ရွာငံတွင် စစ်ကောင်စီတပ်သားများ အရပ်သား နေအိမ်တပ်စွဲ၊ ပိုက်ဆံတောင်း စားနပ်ရိက္ခာယူစားနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အရှေ့ဘက် ကျေးရွာများကို စစ်ကောင်စီမှ စစ်ကြောင်းထိုးနေပြီး၊ အရပ်သားနေအိမ်တွင် တပ်စွဲကာ၊ ပိုက်ဆံတောင်းပြီး နေအိမ်ရှိ စားနပ်ရိက္ခာများလည်း ယူစားနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်နေ့မှ၍ ယနေ့ (ဧပြီ ၃၀)ရက်ထိ ရွာငံမြို့နယ် အရှေ့ဘက်ကျေးရွာများကို စစ်ကောင်စီမှ စစ်ကြောင်းထိုးနေပြီး အရပ်သား နေအိမ်များထဲတပ်စွဲနေထိုင်ခြင်း၊ စားနပ်ရိက္ခာများကို ယူစားခြင်းအပြင် ခြံထဲမွေးထားသည့်ကြက်များကို ဖမ်းဆီး စားသုံးမှု ပြုလုပ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“သူတို့စစ်ကြောင်းက ခဏခဏလာတယ်။ သုံးဖွဲ့လောက်လာတယ်။တစ်ဖွဲ့ကို အင်အား(၆၀)လောက်ပါတယ်။ နေအိမ်ထဲဝင်နေတယ်။ ဘုန်းကြီးကျောင်းမှာလည်း ဝင်နေတယ်။ နောက် တစ်အိမ်ကို ကျပ်ငွေ ငါးသောင်း၊ ကြက် (၈)ကောင်ပေးရတယ်” ဟု ရွာငံ ဒေသခံ သတင်းရင်းမြစ် တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများသည် ကျေးရွာဒေသခံများကို လမ်းပြအဖြစ် ခေါ်ဆောင်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ပြီး ဒေသခံများ၏ ဖုန်းများကိုလည်း သိမ်းဆည်း သွားကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်သားများသည် ကျေးရွာအနီးရှိ တောတောင်ထဲသို့ စစ်ကြောင်းထိုးချိန်တွင်လည်း လမ်းတွင် တွေ့သမျှအရပ်သားများကို ခေါ်ဆောင်သွားခြင်း၊ လက်ကို ခေါင်းပေါ်တင်ပြီး ပြစ်မှုရှိသည့်အတိုင်း ငုတ်တုတ်ထိုင်ခိုင်းခြင်းများပြုလုပ်လေ့ရှိကြောင်း ရွာငံဒေသခံ အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ရွာငံမြို့နယ်


“ သူတို့ တောထဲ စစ်ကြောင်းထိုးချိန် လမ်းမှာတွေ့ရင်လည်း လမ်းပြခေါ်သွားတာ အချို့ကျတော့ လက်ကိုခေါင်းပေါ်တင်ပြီး ငုတ်တုတ်ထိုင်ခိုင်းတာ။ ကျမတို့ ခြံတောင်မသွားရဲဘူး။ ငတ်ရင်လည်း ငတ်ပါစေ ဆိုပြီး အလုပ်မသွားဘဲနေနေရတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းသည် ရွာငံမြို့နယ် အရှေ့ဘက်ကျေးရွာများကို စစ်ကြောင်းကို မကြာခဏထိုးသည့် အတွက် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ဧပြီလ (၁၂)ရက်နေ့တွင်လည်း ရွာငံမြို့နယ် ပါယ်ကင်းရွာမှ ပျူစောထီး (၃)ဦးနှင့် ကလေးတစ်ဦးကို အသတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီမှ ရွာငံမြို့နယ် ကျေးရွာများသို့ မကြာခဏစစ်ကြောင်းထိုးနေပြီး အနီးနားတောတောင်ထဲသို့ သေနတ်ရမ်းသမ်း ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

ရွာငံမြို့နယ်သည် ယခင်က အေးချမ်းသည့် ဒေသဖြစ်သော်လည်း ယခုတွင် စစ်ကောင်စီတပ်သားများက နယ်မြေစိုးမိုးထားပြီး စစ်ကြောင်းထိုး၊ ကျေးရွာမီးရှို့ခြင်းများ ပြုလုပ်နေလျှက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...