Friday, January 30, 2026

စစ်ကောင်စီ

ကျေးသီးမြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် စစ်ဆေးတင်းကြပ်ပြီး ငွေညှစ်နေ

သျှမ်းပြည် ကျေးသီးမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်၍ ငွေညှစ် တောင်းခံနေကြောင်း သတင်းရရှိသည်။ ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၈၆) စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသည့် ကားသမားနှင့် ခရီးသွား ပြည်သူများကို စစ်ဆေးမှု တင်းကြပ်၍ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ကားသမားတစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို...

တောင်ကြီး အိုးရှင်းပတ်ဝန်းကျင်အနီး ဈေးသည်များကို အမိုးအကာများဖြင့် ဈေးရောင်းချခွင့်မပြု

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အိုးရှင်း‌ကုန်တိုက် အနီးပတ်ဝန်းကျင် ငလျင်အပြီး စည်ပင်မှ ဈေးသည်များကိုပြန်လည်ရောင်းချခွင့် ပြုခဲ့သော်လည်း အမိုးအကာများဖြင့် ဈေးရောင်းခွင့်မပြုခဲ့ကြောင်း သတင်းရရှိသည်။ အိုးရှင်း ကုန်တိုက် အနီးပတ်ဝန်းကျင်ဖြစ်သည့် အရှေ့နှင့် လမ်းကြားများရှိ ဈေးဆိုင်များကို ငလျင်အပြီး ဧပြီလ ၃ရက်မှစ၍ ဈေးပြန်ဖွင့်ခဲ့သည်။ သို့သော် ထိုဈေးဆိုင်များကို ထီးဖွင့်ရောင်းချခွင့်မရသောကြောင့် ဟင်းသီးဟင်းရွက် ကုန်စိမ်းရောင်းသည့်...

မြေငလျင်ကြီး လှုပ်ခတ်မည်ဟု သတင်းအမှားဖြန့်ဝေခဲ့သူ ဂျွန်မိုးသဲကို စစ်ကောင်စီဖမ်းမိ

မြေငလျင်ကြီးတစ်ခု ဧပြီလ ၂၁ ရက်တွင် လှုပ်ခတ်မည်ဟု Tiktok အကောင့်မှတစ်ဆင့် မဟုတ်မမှန် သတင်းအမှား ဖြန့်ဝေခဲ့သည့် John(Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ဧပြီလ ၂၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မုံရွာမြို့ မြဝတီရပ်ကွက်၊ တိုးချဲ့ကွက်သစ်ရပ်၊ နယ်မြေ (၁၂)...

အပစ်ရပ်ထပ်တိုးနေ့တွင် PNLO ဌာနချုပ်နှင့်ကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်

အပစ်အခတ်ရပ်စဲကြောင်း သက်တမ်းထပ်တိုးကြေညာသည့်နေတွင် စစ်ကောင်စီတပ်က သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ PNLO ၏ ဌာနချုပ်နှင့် ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLA မှ ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဧပြီလ ၂၂ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ပအိုဝ်းအမျိုးသား...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...

စစ်ကောင်စီနှင့် MNDAA နှစ်ဘက်ပူးတွဲဖိတ်ခေါ်မှုကြောင့် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ခဲ့ဟု တရုတ်ပြော

သျှမ်းပြည် လားရှိုးမြို့သို့ စစ်ကောင်စီနှင့် MNDAA နှစ်ဘက်ပူးတွဲ ဖိတ်ခေါ်မှုကြောင့် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောကြားလိုက်သည်။ ယမန်နေ့ (ဧပြီလ ၂၂ ရက်) တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပုံမှန်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး သတင်းထောက်တစ်ဦးမှ ကိုးကန့်တပ်ဖွဲ့...

တရုတ်“ကျားကွက်”ထဲက လားရှိုးမြို့

“ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေအပေါ် မျှမျှတတ ဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူ လာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့ လို့လည်း ပြောပိုင်ခွင့် မရှိဘူး၊ လက်ယက် ခေါ်လို့လည်း မရဘူး”လို့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ဘေးရှောင်ဖြစ်ခဲ့ရတဲ့...

စစ်ကောင်စီမှတောင်းခမ်းကို ထိုးစစ်ဆင်နေပြီး အဆိပ်ငွေ့ဗုံးအသုံးပြုကာ တိုက်ခိုက်နေ

သျှမ်းပြည်မြောက်ပိုင်း၊နောင်ချိုမြို့နယ် တောင်းခမ်းဒေသတွင် စစ်ကောင်စီမှ အပြင်းထန်ထိုးစစ်ဆင်နေပြီး အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်လာကြောင်းဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ဧပြီလ (၂၁)ရက်စွဲဖြင့်ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဧပြီလ (၂၀)ရက်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်(TNLA)နှင့် (DPLA)တို့ရှိသည့် တောင်းခမ်းကျေးရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးများကို နေ့လည် (၁)နာရီအချိန်တွင် (၃)လုံး၊ ညနေ (၃)နာရီအချိန်တွင် (၄)လုံး စသည်ဖြင့် အဆိပ်ငွေ့ဗုံးများကို ကြဲချတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့်...

လားရှိုးမြို့ပေါ် တရုတ်အကူအညီဖြင့် စစ်ကောင်စီ၏ စစ်ကားရာနှင့်ချီ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်လာ

သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ တရုတ်အကူအညီဖြင့် စစ်ကောင်စီဘက်မှ လက်နက်အပြည့်အစုံ တပ်ဆင်ကာ စစ်ကားရာနှင့်ချီ ယာဉ်တန်းဖြင့် ဝင်ရောက်လာခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂၂ ရက်) နံနက် ၈ နာရီခန့်မှ စတင်ပြီး စစ်ကောင်စီတပ်၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) မှ စစ်ကား (၁၂၀)...

တရုတ်လမ်းညွန်မှုဖြင့် လားရှိုးမြို့ပေါ် စစ်ကောင်စီနေရာပြန်ချရန် ဆွေးနွေးနေ

သျှမ်းပြည် လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA၊ စစ်ကောင်စီနှင့် တရုတ်ကိုယ်စားလှယ်တို့ ထပ်မံတွေ့ဆုံ ဆွေးနွေးနေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဧပြီ ၂၁ ရက်)တွင် လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA လားရှိုးမြို့မှ ထွက်ခွာသွားရန်နှင့် စစ်ကောင်စီအတွက် နေရာပြန်လည်ချမှတ်ရေးအတွက် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း လားရှိုးမြို့ ဒေသခံတစ်ဦးက...

Latest news