လားရှိုးပြည်သူ့ဆေးရုံနှင့် စစ်ကောင်စီ ဌာနဆိုင်ရာများ ရုံးလုပ်ငန်းစတင်လည်ပတ်

သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ရုံးများနှင့် ပြည်သူ့ဆေးရုံကြီးတို့ လုပ်ငန်းစတင်လည်ပတ်နေကြောင်း စုံစမ်းသိရသည်။

တရုတ်အကူအညီဖြင့် စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်တွင် ယမန်နေ့ (မေလ ၁ ရက်) မှ စတင်ပြီး စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာန၊ လူဝင်မှုကြီးကြပ်ရေး လဝက၊ မြို့နယ်ပညာရေးမှူးရုံးနှင့် ပြည့်သူ့ဆေးရုံကြီးတို့ စတင်ဖွင့်လှစ်ပြီး လုပ်ငန်းလည်ပတ်နေကြောင်း လားရှိုးဒေသခံများက ပြောသည်။

“ရုံးဝန်ထမ်းတွေ တော်တော်များများ မြို့ထဲပြန်ရောက်နေပြီ။ ဆေးရုံထဲမှာလည်း သန့်ရှင်းရေးလုပ်တဲ့လူတွေ အပြည့်ပဲ။ လမ်းမှာလည်း မော်တော်ပီကယ်တွေ ပြန်မြင်ရပြီ၊ ထောက်လှမ်းရေး SB တွေလည်း ပြန်ရောက်နေတယ်။ ဌာနပေါင်းစုံ ပြန်ရောက်ပြီလို့ ပြောလို့ရတယ်။ ဒါပေမယ့် အကုန်လုံးတော့ မဟုတ်သေးဘူး၊ ဖွဲ့စည်းပုံအတိုင်း အပြည့်တော့ မလည်ပတ်နိုင်သေးဘူး”ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့ရောက် သျှမ်းပြည်မြောက်ပိုင်းမှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် နေရပ်စွန့်ခွာခဲ့သည့် ဝန်ထမ်းများကို နယ်မြေအခြေအနေ ပြန်လည်အေးချမ်းလာခြင်းကြောင့် တာဝန်ပေးအပ်သည့် အချိန်တွင် မူလတာဝန်ကျရာ ဒေသများသို့ သွားရောက်နိုင်ရန်အတွက် စနစ်တကျ စုဖွဲ့ထားရန် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရမှ ဧပြီလ (၁၉) ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဧပြီလ (၂၂) ရက်က လားရှိုးမြို့ပေါ်သို့ ဝင်ရောက်လာခဲ့သည့် စစ်ကောင်စီလက်အောက်ခံ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) မှ စစ်ယာဉ်တန်း (၂၀၀) ကျော်လည်း လားရှိုးတက္ကသိုလ်၊ အမှတ် (၆၂၆) ထောက်ပို့တပ်၊ (၉၁၂) စစ်အင်ဂျင်နီယာတပ်ရင်းနှင့် ခလရ (၄၁) တပ်ရင်းတို့တွင် ပြန်လည်နေရာချထားကြောင်း ဒေသခံများထံမှ သိရသည်။

လားရှိုး ဆေးရုံ ပြန်ဖွင့်

အလားတူ လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီတပ် ပြန်လည်တပ်စွဲခဲ့သည့် ဧပြီလ ၂၂ ရက် နောက်ပိုင်းမှ စတင်ပြီး လားရှိုးမြို့ အဝင်အထွက် (၄) နေရာတွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ ဖြတ်သန်းသွားသည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ငွေတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA မှ လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်အပ်နှံပြီးနောက် မြို့ပေါ်တွင် MNDAA ဆက်ဆံရေးရုံး ဆက်လက်ထားရှိမည့်အပြင် တရုတ်နိုင်ငံမှ ကုန်သွယ်ရေးရုံး ဖွင့်လှစ်မည့် ကိစ္စများကို နှစ်ဘက်တပ်ဖွဲ့မှ တရားဝင် ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ထို့အပြင် စစ်ကောင်စီနှင့် MNDAA နှစ်ဘက်ပူးတွဲဖိတ်ခေါ်မှုကြောင့် လားရှိုးမြို့ လွှဲပြောင်းရေးအတွက် ဧပြီလ ၁၉ ရက်တွင် တရုတ်အစိုးရမှ စေလွှတ်ခဲ့သည့် ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့လည်း ပြန်လည်ထွက်ခွာသွားခြင်း မရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။

လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ရုံးများမှ စီမံအုပ်ချုပ်ပြီး ကိုးကန့်တပ်ဖွဲ့မှ ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဆက်လက်ထိန်းချုပ်ထားသည်။

ပုံစာ – လားရှိုးဆေးရုံကြီးတွင် စစ်ကောင်စီဝန်ထမ်းများ သန့်ရှင်းရေးပြုလုပ်နေစဉ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...