Friday, May 17, 2024

ဖယ်ခုံမြို့နယ်တွင်း တောင်ယာသွားသည့် လင်မယား ၂ ဦး ပစ်သတ်ခံရ

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာ ဒေသခံ လင်မယား ၂ ဦး သည် တောင်ယာ လုပ်ကိုင်ရာမှ စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

.

ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်တွင် ဖယ်ခုံမြို့နယ် ခေါင်းအိ နှင့် စက်တော်ရာ ကျေးရွာအနီး တောင်ယာသွားလုပ်နေစဉ် စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် အမျိုးသားဖြစ်သူက သေဆုံးသွားပြီး အမျိုးသမီးက ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

“အသေးစိတ်တော့ ကျနော်တို့လည်း မသိဘူး။ ပစ်သတ်ခံရတာတော့ ဟုတ်တယ်။ သူတို့ တောင်ယာသွားပြီး မြေဩဇာသွားထည့်တာတဲ့။ စစ်ကောင်စီက တွေ့လို့ဆိုပြီး သေနတ်နဲ့ ပစ်သတ်လိုက်တာ။ သူ့ အမျိုးသားတော့ သေသွားတယ်။ အမျိုးသမီးတော့ ဘာမှမဖြစ်ဘူး ပြောတယ်” ဟု ဖယ်ခုံမြို့ PDF တပ်ရင်း ၂ က တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ ရုပ်အလောင်း နှင့် အမျိုးသမီးကိုလည်း စစ်ကောင်စီက ဖမ်းဆီး ၊ ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုအပြင် လက်ရှိ ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်နေပြီး ဖမ်းဆီးမှုများလည်း ရှိနေကြောင်း သိရသည်။

“ တိုက်ပွဲတော့ မဖြစ်ဘူး။ ငြိမ်နေတယ်။ တစ်ခြားဘက်တွေမှာတော့ တိုက်ပွဲဖြစ်တာတော့ ရှိတယ်။ စစ်တပ်ကတော့ သူတို့ စစ်ဆေးတာတွေတော့ ရှိတယ်။ သူတို့က မထင်ရင် မထင်သလို စစ်ပြီးတော့ ဖမ်းတာတွေလည်း ရှိပါတယ်” ဟု အထက်ပါ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိ ကရင်နီပြည်အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲပြင်းထန် နေလျက်ရှိပြီး စစ်ကောင်စီက လေယာဉ် နှင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက် နေလျက်ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article