KIO နှင့် PSLF တို့ကြား ပဋိပက္ခမပေါ်ပေါက်စေရန် အတွက် ဝိုင်းဝန်းထိန်းသိမ်းကြမည် ဟုဆို

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) ကြား မမျှော်လင့်သည့်အခက်အခဲများပေါ်ပေါက်လာပါက နှစ်ဖက်တိုင်ပင် ညှိနှိုင်းဖြေရှင်းသွားရန်နှင့် ပဋိပက္ခမပေါ်ပေါက်စေရန် အတွက် ဝိုင်းဝန်း ထိန်းသိမ်းကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

KIO နှင့် PSLF ထုတ်ပြန်ချက်

KIO နှင့် PSLF သည် မေ ၁၆ – ၁၇ ရက်တွင် ကချင်ပြည် မိုင်ဂျာယာန်မြို့တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အပြန်အလှန် နားလည်မှုရရှိစွာဖြင့် သဘောတူညီချက် (၅) ချက်ရရှိခဲ့ကြသည်။

ထိုသဘောတူညီချက်များမှာ KIO နှင့် ယခင် PSLO တို့ နှစ်ဖွဲ့ကြား ချုပ်ဆိုခဲ့ကြသည့် ထာဝရ မဟာမိတ် စာချုပ်ကို KIO နဲ့ PSLF တို့က ဆက်လက် အသိအမှတ်ပြုပြီး ထိန်းသိမ်း အကောင်အထည် ဖော်သွားကြရန် ဆိုသည့်အချက်လည်း ပါသည်။

အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲဆောင်ရွက်ရန် ၊ အမျိုးသား တန်းတူရေး အပေါ် အခြေခံပြီး အပြန်အလှန် လေးစားမှုဖြင့် အရင်အတိုင်း ချစ်ကြည်ရင်းနှီးစွာ အတူ နေထိုင်ရန်၊ မမျှော်လင့်သည့် အခက်အခဲများ ပေါ်ပေါက်လာပါက မှန်ကန်သော ဆုံးဖြတ်ချက်ရရှိရေးအတွက် နှစ်ဖက် တိုင်ပင်ညှိနှိုင်း ဖြေရှင်းသွားကြရန် နှင့် ပဋိပက္ခမပေါ်ပေါက်စေရန် အတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆိုသည့် အချက်လည်း သဘောတူညီချက်ရထားကြသည်။

ထို့အပြင် ဒေသခံများဖြစ်ကြသည့် ကချင်လူမျိုး ၊ တအာင်းလူမျိုး၊ သျှမ်း လူမျိုး အပါအဝင် ပြည်သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို နှစ်ဖက်တပ်ဖွဲ့က တာဝန်ခံကြရန် နှင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် လုပ်ရပ်များကို ရှောင်ရှားရန်ဆိုသည့် အချက်လည်း နှစ်ဖက်တပ်ဖွဲ့က သဘောတူညီကြသည်။

KIO နှင့် PSLF တပ်ဖွဲ့တို့သည် သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် ၊ နမ့်ခမ်း ၊ မူဆယ် စသည် မြို့နယ်များတွင် လှုပ်ရှား ဆောင်ရွက်မှုများ နှင့် ပတ်သက်ပြီး နယ်မြေသတ်မှတ်ရာမှာ ရှုပ်ထွေးနေသည့် အတွက် နှစ်ဖက် တပ်ဖွဲ့ကြား အငြင်းပွားမှုတွေလည်း ရှိနေသည်။

သျှမ်းမြောက်ပိုင်း တစ်လျှောက်တွင် PSLF/TNLA ၏ လှုပ်ရှားနယ်မြေအတွင်း ရှိနေသည့် တအာင်းလူမျိုးများကို တပ်သားအဖြစ် မစုဆောင်းကြရန် KIO/KIA ထံ စာပို့တားမြစ်သည့် ဖြစ်စဉ်လည်းရှိခဲ့ဖူးသည်။

အလားတူပင် KIO/KIA တပ်ဖွဲ့မှ လုံခြုံရေး တာဝန်ယူပေးနေသည့် မူဆယ်မြို့နယ် တီးမကျေးရွာဘက်ရှိ ရွှေတွင်းနေရာများသို့ PSLF/TNLA တပ်ဖွဲ့မှ ဝင်ရောက်အခွန်ကောက်မှု နှင့် ပတ်သက်ပြီး စိန်ခေါ်မှု တစ်ရပ် ဖြစ်နေကြောင်းလည်း KIO/KIA ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောဆိုဖူးသည်။

“စစ်ရေး နဲ့ လက်နက် အပြည့်အစုံနဲ့ ကျနော်တို့ လုံခြုံရေး ယူထားတဲ့ နယ်မြေအတွင်းကို ဝင်လာတယ် ဆိုတော့ ကျနော်တို့ အတွက် မကောင်းဘူးပေါ့နော်၊ ဒါက စိန်ခေါ်တဲ့ သဘောမျိုး ဖြစ်သွားတာပေါ့” ဟု ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယင်းကဲ့သို့ နှစ်ဖက်တပ်ဖွဲ့ အငြင်းပွားမှု ရှိလာခဲ့ပြီးသည့်နောက် ယခုတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် ပြုလုပ်သည့် KIO နဲ့ PSLF တွေ့ဆုံမှုတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကိစ္စရပ်များကိုလည်း အပြန်အလှန်သတင်းဖလှယ်ကြရန် နှင့် လူထု အခြေပြု မူးယစ် ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို အသိအမှတ်ပြု အားပေးကြောင်း ယနေ့ မေ (၂၈) ရက်မှာ KIO နှင့် PSLF တို့ ပူးပေါင်း ထုတ်ပြန်ထားသည်။

KIO ၏ လက်နက်ကိုင်တပ်ဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖြစ်ပြီး၊ PSLF ၏ လက်နက်ကိုင် တပ်ဖွဲ့သည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...