NSPNC နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ တွေ့ဆုံမှုတွင် မတရားအသင်းမှ ပယ်ဖျက်ရေးကိစ္စအတွက် ပြောဆိုဆွေးနွေးခဲ့

စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ တို့ တွေ့ဆုံဆွေးနွေးမှုတွင် မတရားအသင်းမှ ပယ်ဖျက်ရေး ကိစ္စများ ပြောဆို ဆွေးနွေးဖြစ်ခဲ့ကြောင်း သိရသည်။

ပုံ- NSPNC နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့ မိုင်းလား၌ တွေ့ဆုံဆွေးနွေးစဥ်။

အဆိုပါ တွေ့ဆုံမှုကို ဇွန်လ ၁ ရက်နေ့တွင် စတင်ပြုလုပ်ခြင်းဖြစ်ပြီး သျှမ်းပြည် အထူးဒေသ (၄) မိုင်းလားမြို့၊ အရှေ့တိုင်း ဧည့်ရိပ်မွန် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

NSPNC နှင့် မြောက်ပိုင်းညီနောင် သုံးဖွဲ့၏ တွေ့ဆုံမှုတွင် မတရား အသင်းမှ ပယ်ဖျက်ရေး အပါအဝင် ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေး ကိစ္စများကိုလည်း ဆွေးနွေး ဖြစ်ခဲ့ကြောင်း စစ်ကောင်စီ၏ သတင်း စာမျက်နှာ ဖြစ်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တစ်ဆင့် ထုတ်ပြန်ထားသည်။

ယင်း တွေ့ဆုံမှုကို ဇွန်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ပြုလုပ်မည်ဟု လျာထားသော်လည်း ယနေ့ ဇွန်လ (၂) ရက်နေ့ သောကြာတွင် ပြီးဆုံးနိုင်သည့် အကြောင်း ရက္ခိုင့်တပ်တော် AA ပြောခွင့်ရက ဗွီအိုအေ သတင်းဌာနကို ပြောဆိုထားသည်။

ထို့အပြင် ယခု တွေ့ဆုံ ဆွေးနွေးမှုမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကိစ္စအတွက် စစ်ကောင်စီ နှင့် ယုံကြည်မှု တည် ဆောက်ရေး အချိန်ယူရန် လိုအပ်နေကြောင်းကို “ကျနော်တို့ ကြားထဲမှာ ဆက်ပြီးတော့မှ အများကြီး ယုံကြည်မှု တည်ဆောက်ရေး ကိစ္စတွေနဲ့ ပတ်သက်ရင်လည်း ဒါ အများကြီး ရှေ့ဆက် ပြီးတော့မှ ဆွေးနွေးရမယ့် အနေအထားတွေ ရှိပါတယ်” ဟု ဗွီအိုအေ သတင်းဌာနကို ပြောဆိုထားသည်။

တွေ့ဆုံပွဲကို NSPNC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ညှိနှိုင်းရေးကော်မတီ ဒု – အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ကော်မတီ အဖွဲ့ဝင် ဒု – ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒု – တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ နှင့် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/ MNDAA) ၊ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် ရက္ခိုင့် အမျိုးသားအဖွဲ့ချုပ် (ULA/AA) တို့မှ ကိုယ် စားလှယ် များ တက်ရောက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန်လ ၁ ရက် တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေး စနစ် ခိုင်မာစေရေးကိစ္စ၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်တွဲ ပူးပေါင်း အကောင်အထည် ဖော်နိုင်ရေးကိစ္စရေးများ အပါအဝင် ဆွေးနွေး ခဲ့သည်။

ထိုတွေ့ဆုံမှုသည် တရုတ်ပြည် ၊ ယူနန်ပြည်နယ်၏ နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင်၏ ကြားဝင် ပေးမှုကြောင့် ညီနောင် သုံးဖော် တပ်ဖွဲ့ နှင့် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံး ညီညွှတ်ရေး နှင့် ဆွေးနွေးမှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) တို့ ပထမဆုံး အကြိမ် တွေ့ဆုံရခြင်း ဖြစ်သည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...