Sunday, May 5, 2024

ဖယ်ခုံ (အထက ၁) ကျောင်း မီးလောင်မှုဖြစ်ပွား

Must read

သျှမ်းပြည် ဖယ်ခုံမြို့ အမှတ် (၁) အထက်တန်းကျောင်း (အ.ထ.က ၁)ကျောင်းသည် ဇွန်လ ၃ ရက် ၁၁ နာရီအချိန်ဝန်းကျင်က စတင်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

” ဘယ်က မီးစလောင်တာတော့ မသိရသေးဘူး။ ကျနော်လည်း တခြားနေရာတခုခဏရောက်နေလို့ လေယာဥ်အသံကြားနေတယ်။ တစ်ကျောင်းလုံးတော့ ပြာကျကုန်ပြီ ” ဟု သတင်းရင်းမြစ်တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကျောင်းဆောင်အတွင်း မီးလောင်ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် ဖယ်ခုံမြို့ရှိ အ.ထ.က ၁ ကျောင်းအတွင်း စစ်ကောင်စီ၏ တပ်ရင်း ၅၅ နှင့် ၆၆ မှ သွားလာ လှုပ်ရှားနေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article