ပုံးအင်း စစ်ရှောင် (၂၀၀) ဝန်းကျင်သည် အလှူရှင်လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသရှိ စစ်ရှောင် (၂၀၀) ဝန်းကျင်သည် ယခုကာလတွင် နေထိုင်ရန်အတွက် အခက်ခဲရှိသဖြင့် အလှူရှင်လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ဖယ်ခုံမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတပ်ဖွဲ့ များ မကြာခဏ တိုက်ပွဲဖြစ်ပွား မှုကြောင့် လွယ်ပေါကျေးရွာနှင့် မခေခမ်းကျေးရွာမှ စစ်ရှောင်များသည် မေလပိုင်းမှစပြီး ပုံးအင်းဒေသတွင် ရောက်ရှိလာကြောင်း စစ်ရှောင်များကို ကူညီစောင့်ရှောက်ရေးကော်မတီမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခုစာရင်းရထားတဲ့သမျှတော့ စစ်ရှောင်ဦးရေ (၂၀၀) ဝန်းကျင်လောက်ရှိတယ်။ တချို့လည်း သူတို့ ဆွေမျိုးတွေနဲ့ နေကြတယ်။ စစ်ရှောင်တွေအတွက်က နေရာအတိအကျမရှိဘူး။ အဆင်ပြေသလိုပဲ နေကြရတာ “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ပုံးအင်းဒေသ

ပုံးအင်းမှ စစ်ရှောင်ဦးရေ (၂၀၀) ဝန်းကျင်သည် ကျောင်းချယ်၊ ဘန်းယဥ်၊ ကွန်နား၊ နောင်မွန် နှင့် ပုံးအင်းဒေသတွင် မေလပိုင်းမှစပြီး စစ်ရှောင်လာကြပေမယ့် ယခုလက်ရှိအချိန်ထိ နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရသည်။

ဘန်းယဉ်ကျေးရွာအုပ်စု ကုန်းလမ်းကျေးရွာတွင် စစ်ရှောင်ဦးရေ (၃၀) ကျော်သည် အမျိုးသမီးနှင့် ကလေးငယ် များဖြစ်ပြီး ယခုကာလတွင် စားနပ်ရိက္ခာများအတွက် လိုအပ်နေကြောင်း ကုန်းလမ်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုစစ်ရှောင်လာတဲ့သူတွေက အမျိုးသမီးနဲ့ ကလေးငယ်တွေများတယ်။ အစားအသောက်တွေတော့ ကျနော်တို့ ရွာသားတွေ ချက်ပြုတ်ကျွေးတာပေါ့။ အလှူရှင်က မရှိဘူး၊ အခုကြာလာတော့ အခက်ခဲရှိပါတယ်။ တချို့လည်း နေ့စားလုပ်ကြတယ်။ နေထိုင်ဖို့အတွက်တော့ မိသားစုဝင်နည်းတဲ့နေအိမ်တွေမှာ နေရတယ် “ ဟု ၎င်းအမျိုးသား တစ်ဦး ကပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၂၄ ရက် ညနေပိုင်းတွင် လွယ်ပေါမှ စစ်ရှောင် အမျိုးသားတစ်ဦးသည် နေရပ်သို့ ပြန်သွားရာ စစ်ကောင်စီ၏ တဖတ်သတ် လက်နက်ပစ်ခတ်မှုကြောင့် လက်မောင်းတွင် ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပုံးအင်းဒေသ ဆန်စပါးဈေးနှုန်း ကျဆင်း၊လယ်သမားများ အရှုံးပေါ်နေ

0
သျှမ်းပြည် တောင်ပိုင်း ပုံးအင်းဒေသတွင် ဆန်စပါးဈေးနှုန်းများ ကျဆင်းခြင်းကြောင့် လယ်သမားများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ယခု ဇွန်လလယ်ပိုင်းမှစတင်၍ လယ်သမားများက စပါးများကို ထုတ်ရောင်းနေကြသော်လည်း စပါးဈေး ကျဆင်းနေပြီး ဝယ်ယူသူနည်းပါးနေကြောင်း သိရသည်။ လက်ရှိတွင် ပုံးအင်းဒေသ၌ ရွှေအပ်စပါး တစ်ပိဿလျှင် ၁၀၀၀ ကျပ်သာ ရရှိနေပြီး၊ ၂၀၂၅...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်မှုနှင့် တောင်သူအကျပ်

0
၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်ဆနီးပါး တိုးမြှင့်ထုတ်ချေးပေးမည်ဟု စစ်ကော်မရှင် လက်အောက်ခံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ စပါးတစ်ဧကလျှင် ၁ သိန်းခွဲကျပ်မှ ၃ သိန်းကျပ်အထိ တိုးမြှင့်ပေးလိုက်သော်လည်း မြေပြင်တွင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...