Thursday, February 12, 2026

စစ်ကောင်စီ

ဖယ်ခုံမြို့နယ် တတစ်လအတွင်း တိုက်ပွဲ (၆) ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်မှ (၁၉) ဦး သေဆုံး၊ PDF ရဲဘော် (၆) ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်တွင် တစ်လအတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ (၆) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ဘက်မှ (၁၉) ဦး သေဆုံးကာ PDF ဘက်မှ ရဲဘော် (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း...

ကယန်းပြည်သစ် လုံခြုံရေးဂိတ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့နယ်အတွင်းရှိ ကယန်းပြည်သစ်ပါတီ၊ ကယန်းပြည်သစ် တပ်မတော် (KNLA) ၏ လုံခြုံရေးဂိတ်အချို့ကို ယနေ့ (ဇွန်လ ၁) ရက် နံနက်အစောပိုင်းတွင် စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲချခဲ့ကြောင်း စုံစမ်းသိရသည်။ “ ဒီနေ့ မနက်အစောပိုင်းက လေယာဉ်နဲ့ ဗုံးကြဲသွားတာ။ မိုးမလင်းသေးတဲ့အချိန်...

နမ္မတူချောင်းအတွင်း ကလေးငယ် ၂ ဦးရေနစ်သေဆုံး

သျှမ်းပြည် နမ္မတူမြို့နယ် နယ်မြေ (၅) ရှိ နမ္မတူချောင်းအတွင်း ကလေးငယ် ၃ ဦး ရေဆင်းချိုးနေစဉ် ၂ ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၃၁) ရက် ၁ နာရီခွဲတွင် နမ္မတူမြို့နယ် ရှိ နမ္မတူချောင်းအတွင်း ကလေးငယ် ၃...

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားပေါ် ကညင်ဖြူ သစ်ကိုင်းကျိုးကျ သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် သရဖီ (Saraphi) မြို့နယ် နောင်ဖင်ကျေးရွာအုပ်စုရှိ ကညင်ဖြူပင် ကျိုးကျပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား (၁) ဦးပေါ် ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မေ (၃၁) ရက် ညနေပိုင်း (၅) နာရီတွင် ဆိုင်ကယ်စီးလာသည့် အသက် (၃၇)...

သျှမ်းပြည် လိင်ပိုင်းဆိုင်ရာ နှင့် ကျား – မ ကွဲပြားမှု အပေါ်အခြေခံသည့် အကြမ်းဖက်ခံရမှု တိုးလာ

သျှမ်းပြည် အတွင်း လိင်ပိုင်းဆိုင်ရာ နှင့် ကျား - မ ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်ခံရမှု တိုးလာကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) မှ ထုတ်ပြန်လိုက်သည်။ မတ်လ မှ ဧပြီလ အထိကောက်ယူထားသည့် အချက်အလက်အရ အမျိုးသမီးများ အိမ်တွင်း အကြမ်းဖက်ခံရမှု ၇...

ဆီဆိုင်မြို့နယ်မှ ကျောင်းပညာရေး ဝန်ထမ်းများ ကျောင်းအပ်ချိန် လောင်းကစားဝိုင်းရောက်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုမှ ကျောင်းပညာရေးဝန်ထမ်းများသည် ကျောင်းအပ်နှံချိန် ကျောင်းတွင်မရှိဘဲ လောင်းကစားဝိုင်း ရောက်ရှိနေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကျောင်းပညာရေးဝန်ထမ်းများမှာ ဆီဆိုင်မြို့နယ် ဘန်းယဥ်ကျေးရွာအုပ်စု ဖိုင်ကွမ်းကျောင်းအုပ် ဆရာကြီး နှင့် နောင်မွန်ကျေးရွာအုပ်စု လီမွန်ကျေးရွာ ကျောင်းအုပ်ဆရာမများဖြစ်ကြပြီး ကျောင်းအပ်နှံချိန်တွင် လောင်းကစားဝိုင်းရောက် ရှိနေကြောင်း သိရသည်။ “ ပြီးခဲ့တဲ့...

လဲချားမြို့နယ်အတွင်း စစ်ကောင်စီက အင်အားဖြည့်၊ စစ်ဆေးရေးဂိတ်များထပ် ဖွင့်လှစ်

သျှမ်းပြည် လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်းပြီး စစ်ဆေးရေးဂိတ်များထပ်မံ ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းတပ်နှစ်တပ်မှ လဲချားမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီးသည့်နောက်တွင် စစ်ကောင်စီ တပ်ဖွဲ့သည် လဲချားမြို့နယ် ဟဲဆိုင် (ဝၢၼ်ႈႁၢႆးသႅင်) ကျေးရွာဘက်တို့၌ စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ပြီး လမ်းသွားလမ်းလာ များကို တားမြစ် စစ်ဆေးနေလျက်ရှိကြောင်းလည်း ဒေသခံများက ပြောသည်။ “တာဆန်းရွာ၊...

တရုတ်ဖိအားကြောင့် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီ ပထမဆုံး အကြိမ် မိုင်းလားတွင်တွေ့ဆုံမည်

တရုတ်နိုင်ငံအစိုးရ၏ဖိအားကြောင့် ညီနောင်မဟာမိတ် သုံးဖွဲ့ ဖြစ်ကြသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ တအာင်း (ပလောင်) တပ်ဖွဲ့ TNLA ၊ ရခိုင့် တပ်တော် AA တို့နှင့် စစ်ကောင်စီ တို့ ပထမဆုံး အကြိမ် အနေဖြင့် မိုင်းလားမြို့တွင် တွေ့ဆုံရန် စီစဥ်ထားကြောင်းသိရသည်။ အဆိုပါ...

ဆီဆိုင်မြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာ စတင်ပြတ်လပ်မှု ရင်ဆိုင်နေရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် အလှူရှင်များထံမှ ကူညီထောက်ပံ့မှုများ မရရှိတော့သဖြင့် စားနပ်ရိက္ခာများ စတင်ပြတ်လပ်မှု ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လဆန်းပိုင်းမှစ၍ ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် ဒေသခံများထံမှ ကူညီထောက်ပံ့မှု အပါအဝင် NGO၊ INGO များထံမှ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုကြောင့် တစ်လစာသာရရှိထားကြောင်း သိရသည်။ မတ်လကုန်ပိုင်းမှစပြီး...

မိုးဗြဲမြို့ (၄) ရက်ဆက် တိုက်ပွဲကြား ကလေးအပါအဝင် အရပ်သား (၄) ဦး သေဆုံး၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဒေသရှိ မိုးဗြဲမြို့တွင် (၄) ရက်ဆက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကလေးအပါအဝင် အရပ်သား (၄) ဦး သေဆုံးပြီး အရပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၇ ရက်မှ မေလ...

Latest news