Wednesday, January 28, 2026

တာချီလိတ်ခရိုင် တစ်ရက်အတွင်း ယာဉ်တိုက်၊ ယာဥ်တိမ်းမှောက်မှု လူ ၃ ဦး သေဆုံး

သျှမ်းပြည် တာချီလိတ်ခရိုင်တွင် တစ်ရက်အတွင်း ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် လူ ၃ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယာဥ်တိုက်မှု

ယမန်နေ့ (မေလ ၂၈) ရက် နံနက်အစောပိုင်း ၃ နာရီတွင် ကျိုင်းတုံ – တောင်ကြီး ကားလမ်းပေါ်ရှိ ကျိုင်းဖောင်းရွာ အနီး၌ ကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီး တိုက်မိကြပြီး ဆိုင်ကယ်ပေါ်မှ ဈေးသည်လင်မယား နှစ်ဦး သေဆုံးသွားခဲ့သည်။

အလားတူ ညပိုင်း ၁၀ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဟောင်လိတ် – လေယာဉ်ကွင်းလမ်းဆုံ၊ ကောင်းကောင်း ကုန်စုံဆိုင်အနီးတွင် ဆိုင်ကယ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ပေါ်မှ သားအဖ ၂ ဦးအနက် အဖေဖြစ်သူက ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် ဦးလှမိုး လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ အဓိကတော့ ဆိုင်ကယ်မောင်းတဲ့သူက ဆိုင်ကယ် ဦးထုပ်ဆောင်းရင် အသက်အန္တရာယ်ကတော့ ၉၀ ရာခိုင်နှုန်း မစိုးရိမ်ရဘူး။ သူတို့က ဦးထုပ်မဆောင်းတဲ့အခါ ဖမ်းတုန်းခဏ၊ ပညာပေးတုန်းခဏ ပြီးရင်ပြန်ချွတ်ကြတာ။ တချို့ မော်တော်ပီကယ်မြင်မှ ဦးထုပ်ဆောင်းတယ်။ အဲ့လိုမျိုးဖြစ်နေတော့ မပြောကောင်း၊ မဆိုကောင်း လက်ကျိုးရင် စတီးပြန်ထည့်လို့ရတယ်။ ဦးထုပ်မဆောင်းတဲ့အခါကြတော့ သတိလှစ်မယ်။ မတော်တဆ အသက်ဆုံးရှုံးမယ် “ ဟု တာချီလိတ်ဒေသ ယာဉ်စည်းကမ်း သိတတ်သူ တစ်ဦးက ပြောသည်။

အလားတူ တာချီလိတ်မြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရွှေ့ပြောင်းအလုပ်သမား၊ လူနေထူထပ်မှုများပြားလာသည်နှင့်အမျှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာသူများသည်လည်း မရှိသလောက် နည်းပါးနေကြောင်း သိရသည်။

အဆိုပါ လူနေထူထပ်မှု များပြားလာရခြင်းမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာသူများ မရှိခြင်းကြောင့် တာချီလိတ်မြို့နယ်တွင် ယခုမေလအတွင်း မတော်တဆ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုကြောင့် လူ ၅ ဦးသေဆုံးပြီး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...