Wednesday, January 28, 2026

လွိုင်လင်လေး နေအိမ်တစ်လုံး ခြံဝင်းအတွင်း လက်နက်ကြီးကျပေါက်ကွဲ၊ ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီ (ကယား) ပြည် လွိုင်လင်လေးမြို့ ကုန်းမှီကိုရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေအိမ် ခြံဝင်းအတွင်း လက်နက်ကြီးတစ်လုံး ကျပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ပုံ – လူမှုကူညီရေးအသင်း

ယမန်နေ့ (မေလ ၂၈) ရက် ည ၈ နာရီတွင် နေအိမ်ခြံဝင်းအတွင်း လက်နက်ကြီးတစ်လုံး ကျပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ် မောင်ထွန်းလင်းသည် ဦးခေါင်း နှင့် ရင်ဘတ်၌ ယမ်းစထိမှန်သွားခဲ့သလို အသက် ၇ နှစ် အရွယ် မောင်ဟန်ထွန်းသည်လည်း ညာဖက် လက်ကောက်ဝတ်၌ ယမ်းစထိမှန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် ရွှေလွိုင်ကော် ပရဟိတအသင်းမှ သိရသည်။

“ တိုက်ပွဲကတော့ မဖြစ်ဘူးဗျ။ အဲ့ဖက်မှာက ဝေးဝေးတခါတော့ လက်နက်ကြီးကျတယ်။ သူတို့ မိသားစု ၄ ဦးထဲမှာ ကလေး ၂ ယောက် ထိတယ်။ လက်နက်ကြီးတစ်လုံးက သူတို့ နေအိမ်တည့်တည့်ကို ကျတာတော့ မဟုတ်ဘူး။ ခြံဝင်းထဲကို ကျတာ။ ကလေးတစ်ယောက်က ဦးခေါင်း နဲ့ ရင်ဘတ် ယမ်းစထိတယ်။ နောက်တစ်ယောက်က ညာလက်ကောက်ဝတ်မှာ ယမ်းစထိတယ်။ မစိုးရိမ်ရဘူး“ ဟု ပရဟိတ အသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူ ၂ ဦးကို ၎င်းတို့မှ သွားရောက်ကူညီခဲ့ပြီး လွိုင်ကော်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်သူနေအိမ် ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးတစ်လုံးသည် မည်သည့် အဖွဲ့အစည်းမှ ပစ်ခတ်ခဲ့သော လက်နက်ကြီးဖြစ်ကြောင်း အသေးစိတ်ကိုတော့ သီခြားအတည်မပြုနိုင်သေးပေ။

အလားတူ လွိုင်လင်လေးမြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ ခလရ (၅၃၀) တပ်ရင်း တစ်ခုရှိထားကြောင်း သိရသည်။

ထို့အပြင် လွိုင်လင်လေးမြို့ရှိ ကျေးရွာအနီးတဝိုက်တွင် ယခင်က စစ်ကောင်စီ နှင့် ကရင်နီတပ်မတော် (KA) တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသတစ်ခုဖြစ်သလို လက်ရှိအချိန်ထိ စစ်ဆေးတင်းမာနေသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...