တာချီလိတ်ခရိုင် တစ်ရက်အတွင်း ယာဉ်တိုက်၊ ယာဥ်တိမ်းမှောက်မှု လူ ၃ ဦး သေဆုံး

သျှမ်းပြည် တာချီလိတ်ခရိုင်တွင် တစ်ရက်အတွင်း ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် လူ ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယာဥ်တိုက်မှု

ယမန်နေ့ (မေလ ၂၈) ရက် နံနက်အစောပိုင်း ၃ နာရီတွင် ကျိုင်းတုံ – တောင်ကြီး ကားလမ်းပေါ်ရှိ ကျိုင်းဖောင်းရွာ အနီး၌ ကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး တိုက်မိကြပြီး ဆိုင်ကယ်ပေါ်မှ ဈေးသည်လင်မယား နှစ်ဦး သေဆုံးသွားခဲ့သည်။

အလားတူ ညပိုင်း ၁၀ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဟောင်လိတ် – လေယာဉ်ကွင်းလမ်းဆုံ၊ ကောင်းကောင်း ကုန်စုံဆိုင်အနီးတွင် ဆိုင်ကယ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ပေါ်မှ သားအဖ ၂ ဦးအနက် အဖေဖြစ်သူက ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် ဦးလှမိုး လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ အဓိကတော့ ဆိုင်ကယ်မောင်းတဲ့သူက ဆိုင်ကယ် ဦးထုပ်ဆောင်းရင် အသက်အန္တရာယ်ကတော့ ၉၀ ရာခိုင်နှုန်း မစိုးရိမ်ရဘူး။ သူတို့က ဦးထုပ်မဆောင်းတဲ့အခါ ဖမ်းတုန်းခဏ၊ ပညာပေးတုန်းခဏ ပြီးရင်ပြန်ချွတ်ကြတာ။ တချို့ မော်တော်ပီကယ်မြင်မှ ဦးထုပ်ဆောင်းတယ်။ အဲ့လိုမျိုးဖြစ်နေတော့ မပြောကောင်း၊ မဆိုကောင်း လက်ကျိုးရင် စတီးပြန်ထည့်လို့ရတယ်။ ဦးထုပ်မဆောင်းတဲ့အခါကြတော့ သတိလှစ်မယ်။ မတော်တဆ အသက်ဆုံးရှုံးမယ် “ ဟု တာချီလိတ်ဒေသ ယာဉ်စည်းကမ်း သိတတ်သူ တစ်ဦးက ပြောသည်။

အလားတူ တာချီလိတ်မြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရွှေ့ပြောင်းအလုပ်သမား၊ လူနေထူထပ်မှုများပြားလာသည်နှင့်အမျှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာသူများသည်လည်း မရှိသလောက် နည်းပါးနေကြောင်း သိရသည်။

အဆိုပါ လူနေထူထပ်မှု များပြားလာရခြင်းမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာသူများ မရှိခြင်းကြောင့် တာချီလိတ်မြို့နယ်တွင် ယခုမေလအတွင်း မတော်တဆ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုကြောင့် လူ ၅ ဦးသေဆုံးပြီး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...