သိန္နီမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီ ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည် လားရှိုးခရိုင် ၊ သိန္နီမြို့နယ်အတွင်း ယမန်နေ့ ဇွန် ၄ ရက် ည ၉ နာရီတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။

သိန္နီမြို့

ယမန်နေ့ ည ၉ နာရီအပြင် မနက် ၂ နာရီ ဝန်းကျင်တွင်လည်း သိန္နီမြို့အဝင် တံတားနားတွင် ပစ်ခတ်မှုထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အတိကျပြောဖို့ကတော့ ခက်တယ်။ ကိုးကန့် နဲ့ စစ်တပ်က ပစ်ခတ်မှုဖြစ်တာ။ ကိုးကန့်ဘက်ကနေတော့ သူတို့ RPG လက်နက်ကြီး တစ်လုံး နဲ့ သေနတ်အိတ်တစ်ခုကျထားခဲ့တယ်တဲ့။ အဲ့ဒါကိုတော့ စစ်တပ်ကနေ ကောက်ယူသွားလိုက်ပြီ။ သိန္နီမြို့ အဝင်တံတားနားဖြစ်တာ။ ည ၉ နာရီက လက်နက်ကြီးသံကြားပြီးတော့ မနက် ၂ နာရီမှာ ထပ်ဖြစ်သေးတယ်” ဟု သိန္နီမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှု မဖြစ်ပွားစဉ်တွင် ကိုးကန့်တပ်ဖွဲ့ နှင့် PDF တို့က ပူးပေါင်းပြီး မြို့ဝင်တံတားနားတွင် မိုင်း လာထောင်ထားကြောင်း၊ ဗုံးပေါက်ကွဲမှု နှင့် ပစ်ခတ်မှုကြောင့် ထိုအနီးနား နေထိုင်သည့် ပြည်သူ့နေအိမ်တစ်ချို့ အနည်းငယ်ထိခိုက် ပျက်စီးမှုရှိကြောင်း သိရသည်။

“အစကတော့ ကိုးကန့်တပ်မတော် နဲ့ PDF တို့က ပူးပေါင်းပြီးတော့ တံတားနား ဗုံးလာထောင်တာတဲ့။ ခြိမ်းခြောက်တဲ့အနေနဲ့ မိုင်း လာထောင်ထားတာတဲ့။ လူထိခိုက်မှုတော့ မရှိဘူး။ အဲ့နားနေတဲ့ အိမ်တွေတချို့ရဲ့ နံရံတွေပဲ ပျက်စီးသွားတာ။ ဒီနေ့ထိတော့လည်း ပုံမှန်အတိုင်း ပြန်သွားလာလို့ရပါတယ်” ဟု သိန္နီမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သိန္နီမြို့အဝင် တံတားနားတွင် မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားလျက်ရှိသည့်နေရာဖြစ်ပြီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်တည်ရှိထားသည့် နေရာဖြစ်သည်။

အလားတူ ယနေ့ ဇွန် ၅ ရက် နံနက် ၃ နာရီဝန်းကျင်တွင်လည်း လားရှိုးမြို့လယ်၊ ကန်မိန်းကျောင်းအတွင်းသို့ ကိုးကန့်တပ်ဖွဲ့ MNDAA က ဝင်ရောက်လာခဲ့ပြီး အမှတ် (၂) ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...