စစ်ကောင်စီ
နောင်ချို အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်မှုကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်မှုကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်သွားရကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ဒုတိယပတ်အတွင်း နောင်ချိုမြို့နယ် စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ လာရောက် ခြိမ်းခြောက်မှုပြုလုပ်သဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်သွားရကြောင်း စစ်ရှောင်ကူညီပေးနေသည့် သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ ခြိမ်းခြောက်လို့ပဲ...
ပင်လောင်း – လွယ်ကြိန်းကျေးရွာ စစ်ရှောင်ဦးရေ (၁၀၀) ကျော်ထပ်မံရောက်ရှိ စားနပ်ရိက္ခာလိုအပ်
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုပ်ကျေးရွာအုပ်စု လွယ်ကြိန်းကျေးရွာတွင် မိုးဗြဲတိုက်ပွဲကြောင့် စစ်ရှောင် (၁၀၀) ကျော် ထပ်မံရောက်ရှိလာပြီး စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ဒုတိယအပတ်ထဲတွင် လွယ်ကြိန်းကျေးရွာ စစ်ရှောင်ဦးရေ (၁၀၀) ကျော် ထပ်မံရောက်ရှိလာပြီး အဝတ်တစ်ထည် ကိုယ်တစ်ထည်ဖြင့် တိုက်ပွဲရှောင်လာရာ ယခုတွင် စားနပ်ရိက္ခာအတွက်...
မိုးမိတ်မြို့တွင်းရှိ စာသင်ကျောင်းအချို့ကို စစ်ကောင်စီမှ ပိတ်ရန် ညွှန်ကြား
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ အချို့ကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့မှ ပိတ်ရန် ညွှန်ကြားကြောင်း သတင်းသိရသည်။ မိုးမိတ်မြို့နယ်အတွင်း SSPP/SSA နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့ကတည်းက ဝမ်ဘုံကန် (မိုးဘုံကျေးရွာ) မှ အလယ်တန်းကျောင်း နှင့်...
ပုံးအင်းဒေသ မူးယစ်ဆေးဝါးသုံးစွဲသူပေါများလာ မော်တာ-ရေစုပ်စက်များ ခိုးခံလာရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ပုံးအင်းဒေသအတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများ ပေါများလာသဖြင့် လယ်၊ ခြံ ထဲရှိ မော်တာ - ရေစုပ်စက်များ မကြာခဏ ခိုးခံ နေရကြောင်း စုံစမ်း သိရှိရသည်။ သြဂုတ်လပိုင်း မှစတင်ပြီး ယခုလထိ ပုံးအင်းဒေသ နောင်စန့်ကျေးရွာမှာ လယ်၊ ခြံ...
မိုးဗြဲမြို့အတွင်း စစ်ကောင်စီက တပ်ဆွဲနေထိုင်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ကောင်စီက အင်အားဖြည့်ပြီး ဝင်ရောက်တပ်စွဲနေထိုင်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၈) ရက် ညနေပိုင်းတွင် မွေတော်ဘုန်းကြီးကျောင်း၊ ကက်သလစ်ဘုရားကျောင်း နှင့် စည်ကားရပ်ကွက်များထဲတွင် စစ်ကောင်စီက အင်အားဖြည့်လာနေကြောင်း သိရသည်။ “မနေ့ ညကတည်းက အင်အားဖြည့်ပြီးတော့ မိုးဗြဲမြို့ထဲဝင်လာတာ။ မွေတော်ဘုန်းကြီးကျောင်းတွေ၊ ကက်သလစ်ဘုရားကျောင်းတွေမှာလည်း အင်အားဖြည့်နေတာ။...
လားရှိုးမြို့ ယာဥ်ထိန်းရဲ အနီး ဗုံးပေါက်ကွဲမှုဖြစ်
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ယာဥ်ထိန်းရဲရုံး အနီးတွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ် နှင့် လားရှိုးမြို့အဝင် မုခ်ဦးအနီးက စစ်ကောင်စီ တပ်စခန်း (ကညန) တွင် တစ်ကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၈) ရက် ည ၇ နာရီခွဲဝန်းကျင်တွင်...
မိုးမိတ်မြို့နယ် (SSPP/SSA) နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ် စစ်ကောင်စီဘက် ၃ ဦးသေ ၊ ၅ ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာရှိ ဟွေခမ်းတောင်ကြောတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့သည်ဟု သိရှိရပါသည်။ ယမန်နေ့ (စက်တင်ဘာ ၁၇) ရက် နံနက် ၇...
ပြင်ဦးလွင်မြို့ ကလေးငယ် ၂ ဦး အပါအဝင် ၅ လောင်းပြိုင် လူသတ်မှုဖြစ်
SHAN -
ပြင်ဦးလွင်မြို့ အနီးစခန်း စည်ကားကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၁၈) ရက်မှာ ကလေး ၂ ဦးအပါအဝင် မိသားစုဝင် (၅) ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ အဆိုပါ အသတ်ခံရသူများသည် ပြင်ဦးလွင် အနီးစခန်း စည်ကားကျေးရွာရှိ ကြက်ခြံတွင် နေထိုင်ကြသည့်သူများဖြစ်ကြောင်း ၊ သတ်ခံရချိန်တွင်...
သီပေါမြို့နယ် လောင်းကစားဝိုင်း မှာ ဓားခုတ်မှုဖြစ်ပွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင့်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် လောင်းကစားဝိုင်းတစ်ခု၌ ဓားခုတ်မှု ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက်တွင် ရွာသစ်ကျေးရွာအနီးရှိ ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ လောင်းကစားဝိုင်း တခုတွင် တုံစင့်ကျေးရွာသား တစ်ဦးက...
တာချီလိတ် – မယ်ဆိုင် ချောင်းဘေး အမျိုးသားတစ်ဦး ငါးမျှားရင်း ပျောက်ဆုံးနေ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှ အသက် (၄၄) နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးသည် မယ်ဆိုင်ချောင်းဘေးတွင် ငါးမျှားနေရင်း မတော်တဆ ချောင်းထဲချော်ကျသွားပြီး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာ ၁၇ ) ရက် ညနေ (၄) နာရီကျော်တွင် အသက် (၄၄)...





