Wednesday, January 28, 2026

သိန္နီမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီ ပစ်ခတ်မှုဖြစ်ပွား

သျှမ်းပြည် လားရှိုးခရိုင် ၊ သိန္နီမြို့နယ်အတွင်း ယမန်နေ့ ဇွန် ၄ ရက် ည ၉ နာရီတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်း သိရှိရသည်။

သိန္နီမြို့

ယမန်နေ့ ည ၉ နာရီအပြင် မနက် ၂ နာရီ ဝန်းကျင်တွင်လည်း သိန္နီမြို့အဝင် တံတားနားတွင် ပစ်ခတ်မှုထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အတိကျပြောဖို့ကတော့ ခက်တယ်။ ကိုးကန့် နဲ့ စစ်တပ်က ပစ်ခတ်မှုဖြစ်တာ။ ကိုးကန့်ဘက်ကနေတော့ သူတို့ RPG လက်နက်ကြီး တစ်လုံး နဲ့ သေနတ်အိတ်တစ်ခုကျထားခဲ့တယ်တဲ့။ အဲ့ဒါကိုတော့ စစ်တပ်ကနေ ကောက်ယူသွားလိုက်ပြီ။ သိန္နီမြို့ အဝင်တံတားနားဖြစ်တာ။ ည ၉ နာရီက လက်နက်ကြီးသံကြားပြီးတော့ မနက် ၂ နာရီမှာ ထပ်ဖြစ်သေးတယ်” ဟု သိန္နီမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှု မဖြစ်ပွားစဉ်တွင် ကိုးကန့်တပ်ဖွဲ့ နှင့် PDF တို့က ပူးပေါင်းပြီး မြို့ဝင်တံတားနားတွင် မိုင်း လာထောင်ထားကြောင်း၊ ဗုံးပေါက်ကွဲမှု နှင့် ပစ်ခတ်မှုကြောင့် ထိုအနီးနား နေထိုင်သည့် ပြည်သူ့နေအိမ်တစ်ချို့ အနည်းငယ်ထိခိုက် ပျက်စီးမှုရှိကြောင်း သိရသည်။

“အစကတော့ ကိုးကန့်တပ်မတော် နဲ့ PDF တို့က ပူးပေါင်းပြီးတော့ တံတားနား ဗုံးလာထောင်တာတဲ့။ ခြိမ်းခြောက်တဲ့အနေနဲ့ မိုင်း လာထောင်ထားတာတဲ့။ လူထိခိုက်မှုတော့ မရှိဘူး။ အဲ့နားနေတဲ့ အိမ်တွေတချို့ရဲ့ နံရံတွေပဲ ပျက်စီးသွားတာ။ ဒီနေ့ထိတော့လည်း ပုံမှန်အတိုင်း ပြန်သွားလာလို့ရပါတယ်” ဟု သိန္နီမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သိန္နီမြို့အဝင် တံတားနားတွင် မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားလျက်ရှိသည့်နေရာဖြစ်ပြီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်တည်ရှိထားသည့် နေရာဖြစ်သည်။

အလားတူ ယနေ့ ဇွန် ၅ ရက် နံနက် ၃ နာရီဝန်းကျင်တွင်လည်း လားရှိုးမြို့လယ်၊ ကန်မိန်းကျောင်းအတွင်းသို့ ကိုးကန့်တပ်ဖွဲ့ MNDAA က ဝင်ရောက်လာခဲ့ပြီး အမှတ် (၂) ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...