စစ်ကောင်စီ
လဲချားမြို့နယ်အတွင်း နွား ၂ ကောင် မြေမြှုပ်မိုင်းနင်းမိ
SHAN -
သျှမ်းပြည် လဲချားမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် နွား ၂ ကောင် မြေမြှုပ်မိုင်းနင်းမိကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် သြဂုတ် (၂၁) ရက်နေ့က လဲချားမြို့နယ် ဝမ်ပန်းကျေးရွာအုပ်စု ဝမ်ပန်းရွာမှာ နွားပေါက်စ ၂ ကောင် မြေမြှုပ်မိုင်းနင်းမိပြီး...
ဟိုပုံးမြို့နယ်အတွင်း PNO စစ်သားက နေ့စဥ်နီးပါး ရွာသားတွေကို ဝင်ဖမ်းနေ
သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ပူးပေါင်းလုပ်ဆောင်နေကြသည့် ပအိုဝ်းအမျိုးသား တပ်မတော် (PNO/PNA) က နေ့စဥ်နီးပါး ရွာသားများကို ဝင်ဖမ်းနေကြောင်း စုံစမ်းသိရသည်။ . ဟိုပုံးမြို့နယ် နမ့်ပါချီးကျေးရွာအုပ်စု၊ မောက်မွန်အုပ်စု နှင့် နောင်ဒေးအုပ်စုတို့မှ ဒေသခံများကို မူးယစ်ဆေးဝါး အကြောင်းပြကာ နေ့စဥ်နီးပါးဝင်ရောက် ဖမ်းဆီးနေကြောင်း...
ပင်းတယ အမျိုးသမီးတစ်ဦး ဓားပြတိုက် မုဒိမ်းပြုခံရပြီး ၊ ကျူးလွန်သူ ထွက်ပြေးနေ
သျှမ်းပြည် တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်မှ အမျိုးသမီးတဦး ဓားပြတိုက်ခံရသည့်အပြင် မုဒိမ်းပါ ပြုကျင်ခံရပြီး၊ ကျူးလွန်သည့် အမျိုးသား ထွက်ပြေးလွတ်မြောက်နေကြောင်း စုံစမ်းသိရသည်။ . ဖြစ်စဥ်မှာ ပြီးခဲ့သည့် သြဂုတ်လ ၃ ရက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် ပင်းတယမြို့နယ် ကျုံးရွာအုပ်စုတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် ရွာပြင်ဘက် ကျွဲသွားကျောင်းကာ...
နမ့်ခမ်းမြို့နယ် မီးလောင်မှု အိမ်ရှင်အမျိုးသား တစ်ဦး မီးထဲပါသွား
သျှမ်းပြည် နမ့်ခမ်းမြို့နယ် ကောင်းနောင်မိုရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အိမ်ရှင် အမျိုးသား တစ်ဦးက မီးထဲပါသွားကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ သြဂုတ်လ ၂၂ ရက် ည ၁၁ နာရီခွဲ ဝန်းကျင်တွင် နမ့်ခမ်းမြို့နယ်၊ ကောင်းနောင်မိုရပ်ကွက်ရှိ ပရိဘောဂ လုပ်ရောင်းသည့် နှစ်ထပ်ပျဥ်ထောင်အိမ် တစ်လုံး၌ မီးလောင်မှု...
အိမ်အိုဟောင်းကို လွမ်းသူ
“ရွှေလရယ်သာ .. လာချင်ပါရဲ့ လေး..၊ ရွှေလမှာ ကြယ်တွေဝိုင်းလို့.. မောင်ကြံတိုင်း မယ် မပါ ဝေးတဲ့ဖူးစာ..” ဆိုတဲ့ အင်းလေးတိုက်တေး သီချင်းကို မယုတစ်ယောက် ညည်းနေပြီး လွမ်းသလိုလိုနဲ့ ငေးငေးငိုင်ငိုင် ထိုင်နေပါတယ်။ . မြန်မာနိုင်ငံရဲ့ အထင်ကရ ဖြစ်တဲ့ အင်းလေးကန် (အင်းလေးဒေသ) မှာ နေထိုင်ကြပြီးတော့...
ရက်ပေါင်း ၂၀ ကျော် စစ်ကောင်စီ ပိတ်ထားသည့် မိုင်းနောင် – လဲချား ကားလမ်းပိုင်း ယနေ့ ထိ မဖွင့်သေး
သျှမ်းပြည် လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီ ပိတ်ထားသည့် မိုင်းနောင် - လဲချားကို ဆက်သွယ်ထားသည့် လမ်းပိုင်းသည် ယနေ့အထိ မဖွင့်နိုင်သေးကြောင်း ဒေသခံများထံမှ သတင်းသိရသည်။ . စစ်ကောင်စီ လက်အောက်ခံ မိုင်းနောင် အခြေစိုက် စကခ ၂ မှ ပိတ်ထားသည့် မိုင်းနောင် - လဲချားလမ်း ယနေ့...
ဖွေးထိုင်း (Pheu Thai) ပါတီ ဆေထာ ထဝီးဆင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာ
SHAN -
ဖွေးထိုင်း (Pheu Thai) ပါတီ မှ ဆေထာ ထဝီးဆင် သည် ထိုင်းနိုင်ငံ (၃၀) ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ကြောင်း သတင်းရရှိသည်။ . ယနေ့ (သြဂုတ် ၂၂) ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ အထက်လွှတ်တော်သို့ ဝန်ကြီးချုပ် ရွေးချယ်ရာမှာ သတ်မှတ်ထားသည့် မဲအရေတွက်သည် (၃၇၄)...
ကျိုင်းတုံမြို့ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ကြီး တာဝန်ရပ်ဆိုင်းရန် မိဘများ တောင်းဆို
သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ် အမှတ် (၆) အခြေခံ ပညာမူလတန်းကျောင်းမှ ကလေးငယ်ကို ရိုက်နှက်သည့် ကျောင်းအုပ်ဆရာမကြီးကို တာဝန်မှ ရပ်ဆိုင်းရန် ကလေး၏ မိဘများက တောင်းဆိုနေကြောင်း သိရသည်။ . ဖြစ်စဥ်မှာ ပြီးခဲ့သည့် သြဂုတ်လ (၁၈) ရက်တွင် ကျောင်းသား /သူများ လက်သည်း ညှပ်/မညှပ်ကို...
ပြည်တော်ပြန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ရှင် ရှင်နဝပ် ထောင်ဒဏ် (၈) နှစ်ချမှတ်ခံရ
SHAN -
ပြည်ပြေး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ရှင် ရှင်နဝပ်သည် ထိုင်းနိုင်ငံသို့ တရားဝင် ပြန်လည်ရောက်ရှိလာပြီး ထိုင်းနိုင်ငံ အထူးတရားရုံးမှ ထောင်ဒဏ် (၈) နှစ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ . ယနေ့ ( သြဂုတ် ၂၂) ရက် ဒေသစံတော်ချိန် မနက် (၉) နာရီကျော်က ကိုယ်ပိုင်ဂျက်လေယာဥ်ဖြင့်...
ဒီးမော့ဆိုမြို့နယ် စစ်ကောင်စီတပ်မှ လူနေအိမ်ကို မီးရှို့ဖျက်ဆီး
SHAN -
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ပြည်သူနေအိမ် တစ်လုံးကို ယနေ့ (သြဂုတ် ၂၂) ရက် နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရသည်။ . ဖြစ်စဥ်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် ပြည်သူပိုင်နေအိမ်တလုံးကို ယနေ့ (သြဂုတ် ၂၂) ရက်...





