ရွှေအင်းတိန်ဘုရားအတွင်း စစ်ကောင်စီ နှင့် PNA တပ်သားများ ရောက်ရှိနေရာယူနေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ရွှေအင်းတိန်ဘုရားအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် PNA တပ်သားများက ရောက်ရှိနေရာယူထားကြောင်း သတင်းသိရသည်။

အဆိုပါ စစ်သားများသည် အင်းတိန်ရွာရှိ ရွှေအင်းတိန်ဘုရားသို့ ပြီးခဲ့သည့် သြဂုတ်လ နောက်ဆုံးပတ်တွင် ရောက်ရှိလာကြပြီး ရွာသားများကိုလည်း ခြိမ်းခြောက်ပြောဆိုမှုများရှိနေကြောင်း သတင်းသိရသည်။

“အင်းတိန်ဘုရားမှာ စစ်တပ်၊ ရဲ၊ PNO တွေ တပ်လာစွဲထားပြီ၊ အရင်နေ့က ‌ရွာက လူတွေ သူတို့ကို ကြည့်မိတာ ပြန်ရန်ရှာတယ်၊ ဘာလို့ကြည့်လဲ အဆော်ခံချင်လား ဆိုပြီး ခြိမ်းခြောက်ပြောကြတာ၊ အခုဆို အင်းတိန် ဘုရားဘက်ကို မသွားရဲကြဘူး” ဟု အင်းတိန်ရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အင်းတိန်ဘုရားအတွင်း ရောက်နေသည့် စစ်ကောင်စီ နှင့် PNA တပ်သားများသည် ဘုရားပရဝုဏ်အတွင်း အရက်သေစာသောက်စားခြင်းများ ပြုလုပ်သည့်အပြင် ဖြတ်သန်းသွားလာသည့် ပြည်သူများကို စစ်ဆေးမေးမြန်း ခြောက်လန့်ကြောင်း ဒေသခံများက ပြောသည်။

အင်းလေးဒေသ

အဆိုပါ စစ်သားတို့သည် အင်အား ၅၀ ခန့်ရှိပြီး အင်းတိန်အနောက်ဘက်ခြမ်းတစ်လျှောက် ကွင်းဆင်း စစ်ဆေးမှု များလည်း ပြုလုပ်လေ့ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“အင်းတိန်ဘုရားနဲ့ အနီးမှာရှိတဲ့ အင်းတိန် ညောင်အောင်ကျောင်းမှာ စစ်ဘေးရှောင်တွေ ရှိနေတော့ ဒီစစ်သားတွေ က အဲ့စစ်ရှောင်တွေဆီကိုလည်း သွားမေးမြန်းတာရှိတယ်၊ ရွာထဲကိုလည်း လျှောက်သွားကြ တယ်” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်ဖွဲ့များ လာရောက်နေရာယူနေခြင်းနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်မှုများရှိ နေကြောင်းလည်း သတင်းသိရသည်။

“ဒေသခံအနေနဲ့ စိုးရိမ်စရာရှိတော့ရှိတာပေါ့၊ နဂိုကတည်းက မငြိမ်မသက်ဖြစ်နေတဲ့နေရာဆိုတော့ အခုလို စစ်သားရောက် လာရင် ပိုဆိုးမှာကြောက်တယ်၊ အခုဆို ရွာထဲမှာ လူငယ်တွေ အပြင်မထွက်ရဲသလောက်ပဲ၊ ကြောက်ကြလို့” ဟု အမည်မဖော်လိုသူ အင်းတိန်ရွာခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ အာဏာသိမ်း စစ်ကောင်စီ နှင့် ပူးပေါင်းသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ အသွင်ပြောင်း ဌာနေပြည်သူ့စစ် (PNO/PNA) အဖွဲ့ကို ပအိုဝ်းလူငယ်အဖွဲ့ ၁၁ ဖွဲ့က ကန့်ကွက်ကြောင်းနှင့် PNO/PNA ရဲ့ လုပ်ရပ်ကို ပအိုဝ်းတမျိုးသားလုံးက ဆန့်ကျင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်များ ရှိခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...