ဆီဆိုင်မြို့နယ် စစ်ရှောင်ကလေး များလာသည့်အတွက် စာသင်ဆောင် မလုံလောက်

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ကယန်းလေးရွာရှိ မူလတန်းကျောင်းတွင် စစ်ရှောင် ကလေးများလာသည့်အတွက် စာသင်ကျောင်းဆောင် မလုံလောက်မှု ဖြစ်နေကြောင်း စုံစမ်းသိရသည်။

စစ်ရှောင်ကလေးများ

အဆိုပါ ကယန်းလေးရွာရှိ အစိုးရ မူလတန်းကျောင်းတွင် ကျောင်းခန်း (၅) ခန်း သာရှိပြီး လူဦးရေ ၁၇၀ ဝန်းကျင်သာဆံ့သည်။

“ ရွာခံကော၊ စစ်ရှောင်ကော လူဦးရေများလာတာ။ ကျနော်တို့ စစ်ရှောင်ကလေးဆိုရင် ၁၀၀ တိတိရှိတယ်။ စစ်ရှောင်ကလေးကော၊ ဘေးရွာက ကလေးကော၊ ရွာခံက ကလေးကော အကုန်လုံး အယောက် (၂၅၀) လောက်ရှိတယ်။ ကျောင်းဆောင်က လူဦးရေ ၁၇၀ ဝန်းကျင်လောက်ပဲ ဆံ့တယ်။ အခုက ကျောင်းဆောင် မလုံလောက်ဘူး ဖြစ်နေတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မူလတန်းကျောင်း ကလေးငယ် ဦးရေများလာသည်နှင့်အမျှ ကျောင်းဆောင်မလုံလောက်မှု ဖြစ်သည့်အပြင် ဆရာ၊ ဆရာမ မလုံလောက်မှုနဲ့လည်း ကြုံတွေ့နေရကြောင်း သိရသည်။

စစ်ရှောင်ကလေးများ

ထို့အပြင် ကလေးငယ်များအတွက် အဆင်ပြေပြေ စာသင်ကြားနိုင်ရန်အတွက် ဆရာ၊ ဆရာမ အသစ်ကို ထပ်မံခန့်ထားရန် လိုအပ်နေပြီး၊ စစ်ဘေးရှောင်များအတွက် ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်လှစ်ပေးရန်အတွက်လည်း ငွေရေးကြေးရေး အကူညီ လိုအပ်နေကြောင်း အထက်ပါ ဒေသခံတစ်ဦးက ဆက်ပြောသည်။

“နဂိုက အစိုးရ ဆရာမ နှစ်ယောက်ပဲရှိတာ။ အခုက ဆရာမ မလုံလောက်တာရယ်၊ ကျောင်းဆောင် မလုံလောက်တာရယ်ကြောင့် ကလေးတွေက စာသင်ဖို့ အဆင်မပြေတော့ဘူး။ ဖြစ်နိုင်ရင်တော့ စစ်ရှောင်ကလေးတွေ အတွက် သပ်သပ် ကိုယ်ထူကိုယ်ထ ကျောင်းလေး ဆောက်ပေးနိုင်ရင် ကောင်းမယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာရသူ ဦးရေ စုစုပေါင်း (၈) ထောင်လေးရာကျော် ရှိနေပြီး လက်ရှိ စစ်ရှောင်များသည် စားနပ်ရိက္ခာ စတင်ပြတ်လပ်မှု နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေသည့် လူဦးရေ ၂.၁ သန်းအတွက် နှစ်ကုန်အထိ အမေရိကန် ဒေါ်လာသန်း ၆၀ လှူရန် WFP ကမေတ္တာရပ်ခံထားသည်။

အဆိုပါ ရန်ပုံငွေများ မရရှိပါက WFP ၏ အစီအစဉ်များသည် ယခုနှစ် သြဂုတ်လတွင် ရပ်တန့်ရမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...