Wednesday, January 28, 2026

သြဂုတ်လအတွင်း သျှမ်းပြည် ဆန် နဲ့ ကုန်စည်ဈေးနှုန်း အဆမတန် မြင့်တက်

ယခုနှစ် သြဂုတ်လအတွင်း သျှမ်းပြည် တဝှမ်းလုံးတွင် အခြေခံ စားသောက်ကုန်စည်ဈေးနှုန်းများ အပါအဝင် ဆန်၊ ဆီဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာသည့်အတွက်ကြောင့် ပြည်သူများက စားဝတ် နေရေးခက်ခဲကျပ်တည်းနေရကြောင်း စုံစမ်း သိရသည်။

.

သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ယနေ့အချိန်အထိ သျှမ်းပြည်မှ အခြေခံ စားသောက်ကုန်များ ဖြစ်ကြသည့် ၂ လီတာ ဆီ တစ်ဗူးကို ယခင်အချိန် ၁၀,၅၀၀ ကျပ်မှ ၊ ယခုတွင် ၁၄,၀၀၀ ထိ ရှိလာကြောင်း ပင်လုံမြို့ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စပါးခင်း

“အရမ်းကို ခက်ခဲလာပါတယ်။ အရင် ၁၀,၅၀၀ ကျပ် ဆီတစ်ဗူးက အခု ၁၄,၀၀၀ ထိရှိလာပြီ။ ပြီးတော့ ဆန်တအိတ်ဆိုရင် အရင်က ၈၀,၀၀၀ ကျပ်ရှိခဲ့ပေမယ့် အခုက ၁ သိန်းရှိလာပြီ။ ဒါက စကစ ကနေ ကျပ် ၂၀,၀၀၀ တန် ထုတ်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာကတည်းက ကုန်စည်အားလုံးဈေးတက်တာ” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ယခင် စစ်အာဏာမသိမ်းခင် ကြက်ဥ ၁၀ လုံး ၁,၂၀၀ ကျပ် ရှိခဲ့ဖူးပေမယ့် လက်ရှိ စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကြာလာသည့် အချိန်တွင် ကြက်ဥ ၁ လုံးကို ၁၇၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ပင်လုံဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် စစ်ကောင်စီမှ ၂၀,၀၀၀ ကျပ်တန် ထုတ်ဝေသည့် သတင်းနှင့် ဆက်စပ်နေပြီး ထိုင်းမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ အားလုံး ဈေးပုံမှန် မရှိကြောင်း လင်းခေးဒေသခံ ဆိုင်ရှင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြောင်းစိုက်ခင်း

“၂၀,၀၀၀ ကျပ်တန် ထုတ်မယ် ဆိုတဲ့ သတင်းထွက်ကတည်း ကုန်ဈေးနှုန်းတွေ မငြိမ်တော့ဘူး။ ထိုင်းက တင်သွင်းလာတဲ့ ပစ္စည်းတွေကို ဒီနေ့မှာ ဒီဈေးနဲ့ ရောင်းခဲ့ပေမဲ့ မနက်ဖြန်မှာ ဒီဈေးနဲ့ ပြန်ဝယ်နိုင်မလား ဆိုတာ မသေချာဘူး။ အရင်းပြုတ်နိုင်တဲ့ အခြေအနေတွေပဲ ကြုံနေရတယ်။ ဝယ်ယူရတဲ့ ကုန်ဈေးနှုန်း သာတက် နေပြီး၊ ဒီဒေသထွက်ကုန်ပစ္စည်းဈေးတွေကတော့ ဘာမှ မတက်ဘူး” ဟု လင်းခေး ဒေသခံ ဆိုင်ရှင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်သည် စက်သုံးဆီ ပျှမ်းမျှဈေးနှုန်း ၂,၇၀၀ ကျပ်မှ ၃,၁၀၀ ကျပ်၊ ဆန်တစ်ပိုင်း ယခင်ဈေးနှုန်း ၃၀,၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း လက်ရှိတွင် ၇၀,၀၀၀ ကျပ်အထိ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ထို ကုန်စည်ဈေးနှုန်းများမြင့်တက်၊ ဝမ်းရေးအတွက် ခက်ခဲကျပ်တည်းရသည့် အချိန်၌ ဒေသအတွင်း ခိုးဆိုးလုယက်မှုများလည်း ပေါများလာကြောင်း အထက်ပါ မိုင်းပန်မြို့ ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုချိန်မှာ အားလုံးက ခက်ခဲနေတယ် ဆိုပေမဲ့ အချောင်လိုချင်တဲ့ မသမာသူတွေကတော့ ခိုးကြ နှိုက်ကြတာပေါ့၊ အပြင်သွားရင် ပိုက်ဆံ အများကြီး မယူရဲဘူး။ ရွှေထည်ဆိုလည်း မဝတ်ရဲတော့ဘူး၊ မတော်တဆ လုယက်ခံရရင် အသက်ပါ ပါသွားနိုင်တယ်၊ အရာရာကို စိုးရိမ်ပူပန်နေရတယ်။” ဟုမိုင်းပန် ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် စီးပွားရေး လုပ်ငန်းများ ကျဆင်းလာရသည့် အပြင် ပြည်သူလူထု ခက်ခဲကျပ်တည်းစေသည့် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ခြင်း၊ ငွေကြေးလဲလှယ်မှုနှုန်း ကန့်သတ်ခြင်း တို့ကြောင့် ပြည်သူများ၏ စားဝတ်နေရေးလည်း တစ်နေ့ထက် တစ်နေ့ ကျပ်တည်းလာကြောင်း သိရသည်။

ထို့အပြင် အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ပြည်ပထွက်ပြေးရသည့် ဒေသခံများပြားသလို လောင်းကစားဝိုင်းများ၊ တရားမဝင် လုပ်ငန်းများလည်း ဒေသအတွင်း များပြားလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...