နမ့်ခမ်းဒေသခံလေးဦး ကိုးကန့်ထိန်းချုပ်နယ်မြေ လောက်ကိုင်မှာ ပျောက်ဆုံး

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်မှ ဒေသခံ ၄ ဦးသည် သျှမ်းပြည် အထူးဒေသ (၁) ကိုးကန့် ထိန်းချုပ်နယ်မြေ အတွင်း၌ ပျောက်ဆုံးသွားကြောင်း စုံစမ်းသိရသည်။

လောက်ကိုင်မှာ ပျောက်ဆုံးနေသူ ၄ဦးပုံ

ပြီးခဲ့သည့် မေလ ၂၀ ရက်မှ စတင်ကာ နမ့်ခမ်းမြို့နယ် နောင်ခန်ရွာနေသည့် အမျိုးသား (၃) ဦး နှင့် အမျိုးသမီး (၁) ဦး တို့သည် သံတိုသံစများ ဝယ်ရန်ဟုဆိုကာ ကိုးကန့်ထိန်းချုပ်နယ်မြေ ဖြစ်သည့် လောက်ကိုင် ဘက်ထွက်သွားရာမှ ယနေ့အချိန်ထိ ပျောက်ဆုံးနေကြောင်း နီးစပ်သူ အမျိုးသမီး တစ်ဦးကို သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က အဲ့ဘက်ကို သံတိုသံစဝယ်ဖို့ မကြာခဏသွားလေ့ရှိပါတယ်။ မေလ ၂၀ ရက်မှာ နောက်ဆုံး အဆက် အသွယ်ရပြီး ပျောက်ဆုံးသွားတယ်။ ဒီနေ့အချိန်ထိ အဆက်အသွယ်မရသေးဘူး။ သူတို့ဆီမှာ တစ်ယောက်ကို ပိုက်ဆံ သိန်း ၂၀ ကျော်ကျော်လောက်တော့ ပါသွားတယ်၊ ပြီးတော့ ကားနှစ်စီးပေါ့” ဟု ပျောက်ဆုံးသူ နီးစပ်သူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်း

အဆိုပါ ပျောက်ဆုံးသူတို့သည် နောင်ခန်ကျေးရွာနေ စိုင်းသန်းကျော် နှင့် ဇနီး နန်ခမ်းလင်း၊ စိုင်းသန်းထွန်း နှင့် စိုင်းလဝန်းတို့ ဖြစ်ကြပြီး အဆက်အသွယ်မရ ပျော်ကဆုံးသည်မှာ ၁၀ ရက်ကျော် ရက် ၂၀ နီးပါး ရှိလာကြောင်း သိရသည်။

၎င်းတို့ ပျောက်ဆုံးမှု နှင့် ပတ်သက်ပြီး နီးစပ်သူများက ၎င်းတို့ သွားသည့် လမ်းကြောင်း တစ်လျောက် လိုက်ကြည့်ရာ ကုန်းကြမ်းခရိုင် လုံခန်ကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်၌ နောက်ဆုံးစာရင်း ပေးထားခြင်း တွေ့ရကြောင်းလည်း နီးစပ်သူ အမျိုးသားက ပြောသည်။

“ကျနော်တို့က သူတို့သွားတဲ့ လမ်းကြောင်း အလိုက် လိုက်ပြီး စုံစမ်းကြည့်တာ၊ လုံခန်ရွာမှာ ရှိတဲ့ စစ်ဆေးရေးဂိတ်မှာ ပေးထားတဲ့ စာရင်းက နောက်ဆုံးပဲ၊ အဲ့ရွာအလွန် ပေါင်(ဝ်)ပေါင်(ဝ်) ရွာဘက်ထိ ကျနော်တို့ ဆက်လိုက်ပေမဲ့ သတင်းက မရတော့ဘူး၊ အဲ့ဘက်ကျတော့ တရုတ်အများစုနေတဲ့ ရွာဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။

၎င်းတို့ လေးဦး ပျောက်ဆုံးသွားသည့် နေရာသည် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ ဖြစ်ပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းလည်း အမြဲမရသည့် နေရာဖြစ်သည့်အတွက် ပိုပြီး စိုးရိမ်နေရကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ပျောက်ဆုံးသူများ၏ မိသားစုဝင်များက ၎င်းတို့၏ လုံခြုံရေး အတွက် စိုးရိမ်ပူပန်လျက်ရှိပြီး လက်နက်ကိုင် တပ်ဖွဲ့တစ်ခုခု ဖမ်းဆီးထားပါက အကြောင်းကြားပေးရန် တောင်းဆိုလိုကြောင်းလည်း တောင်းဆိုထားကြသည်။

ပျောက်ဆုံးသူများကို တွေ့ရှိပါက ဖုန်းနံပါတ် ၀၉ ၈၈၁ ၄၇၆ ၂၂၆ ဖုန်းနံပါတ်သို့ ဆက်သွယ် အကြောင်းပေးစေလိုကြောင်းလည်း မိသားစုဝင်များက တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...