စစ်ကောင်စီ
စစ်ကောင်စီ လေကြောင်းပစ်ခတ် မိုးဗြဲမြို့ပေါ် ကလေးငယ် ၁ ဦးသေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ
သျှမ်း - ကရင်နီ (ကယား) နယ်စပ် မိုးဗြဲမြို့ပေါ် လူနေအိမ်ရပ်ကွက်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲသည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၇) ရက်...
မြို့ပြထိပါ လှုပ်ရှားလာတဲ့ တအာင်းတပ် TNLA
စစ်ဝတ်စုံ လက်နက် အပြည့်အစုံနဲ့ မြို့ပြကို ဦးတည်ပြီး အားမာန်နဲ့ ချီတက်လာကြသလို တချို့ကလည်း သစ်ပင်အောက်မှာ ထိုင်ခုံ နဲ့ ထိုင်နေတဲ့သူတွေလည်း တွေ့မြင်ရပါတယ်။ ဒီမြင်ကွင်းကတော့ သျှမ်းပြည်မြောက်ပိုင်း စစ်ကောင်စီ ရဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာမြို့ဖြစ်တဲ့ လားရှိုးမြို့ အနီးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...
သျှမ်း – ကရင်နီနယ်စပ် တိုက်ပွဲပြင်းထန်ဖယ်ခုံ PDF ရဲဘော် ထိခိုက်ဒဏ်ရာ ကျဆုံးရှိ
သျှမ်း-ကရင်နီ (ကယားပြည်) နယ်စပ် ဖယ်ခုံမြို့နယ်တွင်း ယနေ့ (မေ ၂၇)ရက် နံနက်ပိုင်းမှစပြီး စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး PDF တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြား PDF မှ ရဲဘော်များ ထိခိုက်ဒဏ်ရာ ကျဆုံးမှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ မေလ ၂၇ ရက် မနက်ပိုင်း၌...
လားရှိုးမြို့နယ်အတွင်း လက်ကြိုးတုတ်ပြီး ပစ်သတ်ခံရသည့် အလောင်းတွေ့
သျှမ်းပြည် လားရှိုးမြို့နယ်တွင် လက်ကြိုးတုတ်ပြီး သေနတ်ပစ်သတ်ခံရသည့် အမျိုးသား၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၂၇) ရက် မွန်းလွဲ၂ နာရီဝန်းကျင်တွင် လားရှိုးမြို့နယ် ကောင်းကြဲ (အီ) ကျေးရွာအုပ်စုအတွင်းရှိ ခိုက်ချန်ရွာမှ ငါးပါးသီလသင်္ချိုင်းအနီးတွင် လက်ကြိုးတုတ်ပြီး သေနတ်ပစ်သတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း...
မိုးဗြဲမြို့ လူနေအိမ်ပေါ်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး ပစ်ခတ်
သျှမ်း-ကရင်နီ (ကယား) နယ်စပ်ဒေသရှိ မိုးဗြဲမြို့ လူနေအိမ်ရပ်ကွက်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲသည့်အပြင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သားထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇) ရက် နံနက် ၅ နာရီကျော် အချိန်မှစပြီး မိုးဗြဲမြို့နယ် လူနေအိမ်ရပ်ကွက်ကို စစ်ကောင်စီမှ...
လားရှိုး – မူဆယ် လမ်းပိုင်း စစ်ကောင်စီက စစ်ဆေးမှုတင်းကြပ်
အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် သျှမ်းပြည် မြောက်ပိုင်း လားရှိုး - မူဆယ် လမ်းပိုင်းတစ်လျောက်၌ စစ်ဆေးမှု တင်းကြပ်နေကြောင်း စုံစမ်း သိရသည်။ လားရှိုးမြို့မှ သိန္နီ၊ ကွတ်ခိုင် စသည့် ပြည်ထောင်စုလမ်းကြောင်း တစ်လျောက် မူဆယ်မြို့ အထိ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် စစ်ဆေးရေးဂိတ်ဖွင့်ပြီး လမ်းသွားလမ်းလာများကို...
ကျောက်မဲ တွဲကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး တိုက်မိ၊ ဆိုင်ကယ်ပေါ်မှ လူ ၂ ဦး ပွဲချင်းပြီး သေဆုံး
သျှမ်းပြည် ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စုအတွင်းရှိ ကားလမ်းမပေါ်တွင် တွဲကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး တိုက်မိကြပြီး ဆိုင်ကယ်ပေါ်မှ လူ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၆) ရက် နံနက် ၇ နာရီတွင် ကျောက်မဲ - လားရှိုးဖက်မှ မောင်းနှင်လာသော...
မူးယစ်ဆေးသုံးစွဲသည့် ပုံးအင်းဒေသ အသက်မပြည့် လူငယ်များကို PNO မှ ဖမ်းဆီး ငွေတောင်း
သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသရှိ ဝမ်မိုင်ကျေးရွာမှ မူးယစ်ဆေးသုံးစွဲသော အသက်မပြည့်သေးသည့် လူငယ် ၃ ဦး အပါအဝင် အမျိုးသား ၁ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့ (PNO) မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေညစ်တောင်းယူနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ရက်တပတ်အတွင်း ညသန်းခေါင်၌ ပုံးအင်းဒေသရှိ ဝမ်မိုင်ကျေးရွာမှ...
ခေတ်ပျက်ကြားထဲ မူးယစ်ဆေးဒဏ်ပါခံနေရတဲ့ ပုံးအင်းတောင်သူ
လယ်ယာခင်းထဲက ခြုံပုတ်၊ မြက်ရိုင်းတွေကို ဓားရှည်တလက် နဲ့ အမျိုးသမီး တစ်ယောက်ဟာ ရှိသမျှ အားထုတ်ကာ နွေရာသီရဲ့ ပြင်းရှရှ အပူရှိန်ကို မမူနိုင်ဘဲ ခုတ်ထွင် ရှင်းလင်းနေပါတယ်။ အရင်က လယ်ယာခင်းတွေထဲရှိ ခြုံ၊ မြက်ရိုင်းတွေကို ဓားရှည် တလက် နဲ့ ရှင်းလင်းတဲ့ အလုပ်ကို အမျိုးသားတွေကိုသာ...
SSPP တပ်သားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ ၃ ဦးကို ဖမ်းဆီခေါ်ဆောင်သွား
ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ၏ တပ်သား ၁ ဦးကို စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်ပြီး ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယကျေးရွာအုပ်စု၌ စခန်းချ...





