သာသနာ့နယ်မြေ လွိုင်တေးမိန်းနေရာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်မှ သာသနာ့နယ်မြေဖြစ်သည့် လွိုင်တေးမိန်းတောင်ပေါ်သို့ စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးဖြင့် တစ်ဖက်သတ် ပစ်နေကြောင်း သတင်းသိရသည်။

.

ယနေ့ (သြဂုတ် ၂၈) ရက် နံနက်ပိုင်း ၁၁ နာရီဝန်းကျင်မှ စတင်ကာ ဆုတောင်းတောင်အရှေ့ဘက် စခန်းချ တပ်စွဲ ထားသည့် စစ်ကောင်စီတပ်သည် စယ်လန့်ကျေးရွာအုပ်စုရှိ လွိုင်တေးမိန်းတောင်ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွိုင်တေးမိန်းတောင်တက်လမ်း

“လွိုင်တေးမိန်းက သာသနာ့ နယ်မြေဖြစ်တယ်၊ ဘယ်သူတွေပဲ တိုက်ပွဲဖြစ်နေပါစေ ဒီလို သာသနာပိုင်နယ်မြေမှာ ဖြစ်တာမျိုးတော့ မလုပ်သင့်ဘူး မြင်မိတာပဲ၊ ဆုတောင်းတောင်ကနေ လွိုင်တေးမိန်းဘက်ကို လက်နက်ကြီးတွေ ပစ်နေတာ ၁၀ ချက်ထက် မနည်းတော့ဘူး။ တောင်ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းဆောင်လည်း ထိတာထင်တယ်။ မီးခိုးတွေ လှမ်းမြင်နေရတယ်” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လက်နက်ကြီးသံများ ဆက်လက် ကြားနေရသေးသည့်အပြင် အဆိုပါ လွိုင်တေးမိန်းတောင်တက် လှမ်းတစ်လျှောက်ကိုလည်း TNLA တပ်ဖွဲ့က မိုင်းထောင်ထားသည့်အတွက် တောင်ပေါ် ထိခိုက်ပျက်စီးမှု များကို အတည်မပြုနိုင်သေးကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်း စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ မြို့မ ပြည်သူ့စစ်တပ်ဖွဲ့ နှင့် စယ်လန့်ကျေးရွာအတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့အပြီး တအာင်း (ပလောင်) အမျိုးသား တပ်မတော် (TNLA) က လွိုင်တေးမိန်း တောင်ခြေ နှင့် တောင်ပေါ်နေရာသို့ တပ်စွဲနေရာယူထားကြောင်းလည်း မူဆယ်မြို့ ဒေသခံ လူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“TNLA တပ်သားတွေက ကျောက်ခဲတွေကို ကျောက်သယ်ကားအပြာနဲ့ လွိုင်တေးမိန်းတောင်ပေါ် သယ်သွားတာ မြင်ရတယ်။ သူတို့က တောင်ပေါ်မှာ တပ်စခန်း တည်ဆောက်နေတာလို့လည်း သတင်းကြားမိတယ်။ အခုလည်း သူတို့တောင်ပေါ်မှာ ရှိလို့ စကစက ပစ်တာ။ ဘာလို့ သာသနာ့နယ်မြေမှာ လာပစ်နေကြတာလဲ၊ လွိုင်တေးမိန်း တောင်ပေါ်မှာ TNLA ဘာလို့ လာနေနေတာလဲ နားမလည်ဘူး” ဟု ဒေသခံ လူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသာသနာ့နယ်မြေအတွင်း စစ်ရေး ပဋိပက္ခများ ရှိနေခြင်း နှင့် ပတ်သက်ပြီး မဖြစ်သင့်ကြောင်း နှင့် စစ်ရေး စစ်ရာဥပဒေများအရ ကျူးလွန်မှုဖြစ်နေကြောင်းလည်း ဒေသခံများက ပြောဆို သုံးသပ်နေကြသည်။

ထို့အပြင် ယမန်နေ့ သြဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်အချိန်တွင် မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လိုက်သည့်အတွက် အရပ်သားနေအိမ်တစ်လုံးကို လက်နက်ကြီး ထိမှန်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် TNLA တပ်တို့သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ယနေ့ အချိန်အထိ စစ်ရေးတင်းမာမှု ရှိနေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းကဲ့သို့ နှစ်ဖက် တပ်ဖွဲ့ စစ်ရေးတင်းမာမှုများ ရှိနေသော်လည်း TNLA တပ်ဖွဲ့သည် မူဆယ်ခရိုင်အတွင်း အခွန်ကောက် ပိုက်ဆံ တောင်းယူသည့် လှုပ်ရှားမှုများ အဆက်မပြတ် ရှိနေသည့်အတွက် လမ်းသွားလမ်းလာ နှင့် ဒေသခံများအတွက် စီးပွားရေး၊ ကုန်သွယ်ရေးများ ထိခိုက်လာကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...