သြဂုတ်လအတွင်း သျှမ်းပြည် ဆန် နဲ့ ကုန်စည်ဈေးနှုန်း အဆမတန် မြင့်တက်

ယခုနှစ် သြဂုတ်လအတွင်း သျှမ်းပြည် တဝှမ်းလုံးတွင် အခြေခံ စားသောက်ကုန်စည်ဈေးနှုန်းများ အပါအဝင် ဆန်၊ ဆီဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာသည့်အတွက်ကြောင့် ပြည်သူများက စားဝတ် နေရေးခက်ခဲကျပ်တည်းနေရကြောင်း စုံစမ်း သိရသည်။

.

သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ယနေ့အချိန်အထိ သျှမ်းပြည်မှ အခြေခံ စားသောက်ကုန်များ ဖြစ်ကြသည့် ၂ လီတာ ဆီ တစ်ဗူးကို ယခင်အချိန် ၁၀,၅၀၀ ကျပ်မှ ၊ ယခုတွင် ၁၄,၀၀၀ ထိ ရှိလာကြောင်း ပင်လုံမြို့ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စပါးခင်း

“အရမ်းကို ခက်ခဲလာပါတယ်။ အရင် ၁၀,၅၀၀ ကျပ် ဆီတစ်ဗူးက အခု ၁၄,၀၀၀ ထိရှိလာပြီ။ ပြီးတော့ ဆန်တအိတ်ဆိုရင် အရင်က ၈၀,၀၀၀ ကျပ်ရှိခဲ့ပေမယ့် အခုက ၁ သိန်းရှိလာပြီ။ ဒါက စကစ ကနေ ကျပ် ၂၀,၀၀၀ တန် ထုတ်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာကတည်းက ကုန်စည်အားလုံးဈေးတက်တာ” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ယခင် စစ်အာဏာမသိမ်းခင် ကြက်ဥ ၁၀ လုံး ၁,၂၀၀ ကျပ် ရှိခဲ့ဖူးပေမယ့် လက်ရှိ စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာလာသည့် အချိန်တွင် ကြက်ဥ ၁ လုံးကို ၁၇၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ပင်လုံဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် စစ်ကောင်စီမှ ၂၀,၀၀၀ ကျပ်တန် ထုတ်ဝေသည့် သတင်းနှင့် ဆက်စပ်နေပြီး ထိုင်းမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ အားလုံး ဈေးပုံမှန် မရှိကြောင်း လင်းခေးဒေသခံ ဆိုင်ရှင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြောင်းစိုက်ခင်း

“၂၀,၀၀၀ ကျပ်တန် ထုတ်မယ် ဆိုတဲ့ သတင်းထွက်ကတည်း ကုန်ဈေးနှုန်းတွေ မငြိမ်တော့ဘူး။ ထိုင်းက တင်သွင်းလာတဲ့ ပစ္စည်းတွေကို ဒီနေ့မှာ ဒီဈေးနဲ့ ရောင်းခဲ့ပေမဲ့ မနက်ဖြန်မှာ ဒီဈေးနဲ့ ပြန်ဝယ်နိုင်မလား ဆိုတာ မသေချာဘူး။ အရင်းပြုတ်နိုင်တဲ့ အခြေအနေတွေပဲ ကြုံနေရတယ်။ ဝယ်ယူရတဲ့ ကုန်ဈေးနှုန်း သာတက် နေပြီး၊ ဒီဒေသထွက်ကုန်ပစ္စည်းဈေးတွေကတော့ ဘာမှ မတက်ဘူး” ဟု လင်းခေး ဒေသခံ ဆိုင်ရှင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်သည် စက်သုံးဆီ ပျှမ်းမျှဈေးနှုန်း ၂,၇၀၀ ကျပ်မှ ၃,၁၀၀ ကျပ်၊ ဆန်တစ်ပိုင်း ယခင်ဈေးနှုန်း ၃၀,၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ၇၀,၀၀၀ ကျပ်အထိ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ထို ကုန်စည်ဈေးနှုန်းများမြင့်တက်၊ ဝမ်းရေးအတွက် ခက်ခဲကျပ်တည်းရသည့် အချိန်၌ ဒေသအတွင်း ခိုးဆိုးလုယက်မှုများလည်း ပေါများလာကြောင်း အထက်ပါ မိုင်းပန်မြို့ ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုချိန်မှာ အားလုံးက ခက်ခဲနေတယ် ဆိုပေမဲ့ အချောင်လိုချင်တဲ့ မသမာသူတွေကတော့ ခိုးကြ နှိုက်ကြတာပေါ့၊ အပြင်သွားရင် ပိုက်ဆံ အများကြီး မယူရဲဘူး။ ရွှေထည်ဆိုလည်း မဝတ်ရဲတော့ဘူး၊ မတော်တဆ လုယက်ခံရရင် အသက်ပါ ပါသွားနိုင်တယ်၊ အရာရာကို စိုးရိမ်ပူပန်နေရတယ်။” ဟုမိုင်းပန် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် စီးပွားရေး လုပ်ငန်းများ ကျဆင်းလာရသည့် အပြင် ပြည်သူလူထု ခက်ခဲကျပ်တည်းစေသည့် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ခြင်း၊ ငွေကြေးလဲလှယ်မှုနှုန်း ကန့်သတ်ခြင်း တို့ကြောင့် ပြည်သူများ၏ စားဝတ်နေရေးလည်း တစ်နေ့ထက် တစ်နေ့ ကျပ်တည်းလာကြောင်း သိရသည်။

ထို့အပြင် အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ပြည်ပထွက်ပြေးရသည့် ဒေသခံများပြားသလို လောင်းကစားဝိုင်းများ၊ တရားမဝင် လုပ်ငန်းများလည်း ဒေသအတွင်း များပြားလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...