အောင်ပန်းမြို့ အသက်မပြည့်သေးသည့် လူငယ်တစ်ဦး ပျောက်ဆုံးနေ

သျှမ်းပြည် အောင်ပန်းမြို့ လှည်းရိုးရပ်ကွက်အတွင်း နေထိုင်သည့် အသက်မပြည့်သေးသည့် လူငယ်တစ်ဦးသည် အွန်လိုင်းအသိမိတ်ဆွေမှတစ်ဆင့် ခေါ်ဆောင်သွားခြင်းခံရပြီး ၃ ရက်ကြာ ဖုန်းအဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။

ပျောက်ဆုံးသွားသူအမျိုးသား

ဖြစ်စဉ်မှာ မေလ ၂၇ ရက် နံနက်ပိုင်း ၁၀ နာရီခန့်တွင် အသက် ၁၆ နှစ်အရွယ်ရှိ မောင်ဉက္ကာကို ဆိုသူသည် ၎င်း၏ မိသားစုဝင်ထံ တစ်စုံတစ်ရာ စကားမှာကြားခြင်းမရှိဘဲ နေအိမ်မှတစ်ဆင့် ထွက်သွားခဲ့ပြီး ယနေ့ (မေလ ၂၉) ရက်ထိ ၃ ရက်ကြာ ဖုန်းအဆက်အသွယ် မရဘဲ ပျောက်ဆုံးနေကြောင်း ၎င်း၏ ဦးလေးဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူက ခပ်အေးအေး နေတတ်တယ်။ ဒီကလေး အသက်လည်း မပြည့်သေးဘူး။ ဘယ်မှလည်း မသွားတတ်၊ မလာတတ်ဘူး။ သူက အပေါင်းအသင်းလည်း သိပ်မရှိဘူး။ သူ့ရဲ့ အကောင့်ထဲကိုဝင်ပြီး ကြည့်တော့ မိုးကုတ်ကဆိုတဲ့ အဲ့ဒီလူကိုတွေ့တယ်။ အောင်ပန်းရဲစခန်းမှာ ခရီးသွားထောက်ခံစာ ပုံရယ်၊ အောင်ပန်းနဲ့မန္တလေး ကားလက်မှတ်ပုံရယ် သူက ဓာတ်ပုံရိုက်ပြီး ဟိုဖက်လူကို ပို့ထားတယ်။ အဲ့ဒီဟာကိုဘဲ ကျနော်တို့တွေ့ပြီးတော့ အဲ့ကလူလာခေါ်သွားတယ်လို့ ကျနော်တို့ ကောက်ချက်ချရတာပေါ့ “ ဟု ၎င်းဦးလေးက ပြောသည်။

မောင်ဉက္ကာကို သည် နေအိမ်မှထွက်သွားသည့်နေ့မှစ၍ ၎င်း၏ မိသားစုဝင်များက အကြိမ်ကြိမ်အခါခါ ကြိုးစားပြီး ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းဆက်ပိတ်ထားခြင်းကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

ထို့အပြင် ခေတ်ကာလ မကောင်းသည့်အချိန်၌ မောင်ဉက္ကာကို သည် ဖုန်းအဆက်အသွယ် မရဘဲ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြောင်း သိရသည်။

“ အခု သူ့အမေကတော့ စားမဝင်၊ အိပ်မပျော် တငိုငိုတရယ်ရယ် ဝမ်းနည်းနေတာပေါ့။ ပြီးတော့ သူက ညီကိုမောင်နှမ ၄ ယောက်ထဲမှာ ယောင်္ကျာလေးတစ်ယောက်ထဲ ပါတယ်။ သူပြောဖူးတာတော့ သူထွက်သွားရင် လိုက်ရှာမလားလို့ မေးဖူးတယ်။ ပြီးတော့ မပျောက်ခင် ၂ ရက်လောက် အလိုမှာ တောင်းပန်ပါတယ်လို့ ပြောသေးတယ်။ ဘာလို့လဲမေးတော့ နောက်မှ သိလာမယ်ဘဲ ပြောတယ်။ စတယ်ပဲထင်နေတာ “ ဟု ၎င်း၏ အစ်မဖြစ်သူက ထပ်လောင်းပြောသည်။

အဆိုပါ ပျောက်ဆုံးသွားသူ မောင်ဉက္ကာကို သည် အောင်းပန်းမြို့မှ တစ်ဆင့် မန္တလေးသို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်နေကြောင်း မိသားစုဝင်များက ယူဆထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင် လူပျောက်ဆုံးမှု မကြာခဏ ဖြစ်ပွားနေပြီး ပျောက်ဆုံးမှု နောက်ကွယ်တွင် သတ်ဖြတ်ခံရခြင်း၊ အိမ်ထောင်ပြုခြင်း နှင့် နယ်စပ်ဒေသ၌ တရားမဝင် အလုပ်အကိုင် သွားရောက်လုပ်ကိုင်ခြင်း ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...