သိန္နီ – ကွမ်လုံ ကားလမ်းပိုင်းတွင် ကုန်တင်ကား တစ်စီး မီးရှို့ဖျက်ဆီးခံရ

သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့ နှင့် ကွမ်လုံမြို့ လမ်းပိုင်းတွင် ကုန်တင်ကား တစ်စီး မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသအတွင်း ကားသမားများထံမှ စုံစမ်းသိရသည်။

မီးရှို့ဖျက်ဆီးခံရသည့် ကား

ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် သိန္နီမြို့ နှင့် ကွမ်လုံမြို့ သွားသည့် ကားလမ်းတစ်နေရာ၌ ဘိလပ်မြေ တင်လာသည့် ၁၂ ဘီးကား တစ်စီးသည် မီးရှို့ဖျက်ဆီးခံထားရပြီး၊ မီးရှို့ခံရသည့် ကားသမား ပျောက်နေကြောင်း ဒေသတွင်း ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မန္တလေးဘက်က တက်လာတဲ့ ကားလို့ သိရပါတယ်၊ လောက်ကိုင်ဘက်ကို ဘိလပ်မြေ တင်ပို့ဖို့ တက်လာတာတဲ့၊ သူ့ကားရှေ့ကို လက်နက်ကိုင် တပ်ဖွဲ့ တစ်စုက လာတားပြီး ကားသမားကို ဆင်းခိုင်းတာ၊ ပြီးတော့ ကုန်တွေနဲ့ ကားကို မီးရှို့ဖျက်ဆီးလိုက်တာ၊ အခွန်မဆောင်လို့ ဆိုလားပဲ” ဟု လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသအတွင်းက ကားသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကုန်တင်ကားကို မီးရှို့ဖျက်ဆီးသည့် လက်နက်ကိုင် တပ်ဖွဲ့သည် မည်သည့် အဖွဲ့အစည်းက ဖြစ်သည်ကို သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လားရှိုးခရိုင် မှ မူဆယ်ခရိုင် အထိ လမ်းပိုင်း တစ်လျှောက်တွင် ကားသမားများ၊ လမ်းသွားလမ်းလာများထံမှ အခွန်ကောက် ဆက်ကြေးတောင်းနေသည့် လက်နက်ကိုင် တပ်ဖွဲ့များပေါများလာကြောင်း ဒေသခံများက ဆက်ပြောသည်။

ထို့အပြင် အခွန်တောင်းသည့် ပမာဏလည်း များပြားသည့် အတွက် သတ်မှတ်ထားသည့် အချိန်အတွင်း အခွန် မဆောင်နိုင်သည့် ကားသမားများကိုလည်း ပေါ့ပါးသည့် ပြစ်ဒဏ်ကိုသာ လုပ်သင့်ကြောင်းလည်း အထက်ပါ ကားသမားက ဆက်ပြောသည်။

“အခွန်ကောက်တာ ဆိုလည်း သင့်တင့်တဲ့ ပမာဏ တောင်းသင့်ပါတယ်၊ ကားသမားတွေလည်း ကိုယ်စီအခက်အခဲ တွေ နဲ့မို့ ကိုယ်ချင်းစာသင့်ပါတယ်။ တကယ်လို့ အခွန်မဆောင်နိုင်တဲ့ သူဆိုလည်း ပေ့ါပါးတဲ့ အပြစ်လောက်ပေါ့။ အခုလို ကားကို မီးရှို့တာ၊ လူကို ဖျောက်ပစ်တာမျိုးတွေက ကားသမားတွေမကဘူး၊ သူ့မိသားစုဝင်တွေပါ ဘဝပျက်သွားနိုင်တယ်” ဟု ၎င်းက ဆိုသည်။

သျှမ်းပြည် မြောက်ပိုင်းတစ်လျှောက်တွင် အခွန်ကောက် ဆက်ကြေးတောင်းသည့် လက်နက်ကိုင် အဖွဲ့အစည်းများ စုံလင်ပေါများလှသော်လည်း ကုန်တင်ကားများ ပစ်ခတ်ခံရခြင်း၊ မီးရှို့ဖျက်ဆီးခံရခြင်းတို့က မကြာခဏ ဖြစ်လေ့ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မတ်လ ဆန်းပိုင်းမှာလည်း အဆိုပါလမ်းတွင် ၁၂ ဘီး ကုန်တင်ကား ၂ စီး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ယနေ့အထိ မည်သည့် တပ်ဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရသေးပေ။

အဆိုပါ လမ်းပိုင်း တစ်လျှောက်တွင် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့အပြင် စစ်ကောင်စီတပ်တွေနဲ့ သိန္နီ PDF တို့လည်း စစ်ရေးလှုပ်ရှားလျက်ရှိပြီး အခွန်တွေ ကောက်ခံနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...