သျှမ်းပြည် လွိုင်လင်မြို့ မြို့မဈေးရှိ ရွှေဆိုင်တစ်ဆိုင်တွင် ယနေ့ (မေလ ၂၉) ရက် နေ့လယ်ပိုင်းအချိန်မှစ၍ ဓားပြတိုက်ခံရပြီး ရွှေဆိုင်အတွင်းမှ ရွှေများအားလုံးနီးပါး ပါသွားကြောင်း စုံစမ်းသိရသည်။

“ဒီနေ့ နေ့လယ်ပိုင်းလောက်က မြို့မဈေးထဲမှာ ဖွင့်ထားတဲ့ ရွှေဆိုင်တစ်ဆိုင်ကို ဓားပြတွေက ဝင်တိုက်တာ။ ရွှေတွေတော့ တစ်ဆိုင်လုံးနီးပါးလောက် ပါသွားတယ်။ ဓားပြတိုက်တဲ့ အဖွဲ့က ထွက်ပြေးသွားတော့ အခု လမ်းမပိတ်ပြီး စစ်နေတယ်” ဟု လွိုင်လင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ ဓားပြတိုက်ခံရသည့် ရွှေဆိုင်တစ်ဆိုင်သည် “တနိုင်ရွှေဆိုင်” ဟူ၍ နာမည်သိထားရသည်။
ယင်းကဲ့သို့ ရွှေဆိုင်ဓားပြတိုက်ခံရခြင်းကြောင့် စစ်ကောင်စီ နှင့် ရဲများက ပူးပေါင်းပြီး လွိုင်လင် – နမ့်စန် – ပင်လုံ – လဲချား ကားလမ်းမပေါ်ရှိ ဂိတ်၌ စစ်ဆေးတင်းကြပ်မှု ပြုလုပ်နေကြောင်း သိရသည်။
အလားတူ ယနေ့ (မေလ ၂၉) ရက် တောင်ကြီးမြို့တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မည်ဟု သတင်းကြောင့် လွိုင်လင် – လဲချားလမ်းကို ပိတ်ထားပြီး စစ်ကောင်စီမှ စစ်ဆေးမှု တင်းကြပ်နေကြောင်း သိရသည်။












Leave a Comments