၊ မွှေစက်၊ မီးစက်၊ ဂတ်စ်အိုးများနှင့် ထုပ်ပိုးမှုပစ္စည်းများသာမက ဆက်သွယ်ရေးအတွက် အသုံးပြုသည့် Starlink (Gen 3) စက်တစ်လုံးကိုပါ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အာဏာပိုင်များသည် သိမ်းဆည်းရမိသည့် ပစ္စည်းများကို စနစ်တကျ ဖျက်ဆီးရန် ပြင်ဆင်နေပြီး၊ အဆိုပါ နယ်မြေတစ်ဝိုက်တွင် ကျန်ရှိနေနိုင်သော မူးယစ်ဆေးဝါး ကွန်ရက်များကို ဆက်လက် ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မူကြမ်းကို ကျော်လွန်၍ – စစ်မှန်သောညီညွတ်ရေးကို သင်ယူရမည့် ဗမာခေါင်းဆောင်ပိုင်း

0
မကြာသေးမီက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းဒေသကြီး အကောင်အထည် ဖော်ရေး ကောင်စီများက “ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) ကို ထုတ်ပြန်ကြေညာခဲ့ခြင်း သည်...

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...